သိမ့်ချစ်တာပေါ့ ရှင်နွေရယ်. ၂၃.
စိတ်ကူးယဉ် အိပ်မက်တွေနဲ့
နင့်အနားကို အလွမ်းများကို ထွေးပွေ့ပြီး
လာချင်သေးတယ် ရှင်နွေ...။
ဲ့နင်နဲ့ငါ က စိတ်ကူးတည်းမှာတောင်
ချစ်သူတွေမဖြစ်ခဲ့ကြဘူးတဲ့လား...
ဒီစကားတစ်ခွန်းက ငါနှလုံးသားကို
နင်းခြေပစ်လိုက်တဲ့ စကားတစ်ခွန်းပဲ မိရှင်နွေ ။
တုန်ရီနေတဲ့ ငါ လက်တွေက နင်ကို
စကားတွေ ပြောနေတာကို နင် ဘာသာပြန်တတ်မှာပါ ၊ ပါးစပ် (နှခမ်း)တွေ မလှုပ်ပဲ မျက်လုံးတွေ နဲ့ ငါတို့ စကားပြောကြရအောင်...၊
အချစ်က တစ်ကယ်ပဲ ဆန်းတယ် ။
ဗန်းစကားတစ်ခွန်းစ နှစ်ခွန်းဆနဲ့ လည်း
ပြောပြလို့လည်း မပြီး..ကာရန်စကားတွေနဲ့လည်း ကဗျာစပ်နေလို့လည်း မပြီးနိူင်နဲ့
တကယ်ပြိုပျက်ရမည့် အချိန်လေးကတော့
တကယ်ပဲ နှုတ်ဆက်အချိန်တွေက နည်းနေပါသေးတယ်....၊
အကြင်နာ တွေ အကြွမ်းမဲ့ ဖြစ်နေတာကို ဘယ်သူမှ မသိကြဘူး.....၊
ငါရင်ထဲက ဝေဒနာတွေ ရေမြေအဆုံးထိ ခရီးထွက်နေသော်လည်း စေတမန် မရှိတဲ့ အချစ်စကားလှလှလေးတွေကို ချစ်သော ရှင်နွေ တစ်ယောက် မကြားတော့ဘူး....။
အမုန်း စကားတွေကို ငါဆီကို အကုန်ခြွေချလိုက်ပါ ၊ ငါ အချစ်တွေအားလုံး ငါရင်ထဲကနေ ကြွေကျသွားအောင် နင် ခြွေချလိုက်ပါ ရှင်နွေ....ဒီနှလုံးသား ဒီမှာပဲ ကြွေကျသွားစေချင်တယ်...၊
ရက်စက်မှုတွေက ရင်ထဲကို တိုးဝင်လာချိန်တုန်းကလည်း ငါဆီကို နင် မျက်စိလည် ပြီး ဝင်လာခဲ့တယ် ။
ထားပါတော့ ......၊
အထီးကျန်ဆန်နေတဲ့ ငါ ဆီကနေ နင်ပြန်ထွက်သွားတာ ကြာပြီနော်.. .....နင်ငါဆီကို ပြန်မလာသေးဘူး....
နင်လွှတ်ပစ်ခဲ့ တဲ့ ဖိနပ်တစ်ဖက်ကို ပြန်ပြီး လာမယူမှန်း ငါ သိပါတယ် ။
ဒါပေမယ့် နင်ချန်ထားရစ်ခဲ့တဲ့ အပြုံးတွေ အမုန်းတွေ အရှုံးတွေနဲ့ ငါ နင့်ကို ရူးနေအောင် ချစ်မိနေသေးတယ်.... ။
ပုံပြင်တွေ ပြောနေတဲ့ နင့်ရဲ့ ပုံပြင်တွေထဲက
ဇာတ်ကောင်တွေ ငါဖြစ်ဖူးတယ် ..၊
ငါပီပီသသ သရုပ်မဆောင်တတ်ပေမယ့်
နင့်အတွက် ငါက အရုပ်တစ်ရုပ်ပါ ရှင်နွေ....။
နင်ပြင်းနေရင် အပြင်းပြေစေဖို့
ဒီအရုပ်လေးကို စကားတွေ လာပြောပါ ၊
နင်ပျော်နေရင် စိတ်ချမ်းသာဖို့
ဒီအရုပ်လေးကို ပွှေ့ကာ ယမ်းကာ ပွေ့ဖက်ပြီး ပြုံးပြပေးပါ ၊
နင်စိတ်တိုနေရင် စိတ်ပြေလက်ပျောက်ဖြစ်ဖို့
ဒီအရုပ်လေးကို ကိုင်ဆောက်ပစ်ပါ ၊
နင်းခြေပစ်ပါ ၊
နင့်ရဲ့ ဒေါသတွေကို ဒီအရုပ်လေးဆီကို စုထားလိုက်ပါ.....၊
ငါဟာ နင့်ပြောနေကြ ဇာတ်ကောင်တွေရဲ့ ဟန်ပန်မူယာ ကို မလုပ်နိူင်ရင်တောင် နင်ရဲ့
အရုပ်တစ်ရုပ် ဖြစ်ချင်မိသေးတယ် .....
။
အဓိပတိ ကမ္မ
13-2-2018,11.45pm


No comments:
Post a Comment