မီးမှန်မှန်ရအောင်လုပ်ရမယ် အန်တီစု
_______________________
အခုဆိုရင် ၂ နှစ်ကြာခဲ့ပါပြီ....လျှပ်စစ်မီးမရရှိသေးသော ကျေးရွာပေါင်း ၂သောင်းကျော် ရှိနေပါသေးသည်....
အရင်ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရလက်ထက်မှ. ကျေးရွာပေါင်း ၄သောင်းကျော်ကို လျှပ်စစ် မီးရရှိအောက် ဆောင်ရွက်ပေးခဲ့ပါတယ် ၊
လက်ရှိဒေါ်စုကြည် အစိုးရလက်ထက်မှာ ကျေးရွာပေါင်း ဘယ်နှစ်ရွာကို လျှပ်စစ် မီးရရှိအောင် ဆောင်ရွက်ပြီးပြီလည်း ကျွန်တော်မသိသေးပါဘူး....
ဒါပေမယ့် မြိုရော နယ်ပါမကျန် လျှပ်စစ် မီးပုံမှန်မရရှိသေးတာကိုတော့ ပြည်သူအားလုံး သိကြပြီးဖြစ်မှာပါ....
ヅ မီးမှန်မှန် ရအောင်လုပ်ရမယ်ヅ
_________________________
လို့အတိအလင်း ၂၀၁၂ခုနှစ် မေလ ၇ရက် ညနေပိုင်း မှာ ဒေါ်စုကိုယ်တိုင် ပရိသတ် များကို စာဖြစ်ရေးသားပြီး ပြခဲ့တာ လမ်းမတော်မြို့နယ် ပါတီ ရုံးချုပ်မှာ ဖြစ်ပါတယ် ၊၂၀၁၈ရောက်နေပါပြီ NLD အစိုးရ ဖြစ်နေပါပြီ။ ဒေါ်စု အစိုးရအဖွဲ့ကို ဦးဆောင်နေပါပြီ၊ လမ်းမတော်မြို့နယ် မှာ လျှပ်စစ် မီးပုံမှန်ရနေပြီလား ဆိုတာကို အဲဒီက မြို့ခံလူတွေသာ မေးကြည့်စေချင်ပါတယ်၊ ......
လျှပ်စစ် ပိုမိုရရှိရေးအတွက် သမ္မတကြီး ဦးထင်ကျော် မှ ဂျပန်နိူင်ငံမှ ထပ်မံဝယ်ယူရသေးသည် ဟူသော သတင်း ကိုလည်း ကြားမိပါသေးသည်။
လျှပ်စစ် ဒုတိယဝန်ကြီးရဲ့ စကားတစ်ခါကြားဖူးပါသေးတယ် လျှပ်စစ် တစ်ယူနစ်ကို နိူင်ငံတော်မှ ၂၅ကျပ်အရှုံးပေါ်နေတယ်လို့လည်း ကြားမိပါသေးသည်။
အရင်အစိုးရ လက်ထက်တုန်းကတော့ ဓာတ်ကြိုး ပြတ်ကျပြီး ဓာတ်လိုက်သေဆုံး သူဦးရေ ၃ဦးအထိ ရှိခဲ့ပေမယ့် လက်ရှိအစိုးရလက်ထက်မှာ ဓာတ်ကြိုးပြတ်ကျ ဓာတ်တိုင်ပိပြီး သေဆုံးသူ မတွေ့ရှိသေးတာတစ်ခုကတော့ ကောင်းသော အချက်ပဲ ဖြစ်ပါတယ်။
ဘာရယ်မဟုတ်ပါဘူး ခေါင်းထဲပေါ်လာတာလေးတွေကို သိတဲ့လူတွေလည်း ထပ်သိတာပေါ့ မသိတဲ့လူတွေလည်း ဗဟုသုတ ရရှိစေတာပေါ့။
ဒါပေမယ့် ကျေးရွာပေါင်း ၂သောင်းကျော် လျှပ်စစ် မီးမရရှိသေးတာကို သတိမမေ့ကြပါနဲ့လို့ အစိုးရ လူကြီးမင်းတွေကို အသိပေးစေချင်တာကတော့ အဓိက ရည်ရွယ်ချက် ပဲ ဖြစ်ပါတယ်။
ဖယောင်းတိုင် မီးကိုသာ အားကိုးနေရရင်တော့
ပြည်သူအားလုံး ရဲ့တိုးတက်သင့်သလောက်
ပြည်သူ အကျိုးစီးပွားက တိုးတက်ဖြစ်ထွန်းဘာမယ်လို့ မထင်မိဘူးဗျာ....
ဒါနဲ့ စကားမစပ် အောက်ကကောက်မလေးပုံက အရမ်းချောတယ်နော်:-) :-) :-*
Please share now©®©®
အဓိပတိ ကမ္မ
16-1-2018,10.00pm


No comments:
Post a Comment