Sunday 15 September 2019

ဦးသန်းရွှေသည် မြန်မာပြည်အတွက် ဒီမိုကရေစီမျိုးစေ့ချပေးခဲ့သူဖြစ်ပါသည်။
ဦးသန်းရွှေအစိုးရသည် ယခင်ကွန်မြုနစ်အဖွဲ့ဟောင်းများ လူမျိုးစုသူပုန်အဖွဲ့များနှင့် နိုင်ငံရေးစစ်ရေး ပေါင်းစပ်ပြုလုပ်ခြင်းထက် အပတ်အခတ်ရပ်စဲရေး သဘောတူဘီချက်များကို လုပ်ဆောင်ခဲ့ရာ အောင်မြင်မှုအများအပြားရရှိခဲ့ပါသည် ။
တိုင်းရင်းသားလူမျိုးစု သူပုန်များ၏တောင်းဆိုချက်များအရ နယ်စပ်တစ်လျှောက်နေရာများတွေ အစိုးရနဲ့စစ်တပ်မသွားရဇုန်များကိုလည်း ဖော်ဆောင်၍ တိုင်းရင်းသားအချင်းချင်း ဆက်ဆံရေး အစဉ်ပြေအောင် လိုက်လျော့ပေးခဲ့ပါသည် ။
မြန်မာ့စီးပွားရေးကိုလည်း မဟာဗျုဟာကျကျ ကဏ္ဍအနည်းမှလွဲ၍ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုများ အား ဖွင့်လှစ်ပေးခဲ့ပါသည် ။
တိုင်းရင်းသားစွန့်ဦးတီထွင်သူ စီးပွားရေး လုပ်ငန်းများကို ဖော်ထုတ်သတ်မတ်ပြီး နိုင်ငံတော်အရင်းအမြစ်များနှင့် မြေနေရာနှင့်ကုန်ကြမ်းပစ္စည်းများကို ခွဲဝေသုံးစွဲခြင်းကိုလည်း အကောင်အထည်ဖော်ပေးခဲ့ပါသည် ။
က္ဘ္ဘ္ဘမ္ဘာ္ဘ္ဘ္ဘ္ဘ္လလှည့်ခရီးသည်များ လာရောက်မှုကိုလည်း ကြိုဆိုခဲ့ပြီး နိုင်ငံခြားသားပိုင် ဟိုတယ်များ နှင့် အပန်းဖြေလုပ်ငန်းများ အပါအဝင် ကြီးမားသော ပမာဏဖြင့် ခရီးသွားလုပ်ငန်း စီမံကိန်းများ ချမှတ်လုပ်ဆောင်ခဲ့သည် ။
လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများကို အပြင်းအထန် နိုင်ငံတကာသိလာအောင် ငြင်းဆန်ပြီး
နိုင်ငံတကာမှ အဖွဲ့အစည်း အများပြားပါဝင်သော ဘဏ္ဌာရေး အေဂျင်စီများက ထိန်းချုပ်ထားသော လုပ်ငန်းများနှင့် ဆက်သွယ်၍ အိမ်နီးချင်း နိုင်ငံများနှင့် ချိတ်ဆက်၍ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် နှင့် ကုန်သွယ်မှုများ လည်း ဆောင်ရွက်စီမံခဲ့သည် ။
အခြေခံဆောက်လုပ်ရေးများလုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်၏ လမ်းပန်းဆပ်သွယ်ရေးကဏ္ဍများမှာလည်း အမြန်လမ်းမနှင့် မီးရထားသယ်ယူပိုဆောင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ရ ဆောင်ရွက်စီမံခဲ့သည် ။
ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုတွေ ကြားထဲကနေ လမ်းနှင့်ရထား တံတားနှင့်လေဆိပ် ဆောက်လုပ်ရေးလုပ်ငန်းများတွေကို လည်း အရှိအဟုန်မြှင့်ဆောင်ရွက်ခဲ့သည် ။
စစ်ရေးအသုံးစရိတ်ကို ဦးနေဝင်းလက်ထက်ကထက် ပထမတစ်နှစ်အတွင်းမှာတောင် နှစ်ဆကျော် မြှင့်တင်ခဲ့ပြီး တပ်အင်အားကိုလည်း ဖြည့်တင်းလိုက်သည် ။
