Wednesday 9 October 2019

သိမ့်ချစ်တာပေါ့ ရှင်နွေရယ် .၆
_________________

ရှင်နွေလေးရယ် ငါရဲ့ အဝေးကို နင်ထွက်သွားတော့မှာလား......

နင့်အကြောင်းတွေ ကြားလိုက်မိတိုင်း ရင်နာမိသလို 
ငါထင်ထားသလောက် နင်က သိက္ခာမရှိ လှဘူး....

ငါလည်းတွေးမိတိုင်း
ဝမ်းနည်းလို့ မျက်ရည်တွေတောင် ကျမိသေးတယ်....

ကျမ်းစာတွေ ဖတ်လည်း အချစ်က ဆန်းမလာနဲ့တော့ ကြာရင် ငါလေ ရူးတော့မှာ အမှန်ပါပဲ ရှင်နွေ.....

ရှင်နွေ အမည်ကို အော်ခေါ်ပြီး ငိုခဲ့ရတဲ့
ထင်းရှူးတောထဲမှာ ငါ့ ရဲ့ထင်းရှူးသား ဂစ်တာအိုလေးကို ငါ မြုပ်နှံခဲ့ပြီးပြီ......

နင်အတွက် ငါမျက်ရည်မကျတော့ဘူးလို့ 
ငါ ဂတိသစ္စာ တိတ်တဆိတ် ဆိုခဲ့ဖူးတယ်.....

ရှင်နွေ
နင်မဟုတ်တဲ့ အခြား ပန်းပွင့်သာ ငါ
တွယ်တာချင်မိတယ် .....

ငါတကယ် နင်အတွက် အနှောက်အယှက်ပေးတဲ့ အကောင်တစ်ကောင် မဖြစ်ချင်တာ အမှန်ပါပဲ.....

အထီးကျန် ဆန်မှုတွေက ငါကို အရူးလုပ်နေကြပြီ.....

ငါဟာတကယ်ပဲ အားလုံးပြောကြသလို 
ခရေပင်အောက်မှ နှင်းဆီတွေ ကြွေ ကျတာ
ကို စောင့်နေမိတာလား.....

ရှင်နွေအကြောင်းတွေ တွေးမိလေတိုင်း
ကျွန်တော်နှလုံးသားတွေက ရောင်ယမ်းလို့
ထထအော်နေမိတာက "ချစ်တာ အပြစ်လားတဲ့,"...

ကျွန်တော်က ရှင်နွေန့ ပက်သတ်ပြီး ခံစားချက်ပြင်းတဲ့ ခံစားမှုမျိုး နဲ့ နောက်ထပ် မခစားချင်တော့ဘူး....

တကယ်တမ်းပြောရရင် အရှုံးတွေနဲ့ လက်ပြနှုတ်ဆက်ခွင့် မရရှိခဲ့ပါဘူး....

လက်မှိုင်ချလို့ မလတ်ဆတ်တော့တဲ့ ဒီနှလုံးသားထဲက အချစ်တွေဟာ တကယ်ပဲ ဈေးပေါသွားခဲ့ပြီလား.....

ဘာကြောင့်များ ငါရဲ့ အိမ်မက်တွေ အိပ်စက်မှုတွေကို ဖျက်ဆီးခဲ့ရတာလည်း.... ငါတကယ် မသိခဲ့ဘူး.....

ရှင်နွေ
နင်မရှိတဲ့ ရှင်သန်ခြင်းတွေမှာ အဓိပ္ပါယ်မရှိနိုင်ဘူး......

ငါတစ်ယောက်တည်း ရပ်တည်လို့ မဖြစ်သလို
နင်မှာလည်း ငါမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ မဟုတ်လား.....

နင်မရှိသေးတဲ့ ငါ ဘဝနေရက်စွဲတွေမှာ
ငါ သေဆုံးခဲ့ရင် တောင် တစ်မျိုးကောင်းမှာပဲလို့ တစ်ခါတစ်ရံ 
တွေးတောငေးမောမိတယ်.....

နင်ရဲ့ ဆွဲမက်ဖွယ် စကားသံ သဲ့သဲ့လေးက 
ငါနှလုံးသားကို ပဲ့စေခဲ့တာ ငါမသိခဲ့ရဘူး.....

နောက်ဆုတ်ခွင့်ပဲ ရရှိတဲ့ ငါအတွက် လက်ပြနှုတ်ဆက်ခွင့် ခဏတာတော့ ပေးသင့်ပါတယ်....

ငါလည်း လက်ပြနှုတ်ဆက်ပြီးရင် 
တစ်သက် မလွမ်းတော့ဘူးလို့ နှလုံးသားကို တိုင်တယ်ပြီး အတိုင်းအတာ တစ်ခုအထိ သစ္စာဂတိတွေ ဆိုထားပြီးခဲ့ပြီ.......

ငါရဲ့ ဂတိကို ငါဆောက်တည် 
ငါရဲ့ ဂတိကို ငါပဲ ဖျက်ခဲ့မိပြီ....

ငါရဲ့ သစ္စာကို ငါ ဆိုခဲ့ပြီးမှ ငါဟာ
ငါရဲ့ အလွမ်းကဗျာတွေနဲ့ ရင်ကို မနွမ်းအောင် ရေလောင်းပေးနေမိတယ်......

သတိမရှိ အသိမရှိတဲ့ ငါ
ဘာမှ သုံးမရသော နှလုံးသားတစ်စုံကတော့
ရှင်နွေဆိုသော မိန်းမပျိုလေးရဲ့ စီရင်ထုံးဖွဲ့မှုကြောင့် ....

ေ သ ဆ ုံး သ ြာ း ခ ဲ့.....ၿပီ......ေပါ.့.....
    
 အဓိပတိ ကမၼ
          18-12-2017 MON


No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...