Monday 16 September 2019

ပဉ္စမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂ဝ၁၉)

ပါတီဥက္ကဋ္ဌဦးသန်းဌေးမိန့်ကြားသည့် နိဂုံးချုပ်အမှာစကား

======================================

နိုင်ငံ့အရေး၊ နိုင်ငံသားများအရေး၊ ပါတီအရေးနဲ့ ပါတီဝင်များရဲ့ အရေးအရာကိစ္စရပ်များနဲ့ပတ်သက်ပြီး နှစ်ရက်လုံးလုံးအချိန်ယူ အပြန် အလှန်ဆွေးနွေးသုံးသပ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ပါတီဗဟိုကော်မတီ အစည်းအဝေးကြီး မကြာခင်မှာပဲ အောင်မြင်စွာပြီးဆုံးပါတော့မယ်။ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် ဦးစီးဦးဆောင်ပြုသူ၊ ကဏ္ဍအသီးသီးကပါဝင်ခဲ့ကြသူများအားလုံးကိုလည်း အထူးကျေးဇူး တင် မှတ်တမ်းတင်ပါတယ်။ ဒီမှာစုစည်းဆောင်ရွက်လိုက်တဲ့ ဗဟိုကော် မတီအစည်းအဝေးကြီး ပြီးဆုံးသွားသော်လည်းပဲ ပြည်သူ့အကျိုးပြု၊ ပြည်သူ့ဘက်တော်သားပါတီကြီးတစ်ရပ်ရဲ့ ပါတီဝင်အဖြစ် စေတနာ့ ဝန်ထမ်းနဲ့စိတ်အားထက်သန်စွာခံယူထားတဲ့ ကျွန်တော်တို့အတွက်တော့ ဆက်လုပ်ရမယ့် လုပ်ငန်းတာဝန်တွေက တန်းစီပြီး အသင့်စောင့်နေပါ တယ်။ ကမ္ဘာ့နိုင်ငံများအလယ်မှာ တိုင်းရင်းသားပေါင်းစုံ ညီညွတ် ပေါင်းစည်းထားတဲ့ ''မြန်မာ''ဆိုတဲ့ လူမှုအဖွဲ့အစည်းတစ်ခု၊ နိုင်ငံတော် တစ်ခု ခိုင်ခိုင်မာမာပေါ်ထွန်းလာဖို့ ကြိုးပမ်းဆောင်ရွက်ကြမယ့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များကတော့ တန်းစီစောင့် ဆိုင်းနေတဲ့ အဲဒီလုပ်ငန်းတာဝန်တွေအားလုံးကို အောင်မြင်စွာကျော်ဖြတ် သွားနိုင်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဗဟိုကော်မတီ အစည်းအဝေးရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ကျစ်လျစ်ခိုင်မာတဲ့ စည်းလုံးမှု တည်ဆောက်ရေး၊ ပါတီစည်းကမ်းနဲ့ မူဝါဒလမ်းညွှန်ချက်တွေကို တိတိ ကျကျလိုက်နာရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီအနှစ်သာရ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့ကို ဦးတည်ချက်ထားပြီး အားစိုက်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော်ကြမယ်ဆိုရင် ရွေး ကောက်ပွဲအောင်နိုင်ရေး ရည်မှန်းချက်ကိုလည်း ရာနှုန်းပြည့်အထောက် အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်တွေရဲ့ အရေးကြီးမှု၊ ပြည့်ဝပေါက်မြောက်ရန် လိုအပ်မှုတွေကိုလည်း