သိမ့်ချစ်တာပေါ့ ရှင်နွေရယ်.၂၆..
ငါ နာကျင်နေရတာကို ဘယ်သူမှမသိအောင် ငါနှလုံးသားကို သော့ခတ် သိမ်းထားခဲ့ပြီ.....
ခံစားရတဲ့ ဝေဒနာတွေကြောင့်ပဲ ငါနှလုံးသား ရင့်ကျက်ခဲ့ရပြီ ရှင်နွေ.. ...
နာကျင်စရာ ဒဏ်ရာတွေကြောင့် ငါမှာ ကြေကွဲရတာတဲ့ နေ့နဲ့ညတွေမှာ ငါတစ်ယောက်တည်း ......
ဘာမှမဖြစ်ပါဘူး....နင်လည်း ဘာမှမဖြစ်ပါဘူး.. ...ငါလည်း ဘာမှမဖြစ်ပါဘူး.. ...
ငါတို့နှစ်ယောက် ကြားထဲမှာ "ဘာမှမဖြစ်ပါဘူး" ဆိုတဲ့ စကားလုံးတွေနဲ့ ဘယ်သူမှ
ဘာမှမသိနိူင်အောင် ငါတို့ ရူးသွပ်ချင်သေးတယ်......
ဒီခံစားချက်တွေက အခုချိန်မှာ ဘာမှမရှိတော့ပါဘူး....
ထားပါ.....ဟူး း း း း း း
အဓိပ္ပါယ်မရှိတာကို ငါ ငြင်းပစ်ဖို့ ငါကြိုးစားပြီး နေနေရတယ်.....ရှင်နွေ.....
မုသားတွေ အများကြီးပါတဲ့ စကားလုံးတွေနဲ့ ငါတို့ ဘာသာမပြန်သင့်တော့ဘူး.....၊
မုသားတွေ နည်းပါးတဲ့ မျက်လုံးတွေနဲ့ပဲ
နင့်ကို စကားတွေ ပြောတော့မယ်......။
တစ်လောကလုံးနဲ့ ငါဟာတစ်ယောက်တည်း
နင်ဟာ ငါရဲ့ ကံကောင်းတဲ့ ချစ်သူလပ်ကောင် တစ်ကောင်ပါ ရှင်နွေ.....
တကယ်ကြီး ချစ်မိခဲ့တော့ နင်ဟာ ငါ အချစ်ဆုံးပါ ရှင်နွေ......
တစ်ကယ်ဆို နင်ကိုလေ ငါက ယုံယုံကြည့်ကြည့်နဲ့
ငါ နှလုံးသားရဲ့ ခေါ်သံ ယဲ့ယဲ့လေးကို
ကြားမိတဲ့ စကားသံချိုချိုလေးက
"ရှင်နွေလေးရယ်" တဲ့.....
တကယ်တမ်းတော့ အချစ်နဲ့ သစ္စာ ရှိမှုဟာ အမြဲတမ်း ထပ်တူကျပါတယ် မိရှင်နွေ...
လွဲချော်မှုတွေ ရှိလာရင်တော့ မလွဲဧကန် ငါတို့ နီးနီးကပ်ကပ် မနေရမှာက အသေအခြာပါ .....
အမှန်တရားကို မြတ်နိူးပြီး လူတော်လူကောင်း တစ်ယောက်အတွက် ဖြုစင်မှုတစ်ခုကို ရှင်နွေ အလေးထားပေးသင့်တယ်......
ငါရဲ့ဖြုစင်တဲ့ နှလုံးသားမှာ နာကျင်မှု
ဝေဒနာတွေ မပေးပါနဲ့ ရှင်နွေ ...
ငါစိတ်ထဲမှာ ရှိနေတဲ့ ချစ်ခြင်းတွေကို
သစ္စာရှိခြင်းတွေနဲ့ ပုံဖော်ပြသထားမယ် ရှင်နွေ....
ငါအတွက်မရှိတော့တဲ့ နင့်ရဲ့ ချစ်ခြင်းတွေကို ငါ နောက်ထပ် လိုလိုချင်ချင် ဖြစ်နေသေးတယ်.....၊
နင်မသိတော့တဲ့ ငါရဲ့ ချစ်ခြင်းတွေကို နင် နောက်ထပ် ပစ်ပစ်ခါခါ ငြင်းဆန်နေသေးတယ် .......၊ မဟုတ်လား...¿¿¿¿¿
အဓိပတိ ကမ္မ
17-2-2018,11.25pm

No comments:
Post a Comment