Saturday 17 February 2024

 ဒီနေ့နဲ့မနက်ဖြန်အတွက် ဘာဆုတောင်းပြီးပြီလည်း။

သင်တောင်းသော ဆုတွေသည် ပြည့်ဝခဲ့လို့ ရှိပါသလား ။


 သက်တောင့်သက်သာစွာ နေထိုင်နိူင်ဖို့အတွက်လား ။

 ဘေးကင်းလုံခြုံစွာ အသက်ရှင်နေထိုင်နိူင်ဖို့အတွက်လား။

အစားအသောက်များ လျှံပယ်စွာ စားသောက်နိူင်ဖို့အတွက်လား။

သင်၌ သုံးစွဲစရာငွေကြေး အလုံအလောက် ရှိနေဖို့အတွက်လား ။


ဒါမှမဟုတ် အထက်ပါအချက်တွေ သင်မှာ ပြည်စုံနေပြီလား ပြန်တွေးကြည့်ပါ ။


ထိုအရာတွေအတွက် သင်တောင်းဆုတွေက မှန်ကန်နေရဲ့လား ။

ဆုတွေတောင်းတယ် အကြိမ်ကြိမ်ပါပဲ .....

ဘာအတွက်ဆုတောင်းတာလဲ ဘာကြောင့်ဆုတောင်းတာလဲ ။

သင်ရဲ့လိုအင်ဆန္ဒတွေက ဘာတွေလည်း သင်ကိုယ်တိုင် မြင်အောင် ကြည့်တတ်ဖို့ လိုအပ်ပါတယ် ။

သင့်ဒုက္ခကို သင်ကိုယ်တိုင် မမြင်နိူင်လျှင် ဘာအရာကမှ သင့်ကို မြင်နိူင်မည် မဟုတ်ပါ ။ 

ဆုတောင်းပါ ဆုတောင်းပါ ဆုတောင်းပါ 

ဘာဆုတောင်းရမလဲ သင်‌ကိုယ်တိုင်သိပြီးမှ ဆုတောင်းပါ 


အဓိပတိကမ်မ 

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...