သတိရခြင်းကို ထီးနဲ့မိုးပြီး နွေနေပူခေါင်ခေါင်မှာ လမ်းလျှောက်ဖူးခဲ့လား ။
အချစ်သီချင်းကို ပြတင်းတံခါးတွေ အလုံပိတ်ပြီး အလွမ်းတွေကို လွှမ်းခြုံခဲ့ဖူးလား။
နှလုံးသားကို ခံစားချက်ထောင်မှာ အကျဉ်းချပြီး ချစ်ရသူအကြောင်းကို တွေးကြည့်ခဲ့ဖူးလား ။
နောက်တခေါက်ပြန်လိုချင်တဲ့ အချစ်က
နောက်တစ်ခါပြန်မရနိူင်တဲ့ အချစ်တစ်ခုပါ ။
စုတ်ပြတ်သွားသော ငွေစက္ကူတွေလိုပဲ ပစ်ချခံခဲ့ရတဲ့ နှလုံးသားကလည်း အချစ်မရှိရင် ဘာတန်ဖိုးမှ ရှိမနေခဲ့ဘူး ။
ရှင်နွေ
နင်မရှိတဲ့ အရပ်ဒေသေတွက ငါနဲ့ ဆန့်ကျင်ဘက်တစ်ခုပါ ၊ နင်ရှိခဲ့တဲ့ အရပ်ဒေသတွေကတော့ ငါရဲ့နာကျင်ခဲ့သော နေရာတစ်ခုပေါ့ ။
ရှင်နွေ
သာယာသော နံက်ခင်းဆိုတာ နင်မရှိတော့တဲ့ ငါ့အတွေးတွေထဲက ကျိန်စာသင့်သော မိုးသောက်ချိန်တစ်ခုပေါ့ ။
ရှင်နွေ
နင်ရှိတဲ့ဘက်ကို ရပ်ပြီး နင်မသိအောင် လှမ်းခဲ့မိတဲ့ ေြခလှမ်းတစ်ခုရယ် ၊
နင်ရှိလိမ့်မယ်ဆိုတဲ့ အသိတစ်ခုလောက်နဲ့ ကြည့်မိတဲ့ အသိစိတ်တစ်ခုထက် နာကျင်စေရတာမျိုး မရှိခဲ့တာကိုတော့ နင်နားလည်ပေးပါ ။
အချစ်ကသာ ငါ့ဘေးမှာရှိရင်
ငါ့မှာရှိတဲ့ မာနတွေကို ခါးဝါချပြီး တောင်းပန်ချင်သေးတယ် ၊ အခါခါ ဝေးလေကောင်းကောင်းလေပဲလို့ လေလေလွင့်လွင့် တွေးမိတဲ့ ငါစိတ်တစ်ခုအတွက် တောင်းပန်ချင်မိတယ် ။
အတ္တအရောင်ဆိုးဆေးတွေနဲ့ ဖြုစင်ပြီးအဖြုရောင်ဆန်တဲ့ ငါ့အချစ်တွေတောင် နောက်ဆုံးတော့ အလင်းေရာင်လည်း ပျောက်တဲ့ရတယ် ။
သူယောင်မယ်ကလေး ကို အယောင်ဆောင်မှုကင်းကင်းနဲ့ ရူးသွပ်စွာ ရူးခဲ့မိတာလည်း အခါခါမှားယွင်းခဲ့သော အရူးဇာတ်လမ်းတွေပါပဲ ။
ရှင်နွေ
အချစ်ဆိုတာ စိတ်အလိုလိုက်ကာ မချစ်သင့်သော ခံစားမှုလို့ ငါပြောရင် နင်ယုံမလား ?
ငါပြောသောစကားကို အယုံအကြည် မရှိသော လူတွေထဲ နင်ပါဝင်နေပေမယ့်
ငါ့ရဲ့နောက်ဆုံးအချိန်တွေထိ နင်ဟာ နောက်ဆုံးနှုတ်ဆက်ရမယ့် လူတစ်ယောက်ပဲလို့ ငါယုံကြည်နေပါသေးတယ် ။
#အဓိပတိကမျမ

No comments:
Post a Comment