Thursday 16 January 2020

@မိမိနဲ့တန်သော အမှိုက်သိမ်း အလုပ်သာလုပ်ကိုင် မနေပါနဲ့ တော့
-------------------------

တစ်သက်လုံး မှတ်ထား အမှိုက်ပဲကောက်တတ်သော ၊ တံမြက်စည်းပဲလှဲည်းတတ်သော အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဖြစ်တဲ့ တိုင်းပြည်ကို လက်ညှိုး ထိုးပြပါဆိုရင် သင်ဘယ်နိူင်ငံကို လက်ညှိုး ထိုးပြမလည်း..... 👇👇👇ပထမအရင် အဖြေပေးပါ ။

  *******နိူင်ငံ

ကျွန်တော်ကတော့ မြန်မာနိူင်ကို ခင်များတို့
လက်ညှိုး ထိုးပြကြလိမ့်မယ် ထင်တာပဲ....
ကျွန်တော်လည်း မြန်မာနိူင်ငံကိုပဲ ဖြေမိမှာ အမှန်ပဲ...

ဘာကြောင့်လဲ ဆိုတော့ အမှိုက်ကောက်ပြသော အစိုးရ အမှိုက်သိမ်းပြသော ဝန်ကြီးချုပ်တွေ ကို မြန်မာပြည်မှာပဲ တွေ့ရတယ်ဗျ..။
အခြားသောနိူင်ငံတွေမှာ မကြားဖူးဘူး။

နိူင်ငံတော်၏ အတိုင်ပင်ခံ၊ ဝန်ကြီးတွေ
လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်းပြည်အရေးကိစ္စ အရေးကြီးလာပြီဆိုရင် ဘာမှ မလုပ်တတ် မကိုင်တတဲ့ လုိ့လားတော့ မသိဘူး ။
အမှိုက်တွေကိုပဲ ပြေးကောက်လိုက် တံမြက်စည်း ကိုပဲ ပြေးကိုင်လိုက်နဲ့....
အတော်လေး အလုပ်ဖြစ်ကြမယ်ထင်ပါတယ်....
ပြောချင်တာက
ဒီအမှိုက်ကောက်တဲ့ အလုပ်က ဝန်ကြီးချုပ်လုပ်ရမယ့် အလုပ်မဟုတ်ဘူး..
ဝန်ကြိ်းချုပ်တွေက တိုင်းရေးပြည်ရေး ကို မိမိတတ်စွမ်းနိူင်သလောက် လုပ်ဆောင်ကြရမှာလေ....
အခုဟာက ဘာမှဖြစ်မလာသေးဘူး အမှိုက်ကောက်မယ် ဆိုတာကြီးပဲ လုပ်နေကြတယ။်
အတော်လေးလည်း ရယ်ရပါတယ်ဗျာ...
စည်ပင်လူကြီးက အမှိုက်မကောက်ပဲနဲ့ တိုင်း/ပြည်နယ်ဝန်ကြ်ိးတွေက အမှိုက်ကောက်ပြနေကြတယ်....
အမှိုက်ကောက်တာ မကောင်းဘူးလား ဆိုတော့ ကောင်းသော အချက်တစ်ခုပါ ဒါပေမယ့် တိုင်းသူပြည်သားတွေရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့တော့ မလုပ်သင့် မလုပ်အပ်သော အလုပ်တစ်ခုလို့ ပြောချင်ပါတယ်...။
တိုင်းပြည်မှာ လိုအပ်နေတာ အမှိုက်ကောက်ခြင်းမဟုတ်ပါဘူး
ကုန်စျေးနှုန်း ကျဆင်းဖို့ ပါ
လခလစာ တိုးတက်လာမှု ပါ
လူနှေုအဆင့်အတန်း မြင့်မားလာမှု ပါ
စည်းကမ်း ပြည်ဝသော ဒီမိုကရေစီ နိူင်ငံတော်ကို ပြည်သူပြည်သားအားလုံး လိုချင်ကြတာ အမှန်ပါပဲ....
လိုအပ်နေတာကလည်း အမှန်ပဲ ဖြစ်ပါတယ်ဗျာ....
အဓိကလိုအပ်ချက်တွေကိုသာ အရင်လုပ်ဆောင်သင့်ပါတယ်..။
သက်တမ်းနှစ်နှစ်တောင် မပြည့်သေးပါဘူး
အမှိုက်ကောက်တာ နှစ်ခါရှိပြီ
ဘတ်စ်ကား တိုးစီးပြ လိုက်
စက်ဘီးနဲ့ လွှတ်တော်တက်ပြ လိုက်
ခြေခြေလမ်းလျှောက်လွှတ်တော်တက်ပြတာက နှစ်ခါ ရှိပါပြီ
အိမ်စုတ်အိမ်ပျက်ကို ပြတာက တစ်ခါ
အစိုးရအိမ်ယာကနေ အိမ်ပြင်ကို ထွက်အိပ်ပြလိုက်
အိမ်သာကို မိမိဘာသာဆေးကြောသည့်အကြောင်း ပြလိုက်နဲ့
အစားအသောက်အသီးအရွက်ဟင်းတွေကို ပြလိုက်နဲ့
အတူတူတစ်တန်းထဲ ပါတီ ညီလာခံမှ ထိုင်ပြလိုက်နဲ့
အပိုတွေ ခဏခဏ လုပ်ပြမနေပါနဲ့တော့
တကယ်တိုင်းပြည်မှာ လိုတာတွေ ကို လုပ်ပြစေချင်ပါတယ်....။
ခင်များတို့ တစ်လကို ဘယ်လောက်ရလည်း ပြည်သူတွေက သိပါတယ်....
နလိန်ပိန်းတုံး ပြည်သူတွေကတော့ သိချင်မှ သိမမှာပေါ့ဗျာ....
သြိကြတဲ့ နလိန်ပိန်းတုံး တွေကလည်း မသိချင်ရောင် ဆောင်ချင်ဆောင်ကြမှာပေါ့...
ဒါက သူတို့အပိုင်းပဲလေ...ကျွန်တော်ဘာမှ ပြောစကာ မရှိပါဘူး......
အနီကြောင်တွေနဲ့ အနီရောင်ကိုတော့ မပြောတော့ဘူး..။

