ချစ်ခြင်းမေတ္တာကို သံယောဇဉ်ရှိသူ
တွေက သင်တယ်
အမုန်းတရားကို လူအမည်ခံ
တွေက သင်တယ်
ဥပက္ခာတရားကို ကိုယ်ချစ်ရသူက
ွ သင်တယ်
ယူလို့မကုန်တဲ့ ဘဝအတွေ့အကြုံ သင်ခန်းစာတွေကိုတော့
လူတွေက သင်ပေးတယ်။
တစ်ကယ်တော့ လောကကြီးက ဆရာတွေစုဝေးရာ
ကိုယ့်ကိုယ်ကိုယ်ဆရာထင်နေသူတွေကို ဟားတိုက်နေမလား လောကကြီးရေ။
မင်းကြောင့်✉
မင်းအကြောင်းတွေ ကဗျာတွေ ရေးဖွဲ့
မင်းသိအောင် ကဗျာတွေ ဖတ်ပြချင်တယ်၊
မင်းအကြောင်းတွေ ကာရန်တွေ ရေးဖွဲ့
မင်းနားလည်အောင် ကာရန်တွေ ရေရွတ် ပြချင်တယ်၊
မင်းအကြောင်းတွေ စာတွေ ရေးချ
မင်းသဘောပေါက်အောင် ရှင်းပြချင်တယ်၊
ဒါတွေက တကယ်တော့ အိမ်မက်တစ်ခုလိုပဲ လွင့်ပျောက် သွားတာဟာ မင်းသုံးနှုန်းလေ့ရှိတဲ့ စကားအချို့ကြောင့်ပဲ ဆိုတာကို မင်းနားမလည်းသေးတာလား
မင်းနားမဝင်သေးတာလား
တစ်ခုခုတော့ တစ်ခုခုပဲလေ .......
အဓိပတိကမ္မ
၂၅.၁၁.၂၀၁၆


No comments:
Post a Comment