Saturday 18 June 2022


 

ပွင့်ပွင့်လင်းလင်း ပြောရရင် နင်ကို အခု ငါမလိုချင်တော့ဘူး ငါကိုယ့်ငါပဲ ပြန်လိုချင်မိတာ တစ်ခုပါပဲ ...

နင်နဲ့မပတ်ခဲ့ဘူးတဲ့ အူကြောင်ကြောင်ကောင်ကလေးတစ်ယောက်အဖြစ်ပဲ ငါတကယ် လိုလိုလားလား နဲ့ပြန်လိုအပ်နေတာတစ်ခုပါပဲ မိရှင်နွေရယ် ...

ငါကသာ အဖြစ်တွေသည်းလွန်း ကဲလွန်းခဲ့တာ နင်ကတော ငါနဲ့ပြတ်တာတောင်မကြာသေးဘူး အသစ်တစ်ယောက်နဲ့ အချစ်အဟောင်းမေ့ပစ်နိူင်လိုက်တာ ငါဖြစ် အံ့ဩရတာ တကယ်ပါပဲ မိရှင်နွေရယ် ....

ငါကအရင်လိုပါပဲ ခံစားလွယ်တုန်း သိမ်ငယ်လွယ်တုန်း အားငယ်လွယ်တတ်တဲ့ စုပ်ချာချာ ငါညံ့ ငါနှံတစ်ကောင်အတိုင်းပါပဲဟာ တွေ့သမျှလူတိုင်းရဲ့ လှည့်စားခြင်း ကိုအမြဲခံနေရတာ ခပ်ညံ့ညံ့ ခပ်ပေပေ တစ်ယောက်ကို နင်က ခပ်ခွာခွာ နေခဲ့တာပဲ ကောင်းပါတယ်လို့ အကောင်းဘက်ကနေ မြင်ကြည့်ပေမယ့်လည်း ငါဝမ်းနည်းလာတာပဲ အဖတ်တင်ပါတယ် မိရှင်နွေရေ ...

နင်လည်း နင့်ရည်းစားအသစ်ကြီးနဲ့အစဉ်ပြေဖို့ ကြိုးစားပါ ၊

ငါနဲ့တော့ နာမည်တွေ မှားယွင်းပြီး မခေါ်မိစေနဲ့နော် ဘာမှမဆိုင်တော့ပေမယ့် သူနဲ့ငါ နဲ့က နာမည်ဆင်တူကလေးဆိုတော့ နင်မှားပြီး ခေါ်မိမှာ ဘာမဆိုင်ညာမဆိုင် ငါစိုးရိမ်လို့ပါ ...


နင်ပျော်ပါစေကွာ ငါနဲ့တုန်းက ပျော်ခဲ့သလောက်တော့ နင်မပျော်ရွှင်ပါစေနဲ့ ....



အဓိပတိကမ္မ 




No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...