Monday 17 February 2020

ထောက်ခံပီးရင် ထောက်ပြကြတော့
----------------------
အထူးသဖြင့် NLDကို တစ်ခဲနက်ထောက်ခံခဲ့ကြတဲ့
မိတ်ဆွေတို့အနေနဲ့လည်း
ပါတီက အစိုးရတစ်ရပ်ဖွဲ့တဲ့အထိ အောင်နိုင်ခဲ့တယ် ။
ဥပဒေကို ချုပ်ကိုင်တဲ့အဖွဲ့က အင်အားကောင်းသေးတယ်ဆိုပေမယ့်
NLDမှာလည်း လုပ်ပိုင်ခွင့် အများကြီး ရထားပါတယ်။
၂၀၀၈စာအုပ်ကြီးအောက်က လွှတ်တော်ဆိုပေမယ့်
အရင်ခေတ်များလို အကျပ်အတည်းမတွေ့တော့ပါဘူး။
ကိစ္စတော်တော်များများ NLDလက်ထဲ ရောက်နေပါပြီ ။
ဥပမာ လမ်းတံတား ဆည်မြောင်း စိုက်ပျိုးရေး ကုန်စျေးနှုံး ပညာရေး အစရှိတဲ့ ဆုံးဖြတ်ခွင့်တွေ ပိုင်ဆိုင်ထားသလို
တိုင်းဒေသကြီးနဲ့ ပြည်နယ်တော်တော်များများ ဝန်ကြီးဌာနအဖွဲ့စည်းတော်တော်များများ
NLDအကြီးအကဲ ဆုံးဖြတ်ခွင့်ရနေပါပြီ။
အရင်အစိုးရ ချပေးခဲ့တဲ့လုပ်ကွက်တွေ ( ဖားကန့်လိုမျိုး )
အရင်အစိုးရလက်ကျန်ဝန်ထမ်းတွေနဲ့ ခရီးဆက်ရလို့
ထင်သလောက် ခရီးမပေါက်တာကို လက်ခံလို့ရပေမယ့်
ဒါဟာလည်း အလုံးစုံ အားနည်းသွားစရာ အကြောင်းမရှိပါဘူး။

အဲ့ဒီတော့ ကျနော်တို့ယုံကြည်လို့ ထောက်ခံခဲ့တဲ့အစိုးရကို
ထောက်ခံပီးရင် ထောက်ပြကြပါတော့ မိတ်ဆွေများ ။
ကိုယ်ချစ်တဲ့ ခေါင်းဆောင်ဖြစ်လို့
ဘာလုပ်လုပ် မှန်တယ်ထင်နေတာဟာ ချစ်ရာမကျတော့ဘူး ။
တကယ်ချစ်ရင် အားနည်းချက်ကို ထောက်ပြပါ ။
နောက်ထပ် နောက်ထပ် သက်တမ်းတွေအထိ ဒီအစိုးရကို မြင်ချင်သေးရင် ထောက်ပြကြပါ ။
ထောက်ခံလက်စနဲ့ ထောက်ခံဖို့ပဲတွေးနေရင်
အုပ်ချုပ်သူကိုယ်တိုင်က အမှားကို အမှန်ထင်လာမယ် ။
ဒါဆို သွားပြီ ။
ပြည်သူနဲ့အစိုးရ တင်းမာတဲ့ ကိစ္စတော်တော်များများ
အစိုးရမှန်တယ်ချည့် ထောက်ခံနေတဲ့ အုပ်စုက သီးသန့်ပေါ်လာတယ်။
NLDသည်လည်း ပုထုစဉ်တွေမို့ အမှားမကင်းဘူး ။
အမတ်ဆိုတာ နတ်ကွန်းဆောက် ကိုးကွယ်ဖို့ မဟုတ်ဘူး
ပြည်သူလိုချင်တာတောင်းဆိုဖို့ ကိုယ်စားလွှတ်လိုက်တာ
ထောက်ခံတာကို ချစ်လို့ဆိုခဲ့ရင်
ထောက်ပြတာက ပိုချစ်ရာ ရောက်ပါတယ် ။

နောက်တစ်ချက်က အပြန်အလှန်ဝေဖန်ရေး ။

#အခုခေတ်က နိုင်ငံရေးလို့ ပြောတာနဲ့
တစ်ဖက်ကတစ်ဖက်ကို အယုတ်တမာဆဲဆိုကြ
ဖိုတိုရှော့တွေနဲ့အောက်လုံးသုံးကြတာ ပိုများလာတယ် ။
ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ဆဲဆိုနေခြင်းဟာ နိုင်ငံရေးမဟုတ်ပါ။
တစ်ဖက်က တန်ဘိုးထားတဲ့ခေါင်းဆောင်ကို ဖိုတိုရှော့နဲ့ တိုက်ခိုက်တာလည်း
နိုင်ငံရေး မဟုတ်ပါ ။
နိုင်ငံရေးလို့ ထင်ခဲ့ရင်တောင်
အောက်လုံ
းသုံးတဲ့ အောက်တန်းစားနိုင်ငံရေးပဲဖြစ်မှာပါ ။

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...