Monday 19 February 2024

လူငယ်

 @pyaephyoaungkm:လူငယ်တွေရဲ့စကားတွေကို အလေးမထားသ၍ ခေတ်မှီသော အတွေးအခေါ်တွေကို သင်တို့ခံစားရမည် မဟုတ် ။


@pyaephyoaungkm:လူ့ငယ်စကားတွေ လူငယ့်အသံတွေသည် လူကြီးတွေ နားလည်မပေးသ၍ ယနေ့ခေတ် လူငယ်အကြောင်း ယနေ့ခေတ်အကြောင်း ကို သင်တို့ သိနိူင်မည် မဟုတ်


@pyaephyoaungkm:လူငယ်တွေကို ငတုံးငအ ထင်နေသ၍ သင်လောက်တုံးအသူမရှိလို့ ပြောလို့ရပါတယ် ။

@pyaephyoaungkm:လူငယ်တွေရဲ့ အတွေးအခေါ်ကို တန်ဖိုးထား အလေးထားမှု မရှိရင် အနာဂတ်မရှိသော မနက်ဖြန်နဲ့ထပ်တူသာ ဖြစ်၏


@pyaephyoaungkm:ပြောလို့သာ ပြောရတာ လူငယ်အကြောင်းမသိသော လူတွေသည် နားလည်မှာမဟုတ်ငလို အလေးထားမှာလည်း မဟုတ်ပါ ။


@pyaephyoaungkm:လူငယ်တွေရဲ့ ထိုးထွင်းတွေးခေါ်နိူင်စွမ်းသည် ခေတ်၏ ရေစီးကြောင်းသာဖြစ်ပြီး ခေတ်လူငယ်တွေရဲ့ အသိအမြင်ကို မမြင်နိူင်မကြားနိူင်ပါလျှင် ခေတ်အကြောင်းကို သင်မသိသေး၍သာ ဖြစ်၏

@pyaephyoaungkm:လူငယ်တွေမှာ မတူညီတဲ့ ရှု့ထောင်တွေရှိတယ် ၊ အသစ်အသစ်သော အရာတွေ မတူညီသော ကွဲပြားခြားနားမှုတွေ အရောင်အသွေး စုံသော ဆန်းသစ်မှုတွေသည် လူငယ်တွေမှာသာ ရှိသည်

@pyaephyoaungkm:လူငယ်နေတွေကို နေရာပေးဖို့ပြောတာ မဟုတ်ပါ အလေးထား နားလည်ပေးဖို့ရယ် အသိအမှတ်ပြုပေးဖို့ကို တောင်းဆိုတာပါ

@pyaephyoaungkm:သူတို့ဖြတ်သန်း ခဲ့အမှောင်ခေတ် တံခါးပိတ်ခေတ်ကြီးနဲ့ နှိုင်းယှဉ်ပြီး တွေးတတ်ခေါ်တယ် မြက်တတ် သော လူတွေမှာ ပွင့်လင်းမြင်သာမှု ဘာမှမရှိ

@pyaephyoaungkm:သူတို့သာသိ သူတို့သာတတ် သူတို့သာ နေရာယူအမြတ်ထုတ်နေကြတာ ခေတ်အဆက်ဆက်သာ ဖြစ်၏


@pyaephyoaungkm:သူတို့၏ အသိတွေ အမြင်တွေသည်လည်း ပိတ် ေလှာင်ခံထားရသလို တံခါးမရှိ ဓားမရှိပါ ရှိတဲ့တံခါးက ပိတ်ထားသလို ရှိတဲ့ဓားသည်လည်း အတွင်းထဲကိုသာ ခုတ်ဖို့ထစ်ဖို့သာ ဖြစ်၏


အဓိပတိကမ္မ 

18022024

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...