Sunday 17 May 2020

သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၄၀

ငါမှာ အချစ်နေပြီပဲ။
ဘာလို့ ချစ်သူအသစ်ရှာရမှာလဲ ။

အချစ်တစ်ခုတည်းနဲ့တင် ငါ့ရဲ့ နှလုံးသားက 
ပြည့်စုံနေပါပြီ ရှင်နွေ.______

ငါ နှလုံးသား အတွက် နင်ပဲ လိုတယ် ရှင်နွေ အခြားဘာကိုမှ ငါမလိုလားဘူး ။

နင်ဟာ ငါ့ရဲ့ ကမ္ဘာငယ်လေးမှာ အခုချိန်ထိ 
အိမ်မက်ဆန်ဆန် ကျကျနန ရပ်တည်ဖြစ်ပေါ်နေပါသေးတယ် ။

ငါ နင့်ကို အရမ်းချစ်တယ် ရှင်နွေ ။

ဒီစကားကို ငါသေဆုံးသွားတဲ့ အထိ
ရေရွတ်နေမယ် ဆိုသော 
သစ္စာစကားမဟုတ်တဲ့ 
မေတ္တာတရားချစ်ခြင်းတွေနဲ့ တည်ရှိနေလိမ့်မယ် မိရှင်နွေ ။

တချို့သော ငရဲဆန်ခြင်းတွေက တစ်ခါတစ်လေမှာ 
တစ်ယောက်တစ်လေအတွက် နိဗ္ဗာန်ဆန်နေတတ်ပါတယ် ရှင်နွေ ။

ငရဲကို နိဗ္ဗာန်ထင်ခဲ့မိတဲ့ ငါ့ရဲ့ အမှားအတွက် 
အထီးကျန်ဆန်သော နေရာတစ်ခုမှာ လက်ရှိဖြစ်တည်ချက်အတွက် ငါနေသားကျနေပါပြီ ရှင်နွေ ။

ငါ့အတွက် နင်မပူပန်ပါနဲ့ နယုန်လမှာ ဖူးပွင့်တဲ့ စံပယ်ပန်းလေးတွေလိုပဲ အမြဲရိုးသားနေပါ ။
 နင်ဘေးက ဇွန်လ နှင်းဆီတွေ 
ကြားထဲမှာ လှလှပပ ဖူးပွင့်နိူင်အောင်ပဲ နင် ကြိုးစားပါ ။

ငါကတော့ လေပြေလေညှင်းလေးတွေ ရိုက်ခတ်ခံရတဲ့ အစိမ်းရောင်မြက်ခင်းလေးတွေကို အဖော်ပြုပြီး

အထီးကျန်ဆန်မှုလေးတွေနဲ့အတူ နင့်ကို ငါမျှော်လင့်နေပါသေးတယ် မိရှင်နွေ ။

မျှော်လင့်ချက်ဆိုတာ ငါ့ရဲ့ စွဲလမ်းတဲ့ စိတ်အတွက် အတ္တဆန်ဆန် ရူးသွပ်မှုထဲက အရေးပါအရာရောက်တဲ့

တစ်ယောက်သောသူ ရှင်နွေအတွက် နေရာ အလွတ်တစ်ခုပါ အခုချိန်ထိ လွတ်လွတ်လပ်လပ် ရှိနေပါသေးတယ် ။

ငါ့ နှလုံးသားရဲ့ လူမမြင်နိူင်သေးတဲ့ တစ်ဒေါင့်တစ်နေရာမှာပေါ့ ။

         #အဓိပတိကမ
photo by Amara Bo AmaraBo

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...