@ အထူးအဆန်းမှ မဟုတ်တာဗျာ! ! !
________________________
ထောင်ထွက် ရာဇ၀တ်သားအဟောင်းတွေ
အုပ်ချုပ်တဲ့ တိုင်းပြည်မှာ ရာဇဝတ်မှု များပြားလာတာ
အထူးအဆန်းမှ မဟုတ်တာဗျာ။
တစ်လင်တစ်မယားစနစ်ကို ကန့်ကွက်ခဲ့ကြတဲ့ လူတွေအုပ်ချုပ်မှတော့ သက်ငယ်မုဒိမ်း မှုတွေ တိုးပွားလာတာ
အထူးအဆန်းမှ မဟုတ်တာဗျာ။
လူသတ် ခေါင်းဖြတ်တတ်တဲ့ မျိုးစက်တွေမှ ဆင်းသက်လာတော့ ကွန်မြုနစ်အနွယ်ဝင်တွေ ပါဝင်အုပ်ချုပ်သော လက်ရှိသက္ကရာဇ် တွေမှု လူသတ်အလောင်းဖျောက်ဖျက် ရာဇဝတ်မှုကြီးတွေ ဖြစ်ပေါ်လာတာ
အထူးအဆန်းမှ မဟုတ်တာဗျာ ။
ဗကပနဲ့တောထွက်ပြီးပူးပေါင်း ၊ ဥပေဒေအရ ဖမ်းဆီးခြင်းထောင်ချခြင်း ခံရမှာကြောက်ရွံ့ကြလို့ တောထွက် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသော လက်နက်ကိုင်အဖွဲ့အစည်းထွက်တွေ အုပ်ချုပ်မှတော့ ပြည်တော်ပြန် ငြိမ်းချမ်းရေး အထမမြှောက်တာ
အထူးအဆန်းမှ မဟုတ်တာဗျာ ။
တိုင်းပြည်စီးပွားရေး ယိုင်လဲချိန်တွေမှာ ပြည်ပနိူင်ငံတကာရဲ့ အရေးယူပိတ်ဆို့ခြင်းတွေကို ထောက်ခံခဲ့ကြသော လူတွေ ၊ EU (Europian Union) နှင့် ARCO (အမေရိကန်ရေနံကုမ္မဏီ) တို့၏ အရေးယူပိတ်ဆို့မှု နဲ့ အလုပ်မဖြစ်ရင် ဘက်ပေါင်းစုံက ပိတ်ဆို့ကြပါလို့ ပြောခဲ့သော လူတွေ အုပ်ချုပ်မှတော့ တိုင်းပြည်စီးပွားရေး အခြေအနေ ကောင်းမလာတာကလည်း
အထူးအဆန်းမှ မဟုတ်တာဗျာ ။
ဝတ်စရာ အဝတ်အထည် ၊ စားစရာ အစားအစာ အပြည့်အဝ မရှိတာကို အရေးတစ်ယူလုပ် ပြောဆိုမနေကြပါနဲ့ ထမင်းတစ်နပ်လျှော့စားခိုင်းတဲ့ဝန်ကြီး နဲ့ ဟင်းတစ်မယ် လျော့စားခိုင်းတဲ့ဝန်ကြီးတွေ အုပ်ချုပ်မှတော့ ကုန်စျေးနှုန်းတိုးမြှင့်လာတာ
အထူးအဆန်းမှ မဟုတ်တာဗျာ ။
အစိုးရဝန်ကြီးတွေ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုတွေ ခဏခဏ ပြောင်းလဲနေတာကို အပြစ်ပြောမနေကြပါနဲ့တော့ တက်မလာခင်ကတည်းက ပြောင်းလဲချိန်တန်ပြီ (Time to change) ဆိုပြီး တက်လာတာ ဆိုတော့ ဒါတွေက
အထူးအဆန်းမှ မဟုတ်တာဗျာ ။
အစိုးရဘတ်ဂျက်(budget)လိုငွေ ပြနေတာတွေ ၊အကောက်ခွန်တွေ(Customs) တိုးမြှင့်ကောက်တာကို အပြစ်ပြောမနေကြပါနဲ့တော့ တက်မလာခင်ကတည်းက အလှုခံ ၊ ရန်ပုံငွေကောက်ခံ ၊ ပါတီအင်္ကျီရောင်းနဲ့ တက်လာဆိုတော့
အထူးအဆန်းမှ မဟုတ်တာဗျာ ။
ကျေးလက်ဒေသ ဖွဲ့ဖြိုးတိုးတက်မလာတာပဲ အပြစ်ပြောကြပါနဲ့ လက်ရှိအုပ်ချုပ်နေသော အစိုးရလူကြီးမင်းတွေ က ကျေးလက်အရပ်ဒေသကို ဘယ်နှစ်ခေါက်လောက် ရောက်ဖူးသေးလို့ ကွင်းဆင်းလေ့လာခြင်း(Field Trip) ဘယ်လောက်ရှိပြီ မလို့လည်း ၊ ဒီလိုလူတွေအုပ်ချုပ်မှတော့ တိုးတက်မှုမရှိတာ
အထူးအဆန်းမှ မဟုတ်တာဗျာ ။
လက်နက်ကိုင် သောင်းကျန်းသူတွေ လက်ခမောင်းခတ် နေတာပဲ ပြောမနေကြပါနဲ့ ဒီတိုင်းပြည်မှာ တပ်မတော်နဲ့ သူပုန်ကို တန်းတူ သဘောထားသော လူတွေ အုပ်ချုပ်နေမှာတော့ သူပုန်တွေက ဇောင်းထပြီး ဖောင်းထုနေကြတာ
အထူးအဆန်းမှ မဟုတ်တာဗျာ ။
နိူင်ငံတာကာ၏ ပျက်ရယ်ပြုကြပုံတွေကိုပဲ ပြောမနေကြပါနဲ့ လူရွှင်တော် (လူပျက်)တွေ ဝန်းရံကြတဲ့အဖွဲ့အစည်းက တက်လာမှတော့ အပြုသဘောမျိုးထက် အပျက်တွေကိုပဲ အပုပ်ချ နေကြတာတွေဟာ
အထူးအဆန်းမှ မဟုတ်တာဗျာ ။
Please share now©®©®
အဓိပတိ ကမ္မ
20-3-2018,TUE


No comments:
Post a Comment