Thursday 22 February 2024

 ဒီအချိန်အချစ်သာ ရှိရင် ရင်ထဲ ဖြစ်နေတဲ့အတွးတွ စိတ်ထဲဖြစ်နေတဲ့ အကျေလည်မှုတွကို ဖွင့်ပြောမိမှာ အမှန်ပဲ 

ဘဝမှာ 

ရင်ဖွင့်စရာ တိုင်ပင်စရာ တစ်ယောက်တာ့ လိုအပ်ပါတယ် 

လူပင်ပန်းတာရာ စိတ်ပင်ပန်းတာရာ အခုရက်ပိုင်း လူကလည်း နေလို့ သိပ်မကာင်းဘူးရယ် 

အလုပ်တွကတော့ ပြီးပါပြီ လူကတာ့ တမှိုင်မှိုင် တထွေထွေပါပဲ ။

စိတ်ထဲမှာ ပြောစရာတွေ အများကြီးပဲ မြိုသိပ့်ခဲ့တာတွေ များခဲ့လို့ ထင်ပါရဲ ဘဝမှာ ကိုယ်ရဲ့ဖြစ်တည်မှုတွေကိုတောင် ဖွင့်ပြောပြဖို့ တွန့်ဆုပ်တွန့်ဆုပ် ဖြစ်နေဆဲပါပဲ 

ငါဘာဖ့စ်ချင်တာလဲ ငါ ဘယ်လိုရှင်သန်ချင်တာလဲ ငါကိုယ်ငါ ပြန်မေးကြည့်ရင် ဖြေစရာ စကားမရှိ ။ 

ကိုယ်ချစ်ရသူဆိုတာကလဲ မရှိတာလဲ မှန်ပါတယ် 

ဘာကိုချစ်ရမယ်မှန်းလဲ ငါမသိဘူး 

ဘယ်လိုအရာသည် ချစ်ချင်စရာလဲ ငါမသိနိူင်ပါ 

အချစ်ဆိုသည်မှာလဲ လုပ်ယူရတာပဲလား ဖန်တီးယူရသည်ပဲလား 

ဒါမှမဟုတ်လုပ်ယူရသည်ပဲလား ဒီအသက်ဒီအရွယ်ထိ ငါတကယ် မသိသေးဘူး 

ဉာဏ်ရည်တွေပဲ နည်းနေလို့ ထင်ပါရဲ့ ပုန်မှန်လူတွေလို မတွေးတတ် ပုန်ကန်သူ လူနည်းစုနဲ့သာ ထပ်တူကျတဲ့ စိတ်ခံစားမှုတွနဲ့ ဘဝကို တည်ဆောက်ခဲ့တာပဲ အသက်သုံးဆယ်နားကပ်တာတာင် ဖြစ်ဖြစ်မြှောက်မြှောက် ဘာတစ်ခုမှ ဖြစ်မလာပဲ ဒုက္ခနဲ့တုန့်ပြန်ခြင်းသာ ပြန်ရခဲ့တာလည်း ငါရဲ့ကြိုးစားအားထုတ်မှုတွေ နည်းခဲ့တာလား သတ္တိတွပဲ နည်းခဲ့တာလား မပြောတတ်ပါပါဘူး 


ဘာပဲဖြစ်ဖြစ် ဘဝသည် ဒုက္ခနဲ့အဖာ်ပြုထားတာပဲလို့ ရှင်တော်ဂေါတမ ဟောခဲ့တာပဲ အသေဆုပ်ကိုင် ယုံကြည်ရတော့မယ်ပါ့ 


အဓိပတိကမ္မ 

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...