အချို့အသည်းကွဲပုံက ပျော်ရွှင်ဖွယ်
ချစ်ချင်တဲ့သူကို ချစ်ခွင့်ရခဲ့လို့
ကွဲရကျိုးနပ်တယ်…...
ပြန်တွေးတိုင်း ကြည်နူးမိဦးမှာ ယုန်ဖြူလေးရယ် ။
အသက်မဲ့သွားတဲ့ အသက်ရှူချိန်များ
လည်ပတ်ရင်း ရပ်သွားတဲ့ နာရီများ
သေတတ်ဖို့တောင် စဉ်းစားမိသူအဖို့
ကျေနပ်ပါတယ်
ဝေးတာသေချာပြီးနောက် နေတတ်သွားမှာပါ ။
ရှည်ရှည်ဝေးဝေး မဆွေးတော့ပါဘူး
တစ်ခုခုအဆင်မပြေတဲ့အခါ ငါ့ကို သတိရပါ
ဒီလောက်ပဲ…
တစ်ခုခုဆို ငါ့ကို သတိရပါ ။ ။
31-1-2018,6.25am

No comments:
Post a Comment