Sunday 9 January 2022

 🇲🇲မြန်မာအိန္ဒိယ ဆက်ဆက်ရေးကောင်မွန်ပါစေ🇮🇳


အိန္ဒိယသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန်

Shringla ဟာ သူ့ရဲ့ 23/24 12 2021ရက် မြန်မာခရီးစဉ် နှစ်ရက်တာ အတောအတွင်း

▪️နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ 

▪️နိုင်ငံရေးပါတီတွေအပြင် 

▪️အရပ်ဖက်အဖွဲ့အစည်းတွေက အဖွဲ့ဝင်

တွေနဲ့ ဆွေးနွေးအမြင်ဖလှယ်တာတွေလုပ်မယ်လို့

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


▪️မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့အကူအညီတွေပေးဖို့ကိစ္စ၊ 

▪️အိန္ဒိယ-မြန်မာနယ်စပ်ကိစ္စနဲ့လုံခြုံရေးကိစ္စတွေ

အပြင် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့လည်း ဆွေးနွေးအမြင်ဖလှယ်မယ်လို့ 


ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ​ဖော်ပြထားပါတယ်။


မြန်မာဟာ အိန္ဒိယရဲ့ မဟာဗျူဟာအိမ်နီးချင်းနိုင်ငံဖြစ်တဲ့အပြင် နယူးဒေလီရဲ့ အရှေ့ဖော်မူဝါဒ (Act EastPolicy) မှာ သော့ချက်ကျတဲ့နိုင်ငံဖြစ်ပါတယ်။ 


နောက်အိန္ဒိယ နဲ့ အာဆီယံနိုင်ငံတွေအကြား ဘက်ပေါင်းစုံဆက်သွယ်ပေါင်းကူးရာမှာ မြန်မာဟာ ကုန်းရိုးတံတားသဖွယ်ဖြစ်နေပါတယ်။ 


🇲🇲မြန်မာအိန္ဒိယ ဆက်ဆက်ရေးကောင်းမွန်ပါစေ🇮🇳


အဓိပတိကမ်မ 🇲🇲

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...