Tuesday 6 February 2024

 @pyaephyoaungkm:ကျနော်ကပဲ လမ်းကို သတိရတာလား လမ်းကပဲ သတိရစရာတွေ ဖြစ်ခဲ့တာလား မပြောတတ်ပေမယ့် ၊ ဒီလမ်းတွေထဲ မှာပဲ တွေ့ဆုံခဲ့ကြသလို ဒီလမ်းတွေထဲမှာပဲ အိမ်ပြန်ချိန်တေ ွ မတူညီခဲ့ကြဘူး ၊

@pyaephyoaungkm:လမ်းဟာ လမ်းပါပဲ.....

ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေ ဝေတာတွေ ရှိသလို ရွက်ကြွေပင်တွေကို တွယ်ဖက်လို့ ငိုကြွေးခဲ့သူလည်း ရှိပါသေးတယ်

@pyaephyoaungkm:အသစ် အသစ်တွေနဲ့ အဖြစ်အပျက်တွေက မနေ့ကနဲ့မတူညီခဲ့ဘူး မျှော်လင့်ခဲ့တွေ ရည်မှန်းချက်တွေ ကိုယ်စီကိုယ်ငနဲ့ အိမ်မက်အသေတွေနောက်ကို တစ်စိုက်မတ်မတ် လိုက်ကြရင် မဆုံနိူင်လောက်အောင် ဝေးခဲ့တာလဲ ဒီလမ်းတွေပဲ ။

@pyaephyoaungkm:အသစ် အသစ်တွေနဲ့ အဖြစ်အပျက်တွေက မနေ့ကနဲ့မတူညီခဲ့ဘူး မျှော်လင့်ခဲ့တွေ ရည်မှန်းချက်တွေ ကိုယ်စီကိုယ်ငနဲ့ အိမ်မက်အသေတွေနောက်ကို တစ်စိုက်မတ်မတ် လိုက်ကြရင် မဆုံနိူင်လောက်အောင် ဝေးခဲ့တာလဲ ဒီလမ်းတွေပဲ ။@pyaephyoaungkm:နင့်အကြောင်းတွေလည်း ငါသိသလို ငါ့အကြောင်းတွေလည်း နင်အသိဆုံးပါ နင်ဟာပျော်နေသလား ကျေနပ်နေသလား ဝမ်းနည်းနေသလား ဝမ်းသာနေသလားလား အမြဲလိုလို ဂရုတစိုက် ကြည့်နေတတ်တဲ့ငါက@pyaephyoaungkm:နင်မပျော်မှန်း သိပေမယ့်ငေကြည့်နေရုံပဲ တတ်နိူင်တဲ့ တစ်စိမ်း တစ်ယောက်လို ဖြစ်နေပြီ

ငါကြေကွဲနေမှန်း သိပေမယ့် စာနာတဲ့စကားလုံး တစ်ခွန်းစနှစ်ခွန်းစနဲ့ နှစ်သိမ့်ပေးတတ် နင့်ကို ငါမေတ္တာရှိပါသေးတယ် မိရှင်နွေ

@pyaephyoaungkm:နှစ်ယောက်လုံးရဲ့ ရွေးချယ်မှုတွေ မှားယွင်းခဲ့လို့ ထင်ပါရဲ့ နှစ်ယောက်စလုံး မပျော်ရတဲ့ ဘဝနှစ်ခုက တစ်လမ်းထဲရှိတဲ့လမ်းကို ကျောချင်းကပ်လို့ လျှောက်လာလိုက်တာ ဝေးကွာမှုတွေက မိုင်တွေတောင် မနည်းတော့ဘူး


အဓိပတိကမ္မ 


No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...