ဗဟိုကော်မတီဝင်များက ကျေကျေလည်လည် ဆွေးနွေးခဲ့ကြပြီးဖြစ်သည့်အတွက် ရှေ့လုပ်ငန်း စဉ်တွေ ဖြစ်လာတော့မှာပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရွေးကောက်ပွဲအောင်နိုင်ခြင်းဟာ ''မြန်မာ'' ခေတ်တစ်ခေတ် ထူထောင်နိုင်ဖို့အတွက် အလွန်ခိုင်မာတဲ့ အာမခံချက်ဖြစ်စေရပါမယ်။ ရွေးကောက်ပွဲပြိုင်ဆိုင်မှုဆိုတာ မိမိတို့ပါတီ၊ မိမိတို့ကိုယ်စားလှယ် လောင်းကို ပြည်သူက ဘယ်လောက်လက်ခံသလဲဆိုတာကို စာမေးပွဲ စစ်တာပါပဲ။ ပြည်သူကလက်ခံရင် စာမေးပွဲအောင်မယ်၊ ရွေးကောက်ပွဲ အနိုင်ရမယ်ပေါ့ခင်ဗျာ။ ဒါကြောင့် ပြည်သူအများစုရဲ့လိုအပ်ချက်တွေ၊ ဖြစ်ချင်တဲ့ဆန္ဒတွေကိုနားလည်ရန်၊ တတ်နိုင်သလောက် ကြိုးပမ်းဖြည့် ဆည်းရန်၊ လတ်တလောဆောင်ရွက်ဖို့ အကန့်အသတ်ရှိရင် ပြည်သူက အခွင့်အာဏာအပ်နှင်းလာတဲ့အခါမှာ ချက်ချင်းဆောင်ရွက်မယ့် ကတိ စကားပြောဆို သတင်းပါးရန်ကိစ္စတွေကို အစဉ်တစိုက်လေ့လာ ရှာကြံ ဆောင်ရွက်နေကြဖို့ တိုက်တွန်းလိုပါတယ်။ ပါတီဌာနချုပ်အနေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းရွေးချယ်ရေးကိုလည်း စနစ်တကျ မူဝါဒချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ သူ့လူကိုယ့်လူ၊ လူဟောင်းလူ သစ်၊ ပါတီတွင်း ထဲထဲဝင်ဝင်ဆောင်ရွက်သူ၊ ပြင်ပမှဝန်းရံသူရယ် လို့ခွဲခြားမမြင်ဘဲ ပြည်သူလက်ခံသူဖြစ်ဖို့ ပါတီအောင်နိုင်ရေးကိုပဲ ရှေးရှုပြီး စိစစ်ရွေးချယ်သွားမှာဖြစ်တဲ့အတွက် အဖွင့်အမှာစကားမှာ ကျွန်တော်တင်ပြခဲ့သလို မိမိတစ်ဦးတစ်ယောက်တည်းရဲ့ဆန္ဒ ရှေ့တန်း တင်ပြီး ဝေဖန်မှု မစောကြဖို့တော့ မှာချင်ပါတယ်။

တိုင်းရင်းသားလူမျိုးပေါင်းမြောက်မြားစွာနဲ့ ဖွဲ့စည်းထားတဲ့ ကျွန် တော်တို့နိုင်ငံရဲ့ပြည်သူဆိုတဲ့အထဲမှာ တိုင်းရင်းသားလူမျိုးများရဲ့ပါဝင် မှုအချိုးကလည်း အကြမ်းဖျင်းအားဖြင့်ရာခိုင်နှုန်း ၃ဝ လောက်ရှိနေတော့ သူတို့ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့လိုအပ်ချက်ပေါင်းစုံကို သိ အောင်ကြိုးစား၊ နားထောင်၊ နားလည်နိုင်ပြီး အကောင်းဆုံးဖြည့် ဆည်းနိုင်ဖို့ကိုလည်း မူဝါဒချမှတ်၊ လမ်းကြောင်းတွေဖွင့်ထားဖို့မှာကြား လိုပါတယ်။ တိုင်းရင်းသားများအချင်းချင်း လူဦးရေအနည်း/အများ၊ နယ်မြေအကျဉ်း/အကျယ်၊ သယံဇာတအနည်း/အများ၊ ဖွံ့ဖြိုးမှုအနိမ့်/ အမြင့်ကွာဟမှု၊ ကွဲပြားခြားနားမှုများစွာကြားမှာ လူမျိုးတစ်မျိုးနဲ့တစ် မျိုး၊ ဒေသတစ်ခုနဲ့တစ်ခု၊ အပေးအယူ အလျှော့အတင်း၊နားလည်မှု၊ဖြည့် ဆည်းစောင့်ရှောက်မှု၊ စွန့်လွှတ်အနစ်နာခံမှုတွေကိုတိုင်းရင်းသားအားလုံး က နေရာတကျကျင့်သုံးသွားနိုင်ဖို့လည်း ကျွန်တော်တို့ကြိုးပမ်းအား ထုတ်ကြပါမယ်။ ဒီရည်ရွယ်ချက်ကို ထိထိရောက်ရောက် အကောင် အထည်ဖော်ဖို့အတွက် တိုင်းရင်းသားများ ပြည်သူများနဲ့ဆက်သွယ်ရေး ဆက်ဆံရေးလမ်းကြောင်း၊ ညှိနှိုင်းရေးလမ်းကြောင်းများ ပွင့်လင်းချော မွေ့နေအောင်စီမံရပါမယ်။ တိုင်းရင်းသားများအချင်းချင်းကြားမှာပဲဖြစ် ဖြစ် အုပ်ချုပ်တဲ့အစိုးရနဲ့ အုပ်ချုပ်ခံပြည်သူကြားမှာပဲဖြစ်ဖြစ် ရွေး ချယ်ခံမယ့်ကိုယ်စားလှယ်လောင်းနဲ့မဲဆန္ဒရှင်ပြည်သူကြားမှာပဲဖြစ်ဖြစ် ရိုးသားဖြောင့်မတ်တဲ့ဆက်ဆံရေး''ဆိုခဲစေမြဲစေ''ဆိုတဲ့ တည်ကြည် တဲ့ကတိစကား တာဝန်ယူမှု၊ တာဝန်ခံမှု ရှိ/မရှိဆိုတာကို ပြည်သူ တွေက ခံစားမှုအသိနဲ့လေ့လာစောင့်ကြည့်နေကြပါပြီ။ လာမယ့်ရွေး ကောက်ပွဲဟာ ဖြောင့်မတ်တည်ကြည်မှုနဲ့လိမ်ညာလှည့်ဖြားမှုကြားက အားပြိုင်ပွဲတစ်ခုဖြစ်သလို အစွမ်းအစကိုယ်ရည်ကိုယ်သွေးစိတ်ရင်း စေတနာတွေ ပြိုင်ဆိုင်ကြမယ့်ပြိုင်ပွဲလည်းဖြစ်ပါလိမ့်မယ်။ ပြိုင်ပွဲတစ်ခု ရဲ့အောင်နိုင်ရေးနည်းနာတွေထဲမှာ ပြိုင်ဘက်ကိုနှိမ့်ချ၊ လုပ်ကြံစွပ်စွဲ သိက္ခာချတဲ့နည်းလမ်းနဲ့တိုက်ခိုက်မှုဟာလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုအားနည်းသူတွေလုပ်လေ့ရှိတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ့် ပါတီကို၊ ကိုယ့်တစ်ယောက်ချင်းကို ဒီလိုသိမ်းကျုံးစွပ်စွဲတိုက်ခိုက်မှု အပေါ်မှာ ပါတီဝင်များတွေဝေဖို့မလိုပါဘူး။ ဒီလိုလုပ်ဖို့ ဒီလိုပြောဖို့စွပ်စွဲ တိုက်ခိုက်ဖို့ တာဝန်ယူထားသူက သူ့အလုပ်သူလုပ်တာဖြစ်လို့ ကိုယ် ကလည်းကိုယ့်အလုပ်ကိုတည်တည်ငြိမ်ငြိမ်ခိုင်ခိုင်မာမာနဲ့၊ ပြင်းထန်တဲ့ ဝါယမစိုက်ထုတ်မှုနဲ့ ဆောင်ရွက်သွားကြဖို့ပဲ တိုက်တွန်းပါတယ်။ ကျွန်တော်တို့စုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးခိုင်မာ အားကောင်းပြီးစီးပွားဖွံ့ဖြိုးစေမယ့် ရည်မှန်းချက်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဗမာလူမျိုး ကြီးပါတီမဟုတ်ပါဘူး။ တိုင်းပြည်လူဦးရေမှာ ဗမာလူမျိုးစုက ရာခိုင် နှုန်း ၇ဝ လောက်ရှိနေတာဖြစ်တဲ့အတွက် ပြည်ထောင်စုပါတီကြီးမှာ ဗမာလူဦးရေအများအပြားပါဝင်တာဟာ သဘာဝကျတဲ့ဖြစ်စဉ်ဖြစ်သလို