Friday 27 September 2019

R2P ရှင်းတမ်း

R2P လို့ ပြောလိုက်တာနဲ့ မြန်မာပြည်ထဲ နိုင်ငံတကာစစ်တပ်တွေဝင်လာပြီး တိုင်းပြည်ကို ထိန်းချုပ်သယောင် မြင်နေကြတဲ့သူတွေများတယ်။ မြင်အောင်လည်း ရေးထားကြ၊ မှိုင်းသွင်းထားကြတာတွေက ရှိသေးတယ်။ 

တကယ်တော့ R2P ဆိုတာ အဆင့်ဆင့်ရှိတယ်။ စစ်ရေးဆိုတာ နောက်ဆုံးအဆင့်။ ညှိနှိုင်းရေး၊ တားမြစ်ရေး၊ အကာအကွယ်ပေးရေး၊ နောက်ဆုံးမှ တုံ့ပြန်ရေး။

တစ်ချို့သော မတရားသမှုများ၊ အထူးသဖြင့် အစိုးရက ကိုယ့်ပြည်သူကို အင်အားသုံးနိုင်ထက်ကလူလုပ်ရင် အားလုံးဝိုင်းပြီး အချိန်မီတားမြစ်ကြမယ်ဆိုတဲ့ စာချုပ်ကို R2P ခေါ်တာပါ။ R2P ကို အကောင်အထည်ဖော်တယ်ဆိုရင် R2P ဝင်လာတယ် ဆိုပါတော့။ 

ဘယ်လိုအခြေအနေမှာ R2P ကို အကောင်အထည်ဖော်ဖို့ ဖြစ်လာမလဲ? အထက်ကဆိုခဲ့သလို မတရားသမှုများ၊ အထူးသဖြင့် အစိုးရက ကိုယ့်ပြည်သူကို မတရားနှိပ်စက်နေတဲ့အချိန် အတန်အလွန်မဖြစ်ရအောင် R2P ကို အကောင်အထည် ဖော်ရပါတယ်။ 

အတန်အလွန်ဆိုတာက အစုအပြုံလိုက်သတ်ဖြတ်မှုများ၊ လူမျိုးနွယ်လိုက် ရှင်းလင်းသုတ်သင်မှု၊ စစ်ရာဇဝတ်မှုများ ဖြစ်လာလျှင် အချိန်မီတားဆီးနိုင်ရေး R2P ကို အကောင်အထည်ဖော်ရပါတယ်။ 

ထုံးစံအားဖြင့် ကုလလုံခြုံရေးကောင်စီကို တင်ပြရပြီး ခွင့်ပြုချက်ရမှ အကောင်အထည်ဖော်ရပါတယ်။ အကောင်အထည်ဖော်ရာမှာ ဆွေးနွေးညှိနှိုင်းခြင်းကို အားပေး ဝါ ဦးစားပေးအဆင့်သတ်မှတ်ထားပြီး မရကာမှ နှိပ်စက်ခံရသူများ (victim) ကို ကုလတပ်ချပြီး စောင့်ရှောက်အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါတွေမရလာရင်တော့ ညွန့်ပေါင်းတပ်ဖွဲ့တစ်ခုက ထိုးစစ်ဆင်တိုက်ခိုက်မှာ ဖြစ်ပါတယ်။ စစ်အင်အားသုံး တားမြစ်မယ် ဆိုပါတော့။

တစ်ခုရှိတာက အရေးပေါ်အခြေအနေ ဝါ လတ်တလောမျက်မြင်မှာတင် massacare တို့ ethnic cleansing တို့ war crimes တို့ ဖြစ်နေရင်တော့ R2P (စစ်အင်အားသုံးတဲ့အဆင့်ထိ) လုပ်လို့ရတယ်။ 

ဟုတ်ပြီ R2P သဘောတရားက ဒီလိုဆိုတော့ မြန်မာပြည်က R2P နှင့် သက်ဆိုင်သလား? သက်ဆိုင်တယ်လဲ ဖြေလို့ရတယ်၊ မဆိုင်ဘူးလဲ ဖြေလို့ရတယ်။ 

