Monday 30 March 2020

တန်ဖိုးထားတတ်ပါစေ

မတရားတာ မမျှတတာတွေကို လုပ်တဲ့သူတွေများနေရင်
တရားမျှတမှုမရှိတဲ့ အသိုင်းအဝိုင်း ဖြစ်နေမယ်။ တရားမျှတ
မှုမရှိတဲ့ အသိုင်းအဝိုင်းဟာ လွတ်လပ်မှုရှိတဲ့ အသိုင်းအဝိုင်း
ဖြစ်တယ်လို့ ဘယ်လို ပြောနိုင်မလဲ။ မတရားတာလုပ်တဲ့သူ
ရှိရင် ခံရတဲ့သူရှိတယ်။ ခံရတဲ့သူဟာ လုပ်တဲ့သူကို
လေးစားမှာမဟုတ်ဘူး။ တဦးကိုတဦးမလေးစားနိုင်တဲ့
အသိုင်းအဝိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်း
မဖြစ်နိုင်တော့ဘူး၊၊ တရားမျှတမှုမရှိ ၊ ဂုဏ်သိက္ခာလည်းမရှိတဲ့
အသိုင်းအဝိုင်းမှာ နေရတဲ့သူဟာ စိတ်အေးချမ်းမှု ဘယ်လို
လုပ်ရနိုင်တော့မလဲ။ လူတချို့ မတရားတာကို
လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိတဲ့ အသိုင်းအဝိုင်းဟာ
လွတ်လပ်တဲ့အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့
အသိုင်းအဝိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။
တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ
ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာကောင်းတဲ့ ဒီ
(human values) သုံးပါး မရှိရင် အဆင့်မြင့်တဲ့လူ့အသိုင်းအဝိုင်း
မဖြစ်သေးဘူး။

 @@!!!!!!©©@Please share now©©®!!!!!!!!

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...