Thursday 17 October 2019

လက်နက်များဖမ်းဆီးရရှိမှုနဲ့ တပ်မတော်

လက်နက်များဖမ်းဆီးရရှိမှုနဲ့ တပ်မတော်

ဒီမိုကရေစီ နိုင်ငံရေးလောကမှာ ဝေဖန်ရေးသား ပြောဆိုမှုဟာ အဓိကအကျဆုံး အခန်းကဏ္ဍမှာ ပါပါတယ်။
ဒီမိုကရေစီရဲ့ အဓိကအစိတ်အပိုင်းဟာလည်း 
ဝေဖန်ထောက်ပြ ရေးသားခြင်း ပါပဲ....

ဝေဖန်ရေးကို အမှီပြုပြီး ပုတ်ခတ်တာဟာလည်း
နိုင်ငံရေးလောကကြီးကို အထောက်အကူ ပေးလိမ့်လို့
ခင်များတို့ ထင်နေရင် မှားယွင်း သော အယူအဆ 
တစ်ခုပါပဲ......

မှားယွင်းသော အယူအဆတွေကို သိသိလျက်နဲ့ 
လက်ခံနေမယ် ၊ ကျင့်သုံးနေမယ်ဆိုရင်
တိုင်းပြည်က လမ်းမှားပေါ် ရောက်နေတဲ့ ရထားလိုပဲ
ပြေးသလောက် မှားနေမှာ အသေအခြာ ပါပဲ.....

မှားမှန်းသိသိလျက်နဲ့ ဆက်မှားနေမယ်ဆိုရင် 
လောကမှာ သင် လောက် မိုက်မဲသော လူမျိုး ရှိမယ်မထင်ပါ......
သူတော်ကောင်းကို မချီးမွန်းတာ ဘာမှ မဖြစ်ပါဘူး
မကောင်းဆိုးဝါး တွေကို ချီးမွန်းမိရင် တော့ သင်
အပြစ်ဖြစ်လိမ့်မယ်....
တကယ် တိုင်းပြည်ကို ကာကွယ်နေတာက ဘယ်သူတွေလည်း .....
တကယ် တိုင်းသူပြည်သား ကို ကာကွယ်စောက်ရှောက်နေတာက ဘယ်သူတွေလည်း .....

တိုင်းတစ်ပါး သားနဲ့ ပေါင်းပြီး တိုင်းပြည်ကို ဖျက်ဖို့ ကြံနေတာကို သွား ဂုဏ်ပြုမိရင်တော့ သင်ဟာ တိုင်းပြည်နဲ့လူမျိုး အပေါ်. အမျိုးသားရေး သစ္စာ ဖော်ဖျက်သော
အမျိုးဖျက်တာပါပဲ

တိုင်းပြည်မှာ ပြသနာ တစ်ခုတက်တိုင်း ဟိုပုတ်ခတ် ဒီပုတ်ခတ်နဲ့ ခင်များတို့ ပါးစပ်တွေလည်ယ အပုပ်နံ့တွေ ထွက်မှန်းမသိ ထွက်နေကြပြီ......

နလပိန်းတုံး ဦးဏှောက် နဲ့ စီးပွား ရေး လုပ်ငန်းရှင် ဆီမှာ လက်နက်တွေ တွေ့ရှိတာနဲ့ ဘာမဆိုင် ညာမဆိုင်
ဟိုစွပ်စွဲ ဒီစွပ်စွဲနဲ့ အားလုံးကို မျက်နှာဖုံး အစွပ်ခံထားရတာကြ ဘယ်သူမှ မသိကြဘူး.......

ပြသနာ တစ်ခုကို အကြောင်းရင်း မခိုင်လုံပဲ 
ပတ်ပတ်ရမ်းနေတာက ပညာရှိ လုပ်ရပ် လို့ ထင်နေလား.. ..
သေခြာတွေးကြည့်စမ်းပါ...
ရှင်းလင်းစွာ မြင်တွေ့ရပါလိမ့်မယ်...