ဆိုင်တယ်ဆိုတာက မြန်မာစစ်တပ်သည် ရခိုင်မှာ မူဆလင်ဘင်္ဂါလီ(သူတို့အခေါ် ရိုဟင်ဂျာ) တွေကို နှိပ်စက်ကလူပြုနေပါတယ်၊ လူမျိုးနွယ်လိုက် ရှင်းလင်းသုတ်သင်မှုပြုနေပါတယ်လို့ မူဆလင်နိုင်ငံများနှင့် အနောက်နိုင်ငံတွေက အော်နေတော့ ကုလမှာ R2P ကိစ္စ စဉ်းစားရမယ့်စာရင်းထဲ မြန်မာက ပေါက်နေတယ်။ 

မဆိုင်ပါဘူးဆိုတာက စာရင်းပေါက်လဲ ထည့်တွက်စရာ မရှိဘူးလို့ ပြောတာပါ။ အရင်လဲ ဒီကိစ္စ ကုလမှာ ဆွေးနွေးကြပြီးပြီ။ သိပ်ပြီး အရာမထင်ပါဘူး။ မြန်မာဖက်က ချေပစရာ ရှိတယ်။ မြန်မာကိစ္စ R2P အကောင်အထည်ဖော်ပါဆိုတဲ့အဆင့်ကို ကုလမှာ သဘောတူကြတယ်။ ဒါပေမယ့် safe zone ဒါမှမဟုတ် ကုလတပ်တွေချပြီး ဘင်္ဂါလီတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ကိစ္စကိုကျ သဘောမတူတဲ့နိုင်ငံတွေရှိတယ်။ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ဂျပန် တို့ ဖြစ်ပါတယ်။ 

နောက်ထပ်အရေးကြီးတာတစ်ခုက R2P ဒုတိယအဆင့်ခေါ်ခေါ် ကုလတပ်ချတဲ့အဆင့်ခေါ်ခေါ် ဒီအဆင့်ဆိုရင် UNSC ကနေ သဘောတူရတယ်။ UNSC မှာ ဒီကိစ္စကို အရင်တင်တော့ ရုရှ၊ တရုတ်က ဗီတိုနှင့် ပယ်ချလိုက်ပါတယ်။ 

ခု တစ်ခါ R2P ဆိုတာ ဘာလို့အသံထွက်လာတာလဲ? ဒီ မေးခွန်းဖြေရရင် ကုလမှာ မူဆလင်နိုင်ငံတွေက နောက်တစ်ကြိမ် ကြိုးပမ်းလာပြန်တာလို့ ပြောရမယ်။ ရမလား ထပ်စမ်းတာပါ။ မပူပါနဲ့။ သူတို့က လေကျယ်နေပေမယ့် မြန်မာစစ်တပ်က ဘင်္ဂါလီတွေကို လူမျိုးနွယ်လိုက်ရှင်းလင်းသုတ်သင်မှု (ethnic cleansing) ပြုပါတယ်လို့ သက်သေမရှိပါဘူး။ လူအားနဲ့ ကုလားတွေထုံးစံ ဝိုင်းအာတာပဲ ရှိတာပါ။ ကြောက်စရာမရှိပါဘူး။ 

အကယ်၍ သက်သေပြနိုင်ရင်တောင် လိုရာဆွဲ ဝိုးတိုးဝါးတားတွေသာ ဖြစ်ပါတယ်။ ဥပမာ - ယန်ဟီးလီးက ဘယ်လိုပြောတယ်၊ အချက်အလက်မှန်ရှာဖွေရေးကော်မရှင်က ဘယ်လိုမှတ်ချက်ပြုတယ်၊ ကုလအကြီးအကဲတောင်မှ ဘယ်လိုပြောတယ်... စသည်ဖြင့် ကလေးများလို သနားအောင်ငိုပြမှာပဲ ရှိပါတယ်။ ကျန်တဲ့နိုင်ငံတွေ သဘောတူချင်တူနိုင်ပေမယ့် UNSC မှာ ရုရှ၊ တရုတ်က ဗီတိုနှင့် ပယ်ချပြီး အရင်လိုပဲ ပျက်သွားပါလိမ့်မယ်။ 

