Monday 28 December 2020

နိူင်ငံရေးအနှစ်ချုပ် ၉

 အစိုးရယန္တရားထိပ်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ထိပ်ဆုံးမှာ ထိုင်ထား ပါတယ် ။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဝန်ကြီး ဒါတွေအပြင် နိုင်ငံရေး၊ စီးပွားရေး ၊ သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ၊ လူမှုရေးကော်မတီတွေ အပါအဝင် ကော်မတီ ၁၆ ခုရဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတာဝန်လည်း ယူထားပါတယ်။

 နိုင်ငံရေး၊ စီးပွားရေး လူမှုရေး ကိစ္စအဝဝဟာ အတိုင်ပင်ခံရုံးမှာပဲ ရှိနေပါတယ်။

 သေချာတဲ့တစ်ချက်က ၊  စစ်အာဏာရှင်မဟုတ်ဘဲ ဒီမိုကရေစီကို သွားနေပါတယ်ဆိုတဲ့ NLD အစိုးရလက်ထက် မှာ အခုဖြစ်နေတဲ့ အခင်းအကျင်းအပေါ် ဗဟိုချုပ်ကိုင်မှု ကြီးတယ်လို့မပြောဘဲ ဘယ်လို ပြောရမလဲ ၊ 

 ဒါပေမယ့် အစားထိုးသုံးဖို့ စကားလုံး ရှာမတွေ့ပါဘူး။


•အခုလက်ရှိ ဖြစ်လာတဲ့အခြေအနေက ဒေါ်အောင်ဆန်းစုကြည် အလုပ်ပိလာတာပါပဲ။ 

ဒေါ် အောင်ဆန်းစုကြည် အလုပ်တွေ မနိုင်တော့တာကြောင့် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ ပေါ်လာပါတယ် ၊ ။ 

ဒါ့အပြင် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၂ ခုအောက်မှာ ဌာနကြီး ၂ ခု ခွဲထုတ်ပြီး အဲဒီအောက်မှာ ဌာနခွဲ ၈ ခု ဖွဲ့  သမ္မတရုံးဝန်ကြီးဌာနအောက်မှာလည်း ဌာနကြီး ၅ ခု ခွဲထုတ် ပါတယ် ။

 အဲဒီမှာ ပါနေတဲ့လူတွေကို ကြည့်ပြန်တော့ ချန်ပီယံ ဖြစ်နိုင်လောက်တဲ့သူ  တစ်ယောက်မှ မတွေ့ ပါဘူး။ ဗျူရိုကရေစီယန္တရား အောက်မှာ တဝဲလည်လည် ဖြစ်နေမယ့်သူတွေချည်းပါပဲ။


ဒါ‌ေကြာင့် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ဒီမိုကရေစီအသံကာင်းဟစ်နေပြီး အာဏာရှင်ဇာတ်ခင်းနခြင်းပါပဲလို့ သုံးသပ်ချင်ပါတယ် ။

အဓိပတိကမ္မ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...