Monday 18 May 2020

သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၄၁
_______________________

ညက ကျွန်တော် အိမ်မက် မက်တယ် ။

အိမ်မက်ထဲမှာ ရှင်နွေက ကျွန်တော်ကို ပြုံးပြနေခဲ့တယ် ။
ရှင်နွေအပြုံးတွေ ကျွန်တော်အတွက် မဟုတ်ခဲ့တာ ကြာခဲ့ပါပြီ ။

ရှင်နွေအပြုံးတွေက အိမ်မက်ထဲမှာတောင် ကျွန်တော်ကို လန်းဆန်းစေခဲ့တယ် ။ သူ့မရဲ့ တစ်ဖက်သားကို ကြည်လင်အေးမြစေသည့် အပြုံးကလေးကို ကျွန်တော်ဖက်တွယ်မိခဲ့တာ နှစ်ကာလ ရှည်ကြာခဲ့ပြီလေ ။ 

ထိုအပြုံးမျက်နှာလေးကို တမေ့တမော ငေးကြည့်နေခဲ့ပေမယ့် ။
ရှု့လို့မဝခင် ကြည့်လို့ မဝခင်မှာပဲ အိပ်ယာမှ နိူးကာ ရင်ထဲမှာဟာကျန်ခဲ့ရသည် ။ အဲ့ဒီနောက် ဆက်အိပ်လို့မရတော့တာနဲ့ ရောင်နီပျို့လာသည်ကို ကျွန်တော် ပြတင်းတခါးကနေ ငေးမောကြည့်နေမိတယ် ။
အတွေးလေးတစ်ခုဝင်လာတာက ရှင်နွေက နံက်ခင်းလေးတွေမှာ စောစောအိပ်ယာထတတ်သူ တစ်ယောက် မဟုတ်လို့ ဒီအချိန် ဘယ်သူကများ ဖုန်းဆက်ပြီး သူရဲ့ နံက်ခင်းတွေမှာ အမိန့်လေသံလေးတွေနဲ့ အိပ်ယာနိူးနေမလဲလို့ ကျွန်တော် တွေးကြည့်မိလိုက်သေးသည် ။

ရှင်နွေ ပျော်နေမှာပါ ကျွန်တော်နဲ့ ပတ်သတ်မှု မရှိသောကြောင့် ရှင်နွေ ရဲ့နံက်ခင်းမိုးသောက်ချိန်တွေမှာ အရင်လို စိတ်အနှောက်အယှက်ပေးတတ်တဲ့ ကျွန်တော်နဲ့ ကင်းဝေးသွားခဲ့လို့ ရှင်နွေ အရမ်းပျော်နေမှာပါ ။
ပျော်နေမှာပဲလို့ ကျွန်တော် သိနေပါတယ် ။ နင်ချစ်တဲ့သူနဲ့ တစ်ရင်းတစ်နီး နေနေရလို့ နင်သိမ့်ပျော်နေမှာပါ ။ နင်ပျော်နေဖို့ပဲ လိုတာပါ ။
ငါ ရဲ့အချစ်တွေ နင့်အတွက် ဘာခံစားမှုမှ မရှိတဲ့ အတွေ့အကြုံ အထိအတွေ့တစ်ခုမျှသာ ဖြစ်နေခဲ့တယ်လေ ။
ဒါပေမယ့် ငါအတွက် အရမ်းကြီး ကြီးကျယ်ခမ်းနားခဲ့တယ် ။တကယ်ကို ခမ်းခမ်းနားနားလည်း ချစ်ခဲ့တာပါ ရှင်နွေ ။

အဲ့လိုအချစ်တွေနဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အထက်ကောင်းကင်ယံကြီးကို ငါတွေးရင်း ဆွေးရင်း ငေးမောနေမိတာပါ ။

ဒါဟာ ငါရဲ့ချစ်ခြင်းမေတ္တာတစ်ခုတည်း အတွက် ငါ့အတ္တကိုငါ ရှေ့တန်းတင်နေခြင်း သဘောသက်သက်ပါပဲ မိရှင်နွေ ။

အချစ်ရဲ့သဘောတရားကို ကျွန်တော် ကောင်းကောင်းကြီး သိနေပါပြီ ။
ဒီလိုပဲ မချစ်တာကိုလည်း ကျွန်တော် သိနေခဲ့တာ ကြာခဲ့ပြီပေါ့

ရှင်နွေက ကျွန်တော်ကို လုံးဝမချစ်ခဲ့ဘူး
နောက်လည်း ချစ်လာမှာ မဟုတ်ပါဘူး။
အခြားတစ်ယောက်ကို ပြောင်းလို့ ချစ်ကြည့်စေချင်တယ်တဲ့ သူငယ်ချင်းတွေက အကြံဥာဏ်ပေးကြပါတယ် ။

ဒီတော့ ကျွန်တော်ပြုံးပြံးလေးနဲ့ ဘာပြန်ပြောလိုက်တယ် ထင်လည်း   

ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ငါ ရှင်နွေ့ကို ချစ်တဲ့အချစ်နဲ့ ပတ်သတ်နေတဲ့အတွက် ဘယ်သောအခါမှာ သစ္စာမဖောက် သစ္စာ မပျက်နိူင်ဘူးလို့ ပြောနေခဲ့တာ နှစ်ကာလရှည်ကြာနေခဲ့ပြီ။

ကျွန်တော် ရဲ့ ရူးသွပ်မှုထဲက တစ်စိတ်တစ်ဒေသပေါ့ မိရှင်နွေ.........

                  #အဓိပတိကမ္မ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...