Monday 16 September 2019

သေတမ်းစာ 8
,,,,,,,,,,,,,,,,,,,,,
စေတနာသည် လူတိုင်းနဲ့မတန်
သိတ်မှန်တယ် သားတို့ရေ
မင်းတို့စေတနာတွေ
တစ်ယောက်ယောက်က စော်ကားကြလိမ့်မယ်
လူတိုင်းအပေါ်မကူညီနဲ့
လိုအပ်ရင် ရက်စက်ရမယ်
ဥပေက္ခာပြုတက်ရမယ်။

ဘာသာရေးတွေ သိတ်မယုံနဲ့ကွာ 
ဓါးနဲ့လာခုတ်မည့်သူ မင်းမေတ္တာထားမိရင်
သေဖို့ရာသေချာတယ်
အနည်းဆုံးတော့ ဆေးရုံပေါ့
အဲလိုလူအပေါ် အညှာမပေးနဲ့ သား
မင်းက ဓါးနဲ့ထိုးပြီး ထောင်ထဲဝင်လိုက်
လောကမှ ဘယ်ကောင်မှ စောက်ဂရုမစိုက်နဲ့သားရေ။

ငါကတော့ ခံခဲ့ရတာများတော့
လူတွေနဲ့စကားတောင် မပြောချင်ဘူး
ဘယ်ဘုရားမှ မကိုယ်းကွယ်နဲ့
ဗိုလ်ချုပ်အောင်ဆန်းလေ့လာပါ ထူးအိမ်သင်ကို ချစ်ပါ
နောက်ပြီ
ဗင့်ဆင့်ဗန်ဂိုး၊မိုဒီကလျာနီ
ရာဘင်ဒြာနက်တဂိုး၊ဂန္ဒီ
ကက်ကိုဘိန်း၊မြို့မငြိမ်း
ဒီကမ္ဘာကြီးမှာ ဇာတ်သိမ်းခဲ့ရတာ ရင်နာတယ်။
,,,,,,,,,,,,,,,,,,,,
မလေးသားသူရ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...