Monday 20 January 2020

©သိမ့်ချစ်တာပေါ့ ရှင်နွေရယ်.....၁၃.

ဟန်ဆောင်မှုအတတ်လည်း တတ်တယ်...၊
မုသားစကားတွေက အရမ်းကြွယ်တယ်...
ငါကြောက်တာ အဲဒီ အရောင်ဆောင်
 အပြုံးတွေပဲ...
ငါမေ့ဖို့ မလွယ်တာလဲ
အဲဒီအပြုံးတွေကြောင့်ပဲ....
အပြုံးတွေကပဲ ငါတို့ရဲ့ အဆုံးသတ်မှာ အက်ကြောင်းထက်နေတဲ့ ဒဏ်ရာတွေနဲ့
 နှလုံးသား ကို ချိုးဖဲ့ခဲ့တာပဲ.....
ရင်ခုန်သံ တွေကလည်း အေးစက်လို့ အပြုံးအတုတွေကြားထဲမှာ ကျရှုံးခဲ့ရပြီလေ.....

နင်ချန်ထားခဲ့တဲ့ နှလုံးသား ဟာ
ပလတ်စတစ်စက္ကူ ဆတွေလို့
ခေတ္တခဏ လောက် ခေါက်ထားလို့ရရင်
ကောင်းမှာပဲ ကောင်မလေး ရှင်နွေရယ်.....
တစ်သက်တာ လက်တွဲဖို့
ကျန်ဆီတွေးတောချိန်ကြမှာ
ငါရဲ့ အချစ်တွေကို
နင်က ဓားနဲ့ ခုတ်ထစ်
ပိုင်းဖြတ်သွားခဲ့တယ်....
ငါတစ်ယောက်တည်း ခံစားရတယ်....
မခံစားနိုင်ဘူး လို့ ငါငြင်းဆန်ခဲ့လည်း...
ငါလဲပြိုခဲ့ပြီ.....
အဆုံးသတ်မှာလည်း
ငါနာကျင်နေရတယ်.....ပူလောင်တဲ့
အမုန်းမီးတွေလည်း ညှိမ်းသတ်လို့
မရခဲ့ဘူး ရှင်နွေရယ်.. ...
အနူတ်သာပြနေတဲ့
ငါရဲ့ အချစ်တွေကလည်း
နင်နဲ့တွေ့မှ အသက်ရှုတတ်လာတယ်
ပြောရင်လည်း အပိုတွေပဲ ဖြစ်လိမ့်မယ် ရှင်နွေ.....
ဒါပေမယ့်လည်း.. ...
နင့်ကြောင့်ပဲ ငါရဲ့ ခံစားချက်တွေ အသက်ရှုရပ်တန့်ခဲ့ရတယ်.....;-)
တကယ်ဆုံနိူင်မယ် ထင်ခဲ့ပေမယ့်
တကယ်ပဲ အဆုံးသတ်သွားခဲ့ပြီ.....
တကယ်ကို ဝေးကွာသွားတဲ့ ချစ်ခြင်းတွေက ငါ တကယ်ချစ်ခဲ့မိလို့ အသဲကွဲရတာပဲလို့
ငါကိုယ်ငါပဲ အပြစ်တင်မိတယ် .....

ငါယုံကြည်ခဲ့ဘူးတဲ့ နင်ကပဲ ငါကို ညာခဲ့တယ်၊

ငါချစ်ခဲ့ဘူးတဲ့ နင်ကပဲ ငါကို ပြစ်ချခဲ့တယ်၊

ငါမြတ်နိုးခဲ့ဘူးတဲ့ နင်ကပဲ ငါကို မာယာများခဲ့တယ်၊

ရင်ခုန်ခြင်းတွေကလည်း အေးစက်လို့ ငိုကြွေးနေရတယ်.....
ယုံကြည်ခြင်းတွေကလည်း မဆုံခြင်းတွေကြောင့် ကျိုးပဲ့သွားခဲ့တယ်.....
အခြားလူမရှိတဲ့ ငါတို့ နှလုံးသားတွေတောင်
ဟန်ဆောင်ခြင်းတွေကြောင့် ပြုံးရယ်ခြင်းတွေရဲ့ အစား မုန်းတီး တွေတောင် နေရာယူနေတယ်.....
အယူအဆ အမှားတွေကြောင့် နင်ကို ငါဘဝထဲကနေ ထုတ်ပယ်ပစ်ခဲ့တယ်.....
ကြိုးစားသမျှ အရာမထင်ခဲ့ခြင်းကြောင့်ပဲ ငါနာကျင်ခဲ့ရတယ်.....
မေ့ဖို့လည်း မလွယ်
မုန်းဖို့လဲ မလွယ်
တကယ်ပဲ ငါအတွက် နင်က
အရေးအကြီးဆုံးပါပဲ ရှင်နွေ.....

မျှော်လင့်ချက် တွေကြောင့်ပဲ ငါအသက်ဆက်ဖို့ ခက်ခဲနေတယ်.....
ရင်ဘတ်က ဒဏ်ရာတွေကြောင့်ပဲ
အသွေးအသားတွေ ခမ်းနားမှု
မရှိတော့ဘူး.......
ခမ်းခမ်းနားနား အချစ်တွေလည်း
အရှုမလှဖြစ်ခဲ့တာ ဘယ်သူကြောင့်လဲလို့ ငါမေးခွန်းမထုတ်တော့ဘူး.....
နင်ဘဝထဲသာ ငါကို ထုတ်ပယ် ပစ်လိုက်ပါတော့ ရှင်နွေလေးရယ်.....
ဆုံနိူင်ရန်လည်း မလွယ်နိူင်တော့ဘူး.....
ပြန်ဆုံရင်လည်း အတူလျှောက်ခဲ့တဲ့ လမ်းတွေက မသာယာတော့ဘူး.....
သီချင်းတွေ ကလည်း .....
ငါကို ကြေကွဲစေတာပဲ ရှင်နွေရယ်.....
အပျော်သဘောမျိုးနဲ့ ငါနှလုံးသားကို
မကစားသင့်ဘူး ရှင်နွေ.....
ချစ်တယ် အရမ်းချစ်တယ်.....
ဒီလိုတော့ ငါ မနာကျင်ချင်ဘူး

ငါဘဝရဲ့ အလင်းရောင်လေးကပဲ ငါကို
အမှောင်ကမ္ဘာထဲကနေ ရုန်းမထွက်နိူင်အောင် ဆွဲနှင်နေတယ်.....
အစွန်းရောက်တဲ့ အချစ်တွေကြောင့် ငါကို
အစွန်အဖျား ကို ပို့ဆောင်ပေးခဲ့တာပဲ.....

ပူလိုလောင်ကျွမ်းခြင်းတွေကလည်း ရင်ကို ပူလောင်စေတာပါပဲ.....
အရင်းနှီးဆုံး လရိမ်လေးကပဲ ငါကို ပူလောင်ပြင်းပြ တဲ့ အမုန်းတွေပဲ ပေးခဲ့တယ်..၊
ငါမြင်ချင်တဲ့ ရင်ခုန်ခြင်းတွေက အမှောင်ရိမ်ထဲမှာ တကယ်ရော ရှိနိူင်ပါမလား.....

ပွင့်ပွင့်လင်းလင်း ဝင်ခံပြီး ပြောပြရရင် ရှင်နွေ မျက်နှာလေးကို မြင်နေရရင်
လရိမ်လေးလို ကျွန်တော်ရဲ့ ရင်ခွင်က
အေးချမ်းစေပါတယ်.....

              အဓိပတိ ကမ္မ
          20-1-2018,11-26pm

No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...