သစ္စာတရားကို အတူတည်ဆောက်ပြီး မေတ္တာတွေ ပျက်ခဲ့ကြတယ် ။
တစ်ယောက်တစ်ခွန်းနဲ့ စကားများလိုက်ကြတာ လုံးဝ စကားမပြောြဖစ်ေတာ့တဲ့ အထိပေါ့ ။
တစ်ယောက်အပြစ် တစ်ယောက်ဖို့လို့ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေကလည်း ပေါ့ဆခဲ့တယ် ။
အရူးဆန်စွာ အချစ်နဲ့ပတ်သတ်ပြီး ရူးသွပ်ခဲ့ဖူးတယ်၊ အခုလည်း လူသားမဆန်အောင် မူးခဲ့ရပြန်ပြီ ။
သူမက သီချင်းကြိုက်တယ် ပြောရင် ဂစ်တာကောက်ကိုင်ခဲ့တဲ့ကောင် ၊
သူမက ကဗျာကြိုက်တယ်ဆိုရင် ကာရန် စပ်ဆိုခဲ့တဲ့ကောင် ၊
သူမက ခရီးသွားချင်ရင် biker တစ်ယောက် ဖြစ်ချင်ခဲ့တဲ့အကောင် အခုတော့ အနာဂတ်မဲ့တဲ့ ပစ္စုပ္ပန်မှာ လမ်းပျောက်ခဲ့ပြီ ။
သူမ ရှိလောက်ပါတယ် ဆိုတဲ့အသိတစ်ခုနဲ့ ခရီးအခေါက်ပေါင်းများစွာ ထွက်ခဲ့တဲ့ ခရီးလမ်းဆိုတာ
သုခရှာဖွေမိတဲ့ငရဲလမ်း တွေပါပဲ ။
သာယာမှုမရှိ ကြင်နာမှုမရှိ စေတနာမရှိတဲ့ တစ်စိမ်းအရပ်ဒေသတွေက သူမရဲ့ရင်ခွင်လိုပဲ ခိုနားဖို့မကောင်းသလို နားခိုဖို့လည်း မသင့်ဘူး ။
အလွမ်းနဲ့ဖြတ်သန်းနေသော ခရီးလမ်းတွေမှာ ကမ္ဘာ့မြေရဲ့ သဘာဝအလှတရားတွေပါ ဆုံးရှုံးသွားခဲ့တယ် ။
အဓိပတိကမျမ


No comments:
Post a Comment