နောက်ဆုံးပြောချင်တာကို ရှင်းရှင်းလင်းလင်း ပဲ ပြောမယ်ဗျာ

အစိုးရ လူကြီးမင်းတွေ ဝန်မင်းတွေ
အပိုအလုပ်တွေနဲ့ ပြည်သူတွေကို မဖားကြပါနဲ့ ဒါဟာ အစိုးရဝန်ကြီးလုပ်ရမည့်အလုပ် မဟုတ်ပါဘူး....ဒါက တာဝန်သိပြည်သူတွေ လုပ်ရမယ့်အလုပ်ပါ။
မိမိနဲ့တန်ရာအလုပ်ကို လုပ်နေမယ်ဆိုရင်တော့ မိမိလုပ်တဲ့ အလုပ်နဲ့ ဆိုင်တဲ့ နေရာဒေသ ကိုသာ သွားလိုက်ပါတော့လို့ ပြောချင်ပါတယ်..။
အမှိုက်ကောက်ချင်ရင် စည်ပင်မှာ လုပ်ပါ..။
အမှိုက်လှဲည်း ချင်ရင်လည်း တံမြက်စည်း ကိုင်တဲ့ အမှိုက်သိမ်း အလုပ်ကိုသာ လုပ်ပါ
 မိမိနေရာကို ထုံးစံအတိုင်း
 လူစားလဲလှယ်ပစ်လို့လည်း ရတယ်ဆိုတာကို ရှေ့မှာ သက်သေတွေ အများကြီး ရှိပါတယ်လို့
ဝေဖန်တင်ချင်ပါတယ်...။

😃အားလုံးကို ကျေးဇူးတင်ပါတယ် ..။

Please share now©®©®

          အဓိပတိ ကမ္မ
       13-1-2018,3-40pm

No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...