Monday 27 January 2020

© လူတွေထဲက လူသား

လောကမှာ နတ်သမီး အရောင်ဆောင်ထားသော ခွေးမတွေ အများကြီး ရှိနေတယ်...၊ တစ်ချို့က ကနားပွဲက နတ်မင်းသမီးတွေကို နတ်ဘုရား ထင်ကြသေးတယ်....၊

ဘဝက အတိတ်နမိတ် မကောင်းရင်လည်း ၊
မျက်လုံးတွေ အားလုံးကိုသာ မှိတ်နေ လိုက်ပါ ......

ပတ်ဝန်းကျင် အကောင်းမြင်ဖို့အတွက်
နတ်ပွဲ တွေလုပ် ပူဇော်ပသလို့ ဖူးမျှော်နေလည်း အနာဂတ် က ဘာမှထူးမလာဘူး....

ရန်သူတွေဟာ သင့်ပတ်ဝန်းကျင်က
 သင့်မိတ်ဆွေတွေပဲ ၊
ရှေ့က ဘာလုပ်မလဲ သူတို့က ကန့်လန့်တိုက်ကြလိမ့်မယ် ၊
နောက်ထပ်ဘာလုပ်မလဲ သူတို့တတွေက ကန့်လန့်တိုက်ကြလိမ့်မယ် ၊
ဒါဟာ သင့်နဲ့ ပတ်သတ်နေသော သင့် ပတ်ဝန်းကျင်ပဲ ။

အသုံးအကျဘူး.... လူရာမဝင်ဘူး....
_________====___________

လောကကြီးအတွက် သင့်ကို အသုံးပြုနေကြသော်လည်း သင်ဟာ ဒီလမ်းတွေထက်မှာ သင့်ကို အသုံးမဝင်ဘူးလို့ ဘဝင်မြင့်နေတဲ့ လူတွေက ပြောကြလိမ့်မယ် ၊

လူရည်ချွန်လို လူလို ကျင့်၍ မြင့်မြင့်ကြံဆ နေလည်း လူတွေက ကြုံတွေရတဲ့ လက်တွေ ဘဝတွေမှာ တစ်ခါတစ်ရံ လူရာမဝင်ကြတာတွေက အရမ်းရယ်ရတယ် ၊

ဘဝဆိုတာ တကယ်ပဲ စိတ်ကူးယဉ် ဆန်ပါတယ် ၊ စိတ်ထဲ မကောင်းဆိုးဝါး တွေတော့ မထည့်သွင်းလိုက်နဲ့ လောကကြိ်းမှာ ကောင်းချင်းအခြင်းအရာထက် မကောင်းခြင်း အကြောင်းအရာ တွေက ပိုမို များပြားနေမှာပဲ.၊

မင်းသာ အမြင့်မှာ ဆိုရင် မင်းကို
မြင်ရင် ဖားယားပေါင်းသင်းကြလိမ့်မယ် ၊
ကွယ်ရာကြ စောက်ဖောင်းတွေ
ထုကြလိမ့်မယ် ၊

မင်းသာ အောက်မှာ ရောက်နေရင်
မြင်တာနဲ့ စောက်ပြစ်တွေ တရစပ် ပြောကြလိမ့်မယ် ၊
ကွယ်ရာရောက်ရင် မင်းကို မေ့ဖျောက်ထားကြလိမ့်မယ် ၊
ဒါဟာ လောကကြီးရဲ့ လူသားတွေပဲ
မိမိဘဝကိုယ် မိမိ အမြင့်ဆုံးကို လှမ်းလျောက်ပြီး လက်တွေကမ်းနိူင်အောင် ကြိုးစားရလိမ့်မယ် ။

ပတ်ဝန်းကျင်ကတော့ သင်ကောင်းသည် ဖြစ်စေ မကောင်းသည် ဖြစ်စေ ဝိုင်းဝန်းပြီး လက်ညှိုးထိုး ကြမှာပဲ ၊
မင်းနဲ့ ပတ်သတ်နေသော လူတွေကတော့ အရှက်ရှိကြမှာ မဟုတ်ဘူး ။

မြေအောက်ကနေ အမြင့်ဆုံး ကိုရောက်ဖို့
မင်းက ရှက်တတ်မှာ ဖြစ်လိမ့်မယ်။

....ဘာအတွက်နဲ့ စိတ်ဓာတ်မကျနဲ့ ....


             အဓိပတိ ကမ္မ
       26-1-2018,10.30am

No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...