အပြစ်၊ အမှား၊ အားနည်းချက်မဟုတ်ပါဘူး။ ဒါကို ပြည်နယ်တိုင်း အသီးသီးက ပါတီဝင်အားလုံးဒေသကို ရှင်းပြတတ်ဖို့လိုပါတယ်။ ကာလယန္တရားရွေ့လျားကုန်ဆုံးသွားမှုနဲ့အတူ အသစ်အသစ်သောပါတီ ခေါင်းဆောင်မှုနဲ့ပါတီဝင်များဟာ ဒီနေ့ပါတီနဲ့အတူတူရှင်သန်လှုပ်ရှား နေကြတာဖြစ်ပါတယ်။ ခေါင်းဆောင်မှုအပြောင်းအလဲ ပါတီဝင် အဟောင်းအသစ်ဆိုတာတွေ ရှိနေတဲ့အတွက် လွန်ခဲ့တဲ့(၁ဝ)နှစ်၊ လွန်ခဲ့ တဲ့ငါးနှစ်က ပြည်ခိုင်ဖြိုးပါတီနဲ့ဒီနေ့ပြည်ခိုင်ဖြိုးပါတီရဲ့စဉ်းစားမှု၊ တွေး ခေါ်မှု၊ လုပ်ဆောင်မှုတွေဟာ တစ်ထပ်တည်းတူညီမှာ မဟုတ်သလို လူ့သဘာဝအရဖြစ်နိုင်တဲ့ အတိတ်ကာလက တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကြောင့် ဖြစ်နိုင်ဖွယ်ရာရှိသောဆောင်ရွက်မှုတွေကြောင့် ပုံဖျက်ခံရခြင်း၊ စွပ်စွဲတိုက်ခိုက်ခံရခြင်းတွေအပေါ်မှာ စနိုးစနောင့်ဖြစ် စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ လိုမယ်မဟုတ်ပါဘူး။ လူတွေနဲ့ ဖွဲ့စည်းဆောင်ရွက်ကြတာဖြစ်တဲ့အတွက် သူ့ဘက်ကိုယ့်ဘက်၊ သူ့ပါတီ ကိုယ့်ပါတီ၊ သူ့ကာလကိုယ့်ကာလ နှိုင်းယှဉ်ကြည့်တတ်၊ သုံးသပ်တတ်၊ ဆင်ခြင်တတ်ဖို့ပဲလိုအပ်ပါတယ်။ ဒီလို နှိုင်းယှဉ်သုံးသပ်တတ်ခြင်းဆိုတဲ့ အလေ့အထ၊ ပြည်သူများကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းဖို့ နှိုင်း ယှဉ်သုံးသပ်နိုင်ပြီဆိုရင် နိုင်ငံနဲ့လူမျိုးအနာဂတ်အတွက် မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်စေဖို့ ပါတီဝင်များက ကြိုးစားကူညီကြရန်လည်း တိုက် တွန်းပါတယ်။

ဥပဒေအရလွှတ်တော်တစ်ခုရဲ့ သက်တမ်းဟာ ငါးနှစ်ပဲဖြစ်တဲ့ အတွက် ငါးနှစ်တစ်ကြိမ်တိုင်းမှာ ရွေးကောက်ပွဲတွေရှိနေမှာဖြစ်သလို ဒီရွေးကောက်ပွဲအပြီးမှာ ပေါ်ပေါက်လာမယ့် လွှတ်တော်များ၊ အစိုးရ များဟာလည်း နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အလုပ်လုပ်ချိန် ငါးနှစ်ပဲရမယ်ဆိုတာ အင်မတန်ရှင်းလင်းနားလည်နိုင်တဲ့ ပေးထား ချက်ဖြစ်ပါတယ်။ မိမိတို့တာဝန်ယူရမယ့် ငါးနှစ်အတွင်းမှာ ဘာတွေ ကိုအကောင်အထည်ဖော်မယ်ဆိုတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ တည်ငြိမ် အေးချမ်းရေး၊ ကာကွယ်ရေး၊ လူမှုရေးစသည်ဖြင့် ကဏ္ဍအသီးသီး အတွက် ခိုင်မာတဲ့အစီအမံတွေ ရှိထားဖို့လိုပါတယ်။ ဒါ့ကြောင့် မိမိတို့ကို ပြည်သူများက တာဝန်အပ်နှင်းလာရင် အရင်လူတွေ ဘာလုပ်သွားလို့ ဆိုတဲ့ ဆင်ခြေမျိုးပေးစရာမလိုဘဲ ချက်ချင်းဆောင်ရွက် အကောင် အထည်ဖော်မယ့်လုပ်ငန်းတွေ ချမှတ်ထားတာကို အတိုချုပ်တင်ပြရရင် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကျွန်တော်တို့ကိုယ်တိုင် ရေးဆွဲပြီး ကျွန်တော်တို့ကာလတုန်းက လက်တွေ့အကောင်အထည်ဖော်လို့ လက် ငင်းဖွံ့ဖြိုးမှုရလဒ်တွေကို ငါးနှစ်လောက် ပြည်သူတွေ မြည်းစမ်းခွင့်ရ ခဲ့တဲ့အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး နှစ်ရှည်စီမံကိန်း (National Comprehensive Development Plan)၊ ၂ဝ၁၁ခုနှစ်ကနေ ၂ဝ၃ဝ အထိဆောင်ရွက်ရမယ့် နှစ်ရှည်စီမံကိန်းဟာ ကျွန်တော်တို့မှာ အသင့်ရှိပြီး သားဖြစ်ပါတယ်။ ဒီအထဲမှာ ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ကျေးလက်မြို့ပြ အချိုးညီဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ အသေးစိတ်တွေပါ ထည့်သွင်းရေးဆွဲထားသလို ငါးနှစ်တိတိကျွန်တော်တို့ လက်တွေ့ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်တွင်းထွက်ကုန် တိုးတက်ဖို့၊ ကုန်သွယ်မှု သွက်လက်မြန်ဆန် လုံခြုံစိတ်ချရဖို့စီမံရမယ့်အစား အခွန်နဲ့အခအပေါ်မှာ မှီခိုလွန်းတဲ့ နိုင်ငံ့ဘဏ္ဍာဖြည့်တင်းမှုစနစ်ကိုလည်း သုံးသပ်ပြင်ဆင်သွား ရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးအခြေခံ စီးပွားရေးဆိုပြီး နိုင်ငံ့လူဦးရေ ရာခိုင်နှုန်း ၇ဝ လောက် အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ လယ်ယာ ကဏ္ဍကြီးကို ပြန်လည်ထူထောင်ဖို့ တောင်သူလယ်သမားရေးရာဝန်ကြီး ဌာနအသစ်ဖွဲ့စည်းပြီး ထိထိရောက်ရောက် ကိုင်တွယ်သွားပါမယ်။

ပြည်သူ့ဝန်ထမ်းများနဲ့ပတ်သက်လို့ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင် ရေး အချိန်ကာလသတ်မှတ်ချက်နဲ့ စနစ်တကျ တိုးမြှင့်ခံစားစေခဲ့တဲ့ လစာ၊ စရိတ်ထောက်ပံ့မှုများကိုလည်း ပြန်လည် အသက်သွင်းပေးရ ပါမယ်။ ပြည်တွင်းအလုပ်သမားများအတွက် လိုအပ်တဲ့ဥပဒေ အကာ အကွယ်၊ ခေတ်ကာလဈေးနှုန်းနဲ့မျှတတဲ့ လုပ်ခလစာ ရရှိရေး၊ ပြည်ပ ရွှေ့ပြောင်းလုပ်သားများအတွက် အမိနိုင်ငံရဲ့လုပ်နိုင်သမျှသော စောင့် ရှောက်မှုကိုဆောင်ရွက်ပေးရပါမယ်။ အပြောကောင်းရုံ၊ ကြားကောင်းရုံ၊ ပါးစပ်ဖျားကဒီမိုကရေစီအစား တာဝန်ယူမှု၊ တာဝန်ခံမှု သူ့စည်း ကိုယ့် စည်း နားလည်တဲ့ စည်းကမ်းရှိမှုတွေရှိမှ ဒီမိုကရေစီရဲ့ အနှစ်သာရ ကိုပြည့်ပြည့်ဝဝ ခံစားနိုင်မယ်ဆိုတာ ပြည်သူတွေ နားလည်စေရပါ မယ်။ ဒီမိုကရေစီအရေး၊ မဏ္ဍိုင်သုံးရပ် အပြန်အလှန်ထိန်းကျောင်း နိုင်ရေး၊ စည်းလုံးညီညွတ်မှုခိုင်မာပြီး အပြန်အလှန် စာနာနားလည်မှု ရှိတဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးများနဲ့ပတ်သက်လို့ ဆောင်ရွက် မယ့် ကိစ္စတွေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအပေါ် ပါတီသဘောထားကို အစည်းအဝေးအဖွင့်မှာတင်ပြခဲ့ပြီးပါပြီ။ တည်ဆဲဥပဒေ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများကို အခုလွှတ်တော်မှာ အင်အား အသာစီးနဲ့ ခြေမြန်လက်မြန်ဆောင်ရွက်နေကြတာ အားလုံးအသိပါ။ အန္တရာယ်ကြီးတဲ့ ဥပဒေတွေ၊ ဥပမာ-ကလေးသူငယ် အခွင့်အရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမျိုးဟာ ကျွန်တော်တို့ကို ပြည်သူက တာဝန်ပေးတဲ့အချိန်မှာ ချက်ချင်းပယ်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ အလား တူပဲ ပြည်သူ့လုံခြုံရေး ရပ်ရွာအေးချမ်းသာယာရေးကို အာမခံပေး နိုင်မယ့် ဥပဒေတွေ ချက်ချင်းပြဋ္ဌာန်းပေးသွားမှာပါ။

လူ့အဖွဲ့အစည်းတစ်ခုရဲ့ အနာဂတ်ကိုပုံဖော်ဖန်တီးမှာက လူငယ် တွေပါ။ ပါတီအတွက်ရော နိုင်ငံတော်အတွက်ပါအရေးပါတဲ့ လူငယ် များ ဗလငါးတန်နဲ့ပြည့်စုံဖို့ဖန်တီးပေးရမှာက ကျွန်တော်တို့ ဒီနေ့လူကြီး တွေရဲ့တာဝန်ပါ၊ လူငယ်နဲ့ ပညာရေး၊ လူငယ်နဲ့အားကစား၊ ဇာတိဂုဏ် ထိန်းသိမ်းရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေးနယ်ပယ်များအပါအဝင်

မိမိကိုယ်ကို တည်ဆောက်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးအထိ မျှော်မှန်းလေ့ကျင့်ပျိုးထောင်ရပါမယ်။ အလားတူပဲ ခန္ဓာဗေဒအရ ဖွဲ့စည်းမှုကွဲပြားပေမယ့် တိုင်းပြည်နဲ့လူမျိုးအတွက် သတ္တိ၊ ဗျတ္တိပြည့်စုံပြီး စွမ်းရည်ရှိထက်မြက်တဲ့ အမျိုးသမီးအင်အားများ တိုးပွားလာအောင် လေ့ကျင့်မွေးမြူ တာဝန်ပေးသွားရပါမယ်။

ခေတ်သစ်မှာ အရပ်သားပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် တစ်ဦး တစ်ယောက်ကောင်းနဲ့ နိုင်ငံတော်ကို တည်ဆောက်လို့ မရပါဘူး။ အကြောင်းကြောင်းတွေကြောင့် တစ်ဦးတစ်ယောက်တည်းရဲ့လက်မှာ နိုင်ငံတော်အာဏာများ စုပြုံအပ်နှံလိုက်သည့်တိုင်အောင် အမျိုးသားရေး ကိုယ်ခံစွမ်းအားမကောင်းရင် အမျိုးသားရေးတည်ဆောက်မှုကို ဘယ်လို မှ တည်ဆောက်နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊ တစ်ပါတီတည်းရဲ့ ပြိုင်ဘက်မရှိ ဦးဆောင်မှုနဲ့ ရှေ့ကို တိုးမယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးများမလား၊ အကျိုးနည်းနိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား တစ်နည်းအားဖြင့် မြန်မာ့အမျိုးသားရေး အားပျော့ကျဆုံးသွားလို့ မရပါဘူး။ မြန်မာ့သမိုင်းကိုပဲကြည့်ကြည့်၊ ကမ္ဘာ့သမိုင်းကိုပဲကြည့်ကြည့် အမျိုးသားရေးခိုင်မာထက်သန်တဲ့အချိန်မှာ တောင့်တင်းခိုင်မာတဲ့ လူမှု အဖွဲ့အစည်းများ၊ နိုင်ငံတော်များကို တည်ထောင်ပေါ်ထွန်းစေနိုင်ခဲ့ပါ တယ်။ အဲဒီနိုင်ငံများလည်းနောက်ပိုင်းပျက်သုဉ်းကျဆုံးသွားရတာက ဒီမိုကရေစီအာဏာရှင်အပါအဝင် တစ်နည်းနည်းနဲ့ ဖြစ်တည်လာတဲ့ အာဏာရှင်စနစ်ကြောင့်ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ဖို့လိုပါတယ်။ ဒါကြောင့် အမျိုးသားရေးကိုယ်ခံအားကောင်းသူ များ (၁၃၅)မျိုးသော တိုင်းရင်းသားပြည်သူများရဲ့ အကျိုးစီးပွားကို အမှန်တကယ် လိုလားသူများ အချင်းချင်း လူမျိုးကြီး လူမျိုးငယ်မဟူ ပါတီကြီးငယ်မရွေး သံသယကင်းရှင်းစွာ စုပေါင်းလက်တွဲပြီး ပြည် ထောင်စု နိုင်ငံတော်ကြီး တစ်ခေတ်ဆန်းဖို့ အားသွန်ကြိုးပမ်းကြပါလို့ တိုက်တွန်းပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ နိုင်ငံ့အရေးကို ဆောင်ရွက်ရာမှာ ပြည်သူနားလည် လက်ခံပူးပေါင်းဆောင်ရွက်မှုရှိမှ အောင်မြင်မှာဖြစ်တဲ့အတွက် မိမိတို့ ဆောင်ရွက်ချက်၊ ရှေ့ရည်မှန်းချက်၊ ကိုယ်ဘာလုပ်နေတယ် ဘာဆက်လုပ်မယ်ဆိုတာ ပြည်သူတွေကျယ်ကျယ် ပြန့်ပြန့်သိဖို့လိုပါတယ်။ အဲဒီအတွက် ပြည်သူ့ဘက်တော်သား စတုတ္ထ မဏ္ဍိုင်လို့ခေါ်တဲ့ ''မီဒီယာ''တွေရဲ့ ဘက်လိုက်ခြင်း ကင်းတဲ့မျှတတဲ့ ပြည်သူ့အကျိုးကိုပဲရှေးရှုတဲ့ အကျိုးပြုစွမ်းအားများကို ဖိတ်ခေါ်ပြီး ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့်လည်းပဲ နိုင်ငံရေးပါတီများမှ လုပ်လေ့လုပ်ထနည်းပါးတဲ့ ပါတီဗဟိုကော်မတီ အစည်းအဝေးသတင်းရယူနိုင်ဖို့အတွက် မီဒီယာများကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး ဒီအစည်းအဝေးအပြီးမှာလည်း ထပ်မံတွေ့ဆုံပြီး သိလိုတာများ ရှင်းလင်းပြောကြားပေးမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုနိဂုံး ခင်ခင်

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...