နိုင်ငံတော်၏အခြေခံအဆောက်အအုံ ဖွဲ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်္ဘ ငွေစက္ကူများကို လိုသလောက် ပုံနှိပ်ထုတ်ဝေခဲ့ပါသည် ။
တိုင်းပြည်ရဲ့ ပညာရေးနှင့် ကျန်းမာရေးဘက်မှာ တဖြေးဖြေး ဝန်ဆောင်မှုများဘက်မှာ အနည်းငယ် အားခဲ့သည်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ် ။
ပြည်တွင်းလူမျိုးစု ပြဿနာများနှင့် လက်နက်ကိုင် သူပုန်ပြဿနာကိုလည ညှင်သာပျော့ပြောင်းစွာ ကိုင်တွယ်ခဲ့ပြီး အပတ်အခတ်ရပ်စဲရေးများကိုလည်း အကောင်းဆုံး ဆောင်ရွက် ဆွေးနွေးနိုင်ခဲ့ပါသည် ။
ဦးနေဝင်းအသုံးပြုခဲ့သော နိုင်ငံတော်၏အင်္ဂလိပ်ဘာသာနှင့် အနောက်နိုင်ငံများ၏ဘာသာစကားများဖြင့်ခေါ်ဝေါ်ခဲ့သော အမည်များကိုလည်း မြန်မာ(Myanmar) ဟု ပြောင်းလဲခေါ်စေခဲ့သည် ။
ဘာသာရေးနှင့်ပတ်သတ်၍လည်း ဝါရင့်အစိုးရ ဝန်ကြီးများက ဝါရင့်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို အကြီးအကျယ် ခမ်းခမ်းနားနား ပူဇော်ကတော့ပွဲများကိုလည်း ဆောင်ရွက်ခဲ့သည် ။
စစ်တပ်တွင်လည်း
အရည်အချင်းကိုလိုက်၍ ရာထူးတိုးမြှင့်ပေးခြင်း အဆင့်တိုးမြှင့်ပေးခြင်းများဆောင်ရွက်စီမံခဲ့သည် ။
စစ်တပ်အင်းအား ၂၀၀ ၀၀၀ အောက်မှ ၄၀၀ ၀၀၀ အထက်သို့ရောက် အလျင်အမြန်တိုးမြှင့်ပေးနိုင်ခဲ့သည် ။
ကာကွယ်ရေးသတန်းများနှင့် စစ်ပညာရပ်ဆိုင်ရာ သင်တန်းများကိုလည်း တိုးချဲ့ခဲ့ပြီး နှစ်စဉ် စစ်သင်တန်းခေါ်ယူသည့် လူဦးရေတွေကိုလည်း တိုးမြှင့်ခဲ့သည် ။
အနောက်နိုင်ငံများမှ လက်နက် ခဲယမ်း ဝယ်ယူရာတွင်လည်း အရှေ့ဥရောပနှင့် အများအားဖြင့် တရုတ်လက်နက်ပစ္စည်းများကို လမ်းကြောင်းပြောင်း၍ အလျင်အမြန်ဝယ်ယူခဲ့သည် ။
မြန်မာပြည်၏ ကြားနေဝါဒတွင် အပေးအယူ အလျော့အတင်းများ များစွာလုပ်ခဲ့သော်လည်း အနောက်နိုင်ငံများနှင် နိုင်ငံတကာတို့ဘက်၏စီးပွားရေး ပိတ်ဆို့ခြင်းများကျဆင်းသွားခဲ့ခြင်းမျိုး မရှိပါ ။
မြန်မာပြည်၏ ဂျီဒီပီတွင် ကုန်သွယ်ရေးကဏ္ဍပါဝင်မှုအချိုးမှာ
ဖွဲ့ဖြိုးဆဲ နိုင်ငံများစာရင်းအထိ ပါဝင်နိုင်ခဲ့သော်လည်း ၄င်းနိုင်ငံများကြားတွင် အနှိမ့်ဆုံးအဆင့် ဖြစ်နေပါသည် ။
မြှောကိုရီးယားနိုင်ငံ (သို့) အယ်လ်ဘေးနီးယား နိုင်ငံတို့နှင့် နှိုင်းယှဉ်လျင် လေးရာခိုင်နှုန်းအောက်တွင်သာ ရှိခဲ့သည်ကိုလည်း မြင်တွေ့ရသည် ။
ဖွဲ့စည်းပုံအခြေံ အမျိုးသားညီလာခံကိုလည်း ၁၄နှစ်ကြာ ဆွေးနွေးတိုင်ပင်ကြပြီး ဒီမိုကရေစီဆန်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေ နှင့် ဒီမိုကရေစီမျိုးစေ့ချပေးခဲ့ပြီ တိုင်းပြည်ကို အပြောင်းအလဲများ ဆောင်ရွက်ခဲ့သည် ။
