Thursday 30 April 2020

ငါ့ရဲ့အတ္တကို ငါပုံမဖော်ချင်တော့ဘူး ။

အရာအားလုံးကို ငါမေ့ပစ်လိုက်ပြီ၊

အိမ်မက်ဆိုးဆိုတာ ငါ့မှာမရှိဘူး ။

အမှောင်ကျနေတဲ့ ငါ့ရဲ့အခန်းလေးထဲမှာ

အရာအားလုံးကို အရှုံးပေးခဲ့ရပြီးြပီ ။

နောက်ထပ် ကျဆုံးစရာ ငါ့မှာ မရှိတော့ဘူး ။

ဗလာနတ္ထိ နဲ့ ဘဝကြီးကိုလည်း ငါက ဘာတွေထပ်ပြီး ြဖည့်ပေးရအုံးမှာလည်း ။

ငါရဲ့အိမ်မက်လေးတွေထဲမှာ ထွေးပွေ့ထားခွင့်ြပုပါလို့ ဆုတောင်းရင်း ငါဟာ အိပ်စက်ခြင်းတွေနဲ့

တ‌ေြဖး‌ေြဖးြခင်း ဝေးလို့ ဝေးလို့ သွားခဲ့ပြီ ။

ဒုက္ခိတဆန်တဲ့ ဒီဝဋ်တွေကို ထမ်းပိုးရင်း ငါရဲ့ရှင်သန်မှုတွေက အလွန်ရှည်လျားလွန်းတယ် ။

ငါမှာက မုသားမရှိပါဘူး
လိုလည်းမလိုအပ်သလို လိုလားမှုလည်း မရှိဘူး ။

ငါကို‌ေြဖသိမ့်ပေးဖို့ ဘယ်လိုမာယာမှ ငါလက်မခံနိုင်ဘူး ၊

ငါဟာငါနဲ့ပဲ ငါအပြစ် ငါခံ ငါအချစ်ငါပဲ ထွေးပွေ့ပြီးထားချင်မိတာ ငါရဲ့ အတ္တစွဲ တစ်ခုပဲ ။

မကြားဖူးတဲ့ စကားတွေ ကြားြပီး မခံစားဖူးတဲ့ ခံစားမှုတွေနဲ့ ငါမှာ နာကျင်ရလွန်းပါတယ် ။

အချို့သော မျက်ဝန်းတွေကို စိတ်မှန်းနဲ့ ငေးမောတက်သူ တစ်ယောက်ကို အရင်လို လှန်ပြန်ကြည့်ပေးမယ့်လူ မရှိသူမှာလည်း

အတွေးတွေနဲ့ လွမ်းဆွေးမှုတွေ အ‌ေြမှာက်အများ ရှိနေခြင်းကို လစ်လျှုရှသူတွေလည်း ရှိနေဆဲပါပဲ ။

အရင်က မကြိုက်တတ်တဲ့ အရက်ပုလင်းတွေကိုလည်း အရက်ပုန်း ဘဝနဲ့ နေ့စဉ် ရက်စေ့သောက်သုံးရင်း ရက်စက်မှုတွေကို မေ့ပစ်ဖို့ ကြိုးစားရင်း

 ငါ့လည်ပင်းကို ကြိုးတပ်၍
ဆွဲချိတ် ဖို့ ပြင်နေသော လူတစ်ယောက်မှာ
ြပင်းထန်သော ခံပြင်းမှုတွေကို ခံတွင်းတွေ့ နေခြင်းကို ဘယ်သူမှ သတိထားမိပုံ မရဘူး ။

အချစ်တွေ ငတ်မွတ်ခြင်း တွေ‌ေြကာင့် ငါ့ရဲ့ ပျော်ရွှင်ခြင်းတွေ ပျောက်ရှသွားခဲ့ပြီ ၊

နင်မရှိတဲ့ ဒုက္ခ ကပဲ ချိုမြိန်စေတယ်တဲ့ ငါရဲ့လူမမြင်တဲ့ မျက်ရည်တွေနဲ့ ရူးနေတာကိုတော့ သူလည်း မသိလို ဘယ်သူမှလည်း မသိကြဘူး မဟုတ်လား ။

မျက်နှာကြက် ကပဲ ငါရဲ့ အကြည့်လား ၊
ငါကပဲ မျက်နှာကြက်ကိုပဲ ကြည့်နေတာလား ငါလည်း မတွေးတတ်တော့ဘူး ။

ငါအနာဂတ်မှာ လမ်းသစ်တွေ အများကြီးဖောက်မယ်လို့ စိတ်ကူးယဉ် ထားခဲ့ခြင်းတွေကလည်း ြကက်ပျောက်ငှက်ပျောက် ပျောက်ပြီး

အခန်းကျဉ်း လေးထဲမှာပဲ သီချင်းအဟောင်း နားထောင်လိုက် အတွေးအဟောင်းတွေ တွေးကြည့်လိုက်နဲ့ အိပ်လိုက်ထလိုက် အိပ်ရေးပျက် နေနေခဲ့တယ် ။

# အဓိပတိကမ်မ
 30.4.2019.3,33AM

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...