Wednesday 9 October 2019

သူတို့လိုလည်း မြင့်မြင့်ကို မခုန်နိုင်

သူတို့လိုလည်း ငါ မသန်စွမ်း

သူတို့လိုလည်း အားမာန်တွေ မရှိဘူး

သူတို့လိုလည်း ပျံသန်းဖို့ အတောင်ပံမပါ

သူတို့လိုလည်း ဝေးဝေးကို မသွားနိုင်......

ငါဟာ ဘာမှ အသုံးမကျတဲ့ အကောင်တစ်ကောင်ပဲလို့
ငါ တွေးနေမိတယ်....

တစ်ခါတစ်ရံ စိတ်ဓာတ်တွေလည်း တဖြည်းဖြည်း ကျလာတယ်လို့ တွေးနေမိပြန်တယ်....

ငါဟာ လမ်းအဟောင်းက လမ်းဆုံတစ်ခုမှာ 
ရပ်နေတာ နှစ်ပေါင်းမနည်းတော့ဘူး....

ဘာရယ်မဟုတ် ဘာညာမဟုတ် ဘာအတွေးတွေလည်း 
ငါ ဘာမှ မသိတော့ဘူး........
  
အဓိပတိကမ္မ
၁၀ ၁၁ ၂၀၁၇

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...