အများမေးနေကြတဲ့ စစ်အင်အားသုံးလာနိုင်ခြေရှိသလားဆိုတာကို တစ်ခွန်းတည်းဖြေရရင် လုံးဝမရှိပါဘူး။ ကုလတပ်ချတာတောင် မဖြစ်နိုင်တဲ့ အခြေအနေမှာ စစ်အင်အားသုံးပြီး R2P ဝင်တဲ့အဆင့်က ဝေလာဝေးပါ။ 

နောက်ထပ်မေးကြတဲ့ မေးခွန်းတစ်ခုက R2P က UNSC မှာ မဲခွဲစရာ မလိုဘူးဆို ဆိုတာပါ။ ပုံမှန်အားဖြင့် မဲခွဲဖို့ လိုပါတယ်။ ဒါပေမယ့် သတ်ဟယ်ဖြတ်ဟယ်တွေ မျက်မြင်ဖြစ်နေတယ်ဆိုရင်တော့ မလိုပါဘူး။ ဒီနေရာမှာ စကားဖြတ်ပြောရရင် မြန်မာစစ်တပ်က တပ်မှုးဗိုလ်ချုပ်တွေနှင့် တပ်မှူးချုပ်တွေ လေးစားစရာကောင်းပါတယ်။ ကုလားက မြန်မာပြည်မှာ စစ်သားက ကျုပ်တို့ကို အနိုင်ကျင့်နေပါပြီ အော်ချင်လို့၊ အော်ပြီး R2P အရေးပေါ် ဝင်စေချင်လို့ အမျိုးမျိုး စတာတွေ လုပ်ပေမယ့် တပ်မှူးတွေက အစစ သည်းညည်းခံပြီး စဉ်းစားဆင်ခြင်ဥာဏ်ရှိရှိ ဖြေရှင်းသွားတာတွေ တွေ့ရပါတယ်။ 

ယတိပြတ်ပြောရရင် အရေးပေါ်အခြေအနေမှာ UNSC ကို ကျော်ပြီး R2P ဝင်လို့ရပေမယ့် မြန်မာနိုင်ငံနှင့်တော့ ဒီအနေအထား မသက်ဆိုင်ပါ။ 

R2P ဆိုတာ အဆင့်ဆင့်ဆိုတော့ ဘာတွေလဲ? ၁) ကတော့ ဆွေးနွေးညှိနှိုင်းတာပါ။ ၂) က ကုလ တပ်ချတာ ၃) စစ်အင်အားသုံးတာ။ 

တရားဝင်မဟုတ်ပေမယ့် မြန်မာပြည်ကို ၁ အဆင့် R2P ဝင်နေတယ်လို့ ပြောလို့ရပါတယ်။ အချက်အလက်ရှာဖွေရေးကော်မရှင်ဆိုတာ R2P အဆင့် ၁ ပုံစံပါပဲ။ 

တစ်ခု ဂရုစိုက်ရမှာက အနောက်နှင့် မူဆလင်နိုင်ငံတွေက ညှိနှိုင်းရေးအဆင့်ကို သဘောမကျဘူး။ မကျေနပ်ဘူး။ ၂ ကို သွားချင်နေတယ်။ ဒါ့ကြောင့် ကော်မရှင်သည်လည်း သူရဲ့မူရင်းရည်ရွယ်ချက် ဖြစ်တဲ့ ပြေလည်ရေးထက် ပြဿနာပုံကြီးချဲ့ရေးကို ကြိုးစားနေတယ်။ ဒါကိုတော့ သတိပြုရမယ်။ 

အားလုံးခြုံပြောရရင် R2P က ကြောက်စရာမရှိပါဘူး။ 

Thant Zin Htut

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...