Thursday 16 January 2020

✳DEPRESSIVE✳
--------------

ဒီကမာ ္ဘဒီလောကကြီး
ဒီပတ်ဝန်းကျင်မှာ ငါဘဝကို
ရယ်ရွှင်စရာ ပျော်စရာတွေနဲ့ ရင်းရင်းနှီးနှီး မနေထိုင်ရတဲ့ အချိန်တွေ အများကြီး ကြာခဲ့ပြီ......
ဘဝကို ပျော်ပျော်နေထိုင်နေတဲ့ ငါကို
ဘာအတွက်ကြောင့် စိတ်ညစ်စရာ စိတ်ဓာကျစရာတွေ အမြှောက်အများကို ပေးနေတာကို
တကယ်ပဲ
ကျွန်တော်နားမလည်နိူင်တော့ဘူး.....
လောကမှာ တရားမျှတမှုတွေကို အဘယ်မှာရှိနိူင်မလည်း....

ငါရဲ့ ဝင်သက်ထွက်သက်တွေ ဖြစ်တဲ့ ဝင်လေထွက်လေတွေက ငါကို စိတ်မချမ်းမြေ့စရာတွေ ကိုပဲ အမြဲ ပေးနေရတာလည်း.....

လွတ်လွတ်လပ်လပ် ပျော်ရွှင်ရယ်မောခြင်းတွေ ကို လောကကြီးက ရည်ရွယ်ချက်ရှိရှိ
 ငါနဲ့ ကင်းကွာအောင် လုပ်ဆောင်နေကြတာလား.......

အမှန်တကယ်ပဲ လောကကြီးက ရှင်သန်ချင်စရာ မကောင်းလှပါဘူး.....
ဒီပုံစံမျိူးတွေသာ ဒီဘဝကြီးကို ထပ်မံဆက်တိုက်လာနေမယ်ဆိုရင်
ငါ ဒီကမာ ္ဘဒီလောက ဒီပတ်ဝန်းကျင် ကနေ ရုန်းကန်ထွက်မိမှာ အမှန်တကယ်ပဲ......

လူဘဝရဲ့ မွေးဖွားခြင်းမှာ ကောင်းသော ကံဇာတာ ပါမလာ
လူဘဝရဲ့ ရှင်သန်ခြင်းမှာလည်း ကောင်းသော ကံတရားတွေ ပါမလာနဲ့
လူဘဝကနေ ရုန်းထွက်ဖို့ ခွန့်အားတွေကို
လောက က ပေးအပ်ခြင်းတွေပဲလား....

ရှင်သန်ခြင်းမှာ ပျော်ရွှင်ကြည်နူးခြင်းတွေသာ မရှိခဲ့ရင် ဘဝက ရှင်သန်ဖို့ မလွယ်ကူလှပါဘူး.....

စိတ်ဓာတ်ကျဆင်းခြင်း ဘဝကနေ ရုန်းထွက်ပြီး ပျော်ရွှင်စရာ ဘဝကို ပိုင်ဆိုင်ရဖို့ ငါကြိုးစားပြီး ငါပြေးထွက်ခဲ့ပါသေးတယ်....

ဒါပေမယ့် ရှေ့ကို ငါ ခရီးမရောက်ခဲ့ဘူး...
ဒါဟာလည်း ငါအတွက် ဝမ်းနည်း ခြင်းအကြောင်းအရာထဲ မှာ တစ်ခုအပါအဝင်ပါပဲ.....

လောကကြီးကနေ ထွက်ခွာသွားဖို့ လောကက ငါကို အမိန့်ပေးနေတာ ကို ငါနာခံရတော့မယ် ထင်တယ်....

    နားလည်းမှု စာနာတတ်မှု ကိုယ်ခြင်းမစာနာမှု ဖြုစင်မှု ဖြောင့်မတ်မှု ကိုယ်ကျ့င်တရားကောင်းမှု
သက္ခာရှိမှု အပြန်အလှန်လေးစားမှု လူလိုသိမှု လူစိတ်ရှိမှု လူလိုသိမှု လူလိုကျင့်မှု ...
ဘာဆိုဘာမှ တွေ့ရှိခြင်းမရှိသော ဒီလောကမှာ ငါမနေချင်မိတာကတော့ အမှန်ပဲ.....
တစ်ခါတစ်လေ
 ငါဘဝ ငါရုပ် ငါနာမ်ကို
ငါစွ့န်ပစ်ချင်စိတ်တွေ ဖြစ်ပေါ်နေတယ်...

အခုလည်း စိတ်ကျရောဂါ ငါ ရနေတာပဲလား မသိတော့ဘူး....
ငါဘဝကို  ငါ စိတ်ပျက်လာတယ်
ငါအနာဂတ်တွေ ကို ငါမခင်မင်တတ်တော့ဘူး....
ငါကိုငါ ချစ်စိတ်တွေ လျော့ပါးလာနေပြီ....
ငါိုငါ တန်ဖိုးထာတတ်မှု မရှိသလောက် ရှားလာပြီ....

ငါဘဝကို ငါ ဖျက်လိုဖျက်ဆီးချင်စိတ်တွေ ဖြစ်ပေါ်နေတယ်......
ရှင်သန်ခြင်းတွေကို ငါမလိုချင်တော့ဘူး
ငါနဲ့ အနီးဆုံးက သေခြင်းတကားတွေကိုပဲ ငါရွေးပြီး နာခံမိနေတယ်....

          အဓိပတိ ကမ္မ
      12-1-2018.12-35pm

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...