တိုင်းပြည်အတွက် အပြောင်းအလဲမူဝါဒများ ရဲရဲဝင့်ဝင့် စွန့်စားခဲ့သော ဘဘဦးသန်းရွှေကို လေးစားမိပါသည် ။
မြို့သစ်စီမံကိန်းအသစ်များ ဆောင်ရွက်ရေးစွဲ၍ နိုင်ငံတော် အစိုးနယ်မြေ (ဝါ) ပြည်ထောင်စုနယ်မြေ အသစ်များအသစ်များနှင့် ထီးသစ်နန်းသစ် လွှတ်တော် အဆောက်အအုံနှင့် မြို့သစ်တည်နေရာတွေကိုလည်း တိုးမြှင့် ဆောင်ရွက်စီမံခဲ့သည် ။
ဘဘဦးသန်းရွှေသည် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် အစွမ်းဆောင်နိုင်သော တပ်မတော်အရာရှိခေါင်းဆောင် ဖြစ်ပါသည် ။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာသာသာသနာအတွက် ခြေကုန်လက်ပန်း မကျခဲ့ခြင်းကိုလည်း လေးစားမိပါတယ် ။
တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ဆိုရှယ်လစ်စနစ်မှ ဒီမိုကရေစီစနစ်ကူပြောင်းရေး ကို ဆောင်ရွက်ခဲ့ခြင်းတွေအတွက်လည်း အလွန်ကြည်ညိုလေးစားမိပါတယ် ဂုဏ်ပြု အလေးပြုပါတယ် ဘဘဦးသန်းရွှေ ။
ဘဘဦးသန်းရွှေသည် နှုတ်ထွက်သင့်သောအချိန်တွင် နှူတ်ထွက်အာဏလွှဲပြောင်းပေးခဲ့ပြီး
ဒီမိုကရေစီစနစ်ဖြင့် စည်းစနစ်ပါပါ
နည်းလမ်းကျကျ အာဏာခွဲဝေခဲ့ပြီး နိုင်ငံခေါင်းဆောင်နေရာမှ နှုတ်ထွက်ပေးခဲ့ပါသည် ။
စစ်ပွဲဆိုသည်မှာ စစ်တပ်၏အဓိကလုပ်ငန်းပင် ဖြစ်ပါသည် ။
စစ်ပွဲကို ကောင်းစွာအသုံးချ၍ ဆန်းပြားသော မဟာမိတ်များကိုလည်း ဖန်းတီးယူလိုက ယူလို့ရပါသည် ။
အကျိုးတူပူပေါင်းကြသည့် မဟာမိတ်များသည် အခြေခံမူဝါဒများ မတူညီသော လူမျိုးစု နှင့် ၄င်းတို့၏ ရည်မှန်းချက် ပန်းတိုင်များ မတူညီကြသဖြင့် တစ်ခါတစ်ရံ မဟာမိတ်ဆက်ဆံရေးတွင် ကြီးမားသော ကွဲလွဲမှုများ မကြာခဏရှိလာတတ်ကြတာ သဘာဝတရားပင် ဖြစ်ပါသည် ။
ထို့အတူ စစ်ဆိုသည်မှာလည်း တစ်နည်းအားဖြင့် နိုင်ငံရေးပင်ဖြစ်ပါသည် ။
စစ်တပ်သည် စစ်တပ်သည် နိုင်ငံတိုင်းတွင် အဓိကအကျဆုံးသော အဖွဲ့အစည်းပင်ဖြစ်ပါသည် ။
လက်နက်ကိုင်တိုက်ပွဲများတွင် စိတ်ဓာတ်ရေးရာ နှင့် နိုင်ငံရေးသဘောတရားတို့ကို ချိတ်ဆက်မှု ကြီးမားသော အဖွဲ့အစည်းပင် ဖြစ်ပါသည် ။
စစ်တပ်နှင့် နိုင်ငံရေးကို ခွဲခြား၍မရ
နိုင်ငံအရေးနှင့် စစ်တပ်သည်လည်း ဘယ်တော့မှ ကွဲပြား၍ မရပါ ။
အားလုံသိထားရမှာ တစ်ခုကတော့
( တပ်မတော်ဟာ တာဝန်ကင်းမဲ့ စည်းကမ်းကင်းမဲ့ အဓိပ္ပါယ်မရှိ ကျပန်းထင်ရာ လုပ်တတ်သော အဖွဲ့အစည်း မဟုတ်ပါ )
PLEASE SHARE NOW©®©®
#အဓိပတိကမ္မ
4JULY2018

No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...