Tuesday 15 December 2020

 ငွေကိုဘုရားလိုကိုးကွယ်တဲ့လူတွေနဲ့ ဘာသာမဲ့တွေမှာ တူညီတဲ့နောက်ခံအချက်အလက်တွေရှိတယ် 


ဖြစ်ရပ်ကတော့ပြောင်းပြန်ပေါ့


ငွေကဘုရားသခင်ပဲ၊ ပိုက်ဆံရှိရင်ဘာမဆိုဖြစ်နိုင်တယ် ၊ ဘာမဆိုရနိုင်တယ်လို့ အယူရှိသွားတဲ့လူတွေဟာ ငယ်ငယ်က အဆင်မပြေကြတာများတယ်


သာမန်ဝန်ထမ်းမိသားစုလေးမှာကြီးလာမယ်

အသုံးစရိတ်တွေ ခြွေတာခဲ့ရမယ် 

လိုချင်တိုင်းလည်းမရခဲ့ဘူး

စာတွေကဗျာတွေဖတ်မယ် အနုပညာကိုခံစားမယ်

စာပေအသိတွေက ချစ်ခြင်းမေတ္တာနဲ့ အနုပညာအကြောင်းကို သင်ကြားမယ်


ဆယ်ကျော်သက်အရွယ်မှာ ပြသနာစတက်တော့တာပဲ

အပေါင်းအသင်းထဲက Rich kids တွေရဲ့လိုတရ ဘဝကို အားကျမယ်

ပိုက်ဆံမရှိလို့ ငြင်းပယ်ခံရတဲ့ ဖြစ်ရပ်တစ်ချို့ကိုလည်း ထရော်မာရသွားမယ်

ဥပမာ သူ့Crushက ပြိုင်ကားပေါ်ပါသွားတာမျိုး

သွားချင်တဲ့ခရီးကို မိဘကမုန့်ဖိုးမပေးလို့ မသွားရတာမျိုး

ကိုင်ချင်တဲ့ အိုင်ဖုန်းမရတဲ့ အခါမျိုး

အဲ့ဒီမှာ ရှော့ခ်တွေစရတယ်


ငါ့မှာသာငွေရှိရင် ဒီလိုမဖြစ်ဘူးဆိုတဲ့ အတွေးမျိုးစတွေးပီ

အရင်ကသူကိုင်စွဲခဲ့တဲ့ ဘဝနေနည်းတွေကို လွှင့်ပစ်မယ်

အနုပညာတို့၊ စိတ်တန်ဖိုးတို့၊ မေတ္တာတရားတို့နေရာမှာ

ငွေ ငွေ ငွေ ဆိုပြီးဖြစ်လာတယ်

သူတို့ရဲ့ န ံရံလေးဖက်လေးတန်ကို ငွေရဲ့တန်ဖိုးတွေနဲ့ပဲ ကာပစ်လိုက်တယ်

ဘီဂိတ်တို့လောက် အလုပ်ရှုပ်ပြလာမယ်

တစ်ခြားလူတွေကို အထင်သေးလာမယ်

သူ ့ကို တန်ဖိုးထားသူတွေရဲ့ ဂရုစိုက်မှုကို သောက်ပိုတွေလို့ထင်လာမယ်

သူတန်ဖိုးထားခဲ့တဲ့ စံနှုန်းတွေကိုပဲ အားအားယားယားအလုပ်တွေလို့ပြန်ထင်လာမယ်


အစွန်းသမားတွေ ခုန်ကူးရင် အလယ်ကိုဘယ်တော့မှာ မကျဘူး


ငွေကအရေးမကြီးဘူးဆိုတဲ့ ခံယူချက်ကနေ

ငွေသာအရေးကြီးဆုံးဆိုတဲ့ ခံယူချက်ကို ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်းမှာ ခုန်ကူးသွားတော့တယ်


တကယ်တမ်းကျ ငွေက အရေးကြီးတဲ့ အခါလည်းကြီးတယ်

မကြီးတဲ့အခါလည်း မကြီးဘူး


သူ့အမေသေလို့ ငွေပေးပြီးပြန်ခေါ်ပွေ့ဖက် ၊ စကားပြောလို့ မရတဲ့ အခါကျမှဘဲ ဒီအချက်ကို သူနားလည်လာလိမ့်မယ်


ဘာသာမဲ့တွေလည်း အဲ့လိုပဲ 

ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ ချာတိတ်ကလေးတွေက စခဲ့တာပဲ

ဘုရားကျောင်းမှာ သီချင်းတွေအော်ဆိုမယ်

ဘုရားသခင်ကို အကြွင်းမဲ့ ချီးမွမ်းမယ်

နတ်ဘုံတွေ ငရဲတွေကို ယုံမယ်

ဘာသာရေး သတ်မှတ်ချက်တွေကို လောကအမှန်တရားလို့ထင်မယ်


လောကဓံ အလှည့်အပြောင်းတွေနဲ့ ကြုံရ 

သိပ္ပံအချက်အလက်လေးဖတ်လာရတော့ မေးခွန်း စထုတ်မယ်

ယုံကြည်ခဲ့တဲ့ အရာတွေနဲ့ ကိုယ်တိုင်ပြန်မေးနေရတဲ့မေးခွန်း နှစ်ခုကြားထဲ ဗျာများပြီး ဘာသာရေးအပြင်ဘက်ကို ခုန်ထွက်တယ်


သူလည်း အစွန်းသမားဆိုတော့ တစ်ဖက်စွန်းကိုခုန်မိတာပဲ 


ဘာသာတရားရဲ့ ဒသနတွေဟာ လောကထဲမှာ လိုတဲ့အခါလည်းလိုမယ် ၊ မလိုတဲ့အခါလည်း မလိုဘူးဆိုတာ သတိထားမိဖို့ အချိန်တော်တော်ပြန်ယူရလိမ့်မယ်


လူဆိုတာကတော့ အဖြစ်ပျက်တွေကိုလိုက်ပြီး အတွေးအခေါ်ခံယူချက်တွေ ပြောင်းနေမှာပါပဲ


ငွေအရေးမကြီးတဲ့ သဘာဝပါတ်ဝန်းကျင် ဝါဒီလေးဟာ ငွေသာအဓိက ဝါဒကိုကိုင်ဆွဲလိုက်၊ 

အဖြစ်ပျက်တစ်ခုနဲ့ တိုက်စားခံရတော့ စိတ်ရဲ့တန်ဖိုးထားရာဘက်ကို ပြန်လှည့်လိုက်နဲ့ ပြောင်းလဲနေအုံးမှာပဲ


ဘာသာရေး ကိုင်းရှိုင်းတဲ့ ငတိလေးဟာ လောကဓံနဲ့သိပ္ပံမေးခွန်းတွေကြောင့် ဘာသာမဲ့ ဖြစ်သွားလိုက်

အဖြစ်ပျက်တစ်ခုခုနဲ့ တိုက်စားခံရတော့ ဘာသာတရားရဲ့ ဒသနဘက်ပြန်လှည့်လိုက်နဲ့ ပြောင်းလဲနေအုံးမှာပဲ 


ဒိုးလုံးရဲ့ သီချင်းတစ်ပုဒ်ကိုနားထဲကြားတယ်

"ပြောင်းလဲချင်းတွေသာ မပြောင်းလဲဘဲ တည်မြဲနေအုံးမှာ"


အစွန်းနှစ်ဖက်ရပ်နေကြတဲ့ လူတွေကြား ကြိုးတန်းလမ်းလျှောက်နေတဲ့ 


မစ္စတာ ရမ်း

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...