ဦးကိုနီ ပြီးရင် ဘယ်သာအလှည့် ညာလူ့အလှည့်နဲ့
အကြာက်တရားတွေ ဖုံးနေကြတာ အတော်လေး ဟာသ မြှောက်လွန်း လှပါတယ်။
အမှန်တကယ်ပြည်သူအပေါ် သစ္စာဆောက်တည်မှု အပြည့်အဝသာ ရှိရင် ဘယ်သူကိုမှ ကြောက်စရာမလိုဘူး
ဘယ်အဖွဲ့ အစည်းကိုမှ ကြောက်စရာ မလိုပါဘူး ။

ပြည်သူအပေါ် သစ္စာဆောက်တည်မှု မရှိ ပြည်သူအပေါ်ကို သစ္စာ ဖောက်ဖျက်ရင်တော့
ပြည်သူကပဲ အပြစ်ပေးကြလိမ့်မယ်။
ကျွနိုပ်တို့
တိုင်းပြည်က ပြည်သူတွေ အတော်များများက
အမြင်မကျယ်ကြဘူး ပြောတိုင်း ယုံတတ်ကြတယ် 
ပြည်သူတွေ အမြင်ကျယ်ဖို့ မျက်မှန်တပ်ပေးစရာ မလိုဘူး
စာများများ ဖတ်ပေးဖို့ လိုအပ်လိမ့်မယ်
တစ်ချို့ တစ်ချို့ လူ့ အသိုက်အဝန်း ကလူတွေက
တစ်ဖက်သတ် တစ်ဖက်စောင်းနင်းရေးထားသော် စာအုပ်တွေဖတ်ပြီး မျက်စိတစ်ဖက် ကန်းနေကြတယ်
နားတစ်ဖက် ကန်းနေကြတယ်။

ကန်းမှန်းတောင် မသိအောင် ကန်းနေကြတယ်
မျက်စိတင်ကန်းတာမဟုတ်ဘူး မိုက်ကန်းကန်းတွေ ကလည်း အများကြီး
ငါတို့ အမေက ဘယ်လို ငါတို့အမွှေက ဘယ်ပုံ တောင်ပြောမြောက်ပြောနဲ့ မြှောက်ပ့င် ပြောဆိုနေတာကို
တစ်ခါတစ်လေကြ မြင်ပြင်းကပ်မိတယ်

အမှားအမှန် အကောင်းအဆိုး ကို နားလည်တတ်အောင် ကြိုးစားပြီးမှ စွပ်စွဲသင့်ပါတယ်
ဟုတ်၏မှန်၏ ဖြစ်၏မဖြစ်၏ လေ့လာပြီးမှ ပြောဆိုသင့်ပါတယ်။
အခုဟာက တစ်စိတ်ရှိ တပ်ကဖြစ်နိုင်တယ်
တစ်ခုဖြစ်လိုက် တပ်မတော်ကြောင့်နဲ့ တပ်မတော်ပဲ
ရှိတာလား 
ခင်များတို့ အသုံးမကျတာကို တပ်မတော် အသုံးမကျတာပါလို့ ပြောဆိုနေတာကတော့ အတော်လေး 
အသိဥာဏ် ခေါင်းပါးလွန်းလှပါတယ်။
ကျွန်ုပ်က တပ်က မဟုတ်သလို တပ်မတော် အသိုင်းအဝိုင်းထဲကလည်း မဟုတ်ပါဘူး
ဖြစ်သင့်ရာ ဖြစ်သည့်ကြောင်း ပြောပြတာပါ
မဖြစ်သင့်တာ ဖြစ်အောင်လုပ်နေရင်တော့ ဖြစ်ချင်ွ ဖြစ်ချင်တာတွေလာမှာ မဟုတ်ပါဘူးလို့
အကြံပြု ပြောကြားလို့ပါတယ်.၊၊ ။ ။ ။
      please share now©®©®
              အဓိပတိ ကမ္မ
                17-10-2017


No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...