Thursday 19 March 2020

မင်းတို့အားလုံး ဒီမိုကရေစီ နှင့် ထိုက်တန်ကြသလား......

ထိုက်တန်တာ မတန်တာခဏထားပါ ။ ကဲ ဒီမိုကရေစီ ရပါပြီပေါ့ကွာ မင်းတို့ရရှိထားသော ဒီမိုကရေစီ ဆိုတာကြီးကို ထိန်းသိမ်းစောင့်ရှောက်နိူင်မှာလား ငါမေးချင်မိတယ် ။

"ဒီမိုကရေစီ ကို လိုချင်ရင် ဒီမိုကရေစီ ကို ထိန်းသိမ်းတတ်ရတယ် ၊ ဒီမိုကရေစီ ရဲ့ အနှစ်သာရ ပျော့ကွက် ဟာကွက် အားသာချက် အားနည်းချက်တွေကို အခြေခံ သဘောတရားလောက်တော့ နားလည်ထားရမယ် ရှင်းတယ်မလား ”

လူများ ဒီမိုကရေစီ ဆိုတိုင်း ဒီမိုကရေစီ အော်နေရုံနဲ့ ဒီမိုကရေစီ ဘက်တော်သား ဖြစ်မလာဘူး ၊ ဒီမိုကရေစီ ကို ချစ်တယ်ဆိုရင် ဒီမိုကရေစီ အနှစ်သာရ သဘောတရား က ိုနားလည်သဘောပေါက်ထားရမယ် ။

နိူင်ငံရေးသမားတွေ အားလုံးက နိူင်ငံရေး အခြေခံ သဘောတရားလောက်ကိုတော့ ဘယ်လိုခေတ် ဘယ်လိုကာလကိုပဲ ရောက်ရောက် နိူင်ငံရေး၏ အခြေခံ တစ်ခုခုကိုတော့ နက်နက်နဲနဲ လေ့လာထားမှ နိူင်ငံကို ချစ်တဲ့ နိူင်ငံရေးသမား ပီသမှာ ဖြစ်ပါတယ် ။

ဒီမိုကရေစီ ၏ အခြေခံသဘောတရားကို လက်ကိုင်ထားပြီး ပြောမည်ကြံလျင် ထိုသို့ပြောမည့်သူကို ဝိုင်းပယ်ခံရမည်က သေချာသလောက်ဖြစ်ပါသည် ။
ဒါဟာ ပြည်သူတွေက ဒီမိုကရေစီ သဘောတရားကို ကောင်းစွာ မသိခြင်း၏ အခြေခံပဲ ဖြစ်ပါသည် ။

ဟိုလူကို ဝေဖန်ရင် မကြိက်ဘူး
ဒီပုဂ္ဂိုလ်ကို ဝေဖန်ရင် မကြိုက်ဘူး

ဟိုလိုပြောလို့ ဖမ်းမယ် ဒီလိုဟောလို့ ထားဆီးဖမ်းစီးမယ် ဆိုတာ ဒီမိုကရေစီ ရဲ့ အနှစ်သာရပျောက်ဆုံးခြင်း၏ အစပဲ ဖြစ်ပါတယ် ။
လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာ ရှင်သန်ခွင့်မှ အပြည့်အဝမရှိရင် ဒီမိုကရေစီ လို့ ခေါ်နိူင်ပါ့မလား ။
အဖြေက ရှင်းရှင်းလေးပါ ။

မြန်မာနိူင်ငံ၌ အနာခံပြောသော ပြည်သူမရှိခြင်း ၊ စုန်းကြိုက်လျင် စုန်းကိုပေးမည် ။ နတ်ကြိုက်လျင်လည်း နတ်ပေးမည်ဟူသော အယူအဆတွေကြောင့် သမိုင်းလိမ်တွေ များစွာရှိနေတာ သိစေချင်တယ် ။

သမိုင်းမှန်ကိုတောင် မသိနိူင်လောက် သမိုင်းမှန်တွေ မြန်မာပြည်မှာ လွန်စွာရှားပါနေပါပြီ ။

ဒီလိုအမုန်းခံ အပစ်ပယ်ခံပြီး တိုင်းပြည် နှင့် လူမျိုးအတွက် အနစ်နာခံ မည့် နိူင်ငံရေးသမား မြန်မာပြည်မှာ လက်ချိုးရေလို့ ရပါတယ် ။

မြန်မာ့ဒီမိုကရေစီသည် တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ ညီတူညီမျှ ရှိခြင်း တည်းဟူသော လောကပါလ တရားများကို အခြေတည်သည် ဆိုထားသော်လည်း ထိုသို့သော အခြေခံ သဘောထားမျိုးသာ မရှိခဲ့ရင် ပြည်သူဒီမိုကရေစီစနစ်ကြီးလည်း တဖြေးဖြေး ကျဆုံးလာမည် ဖြစ်ပါသည် ။

အခြေခံဥပဒေ၏ ဝိဉာဉ်ကျဆင်းလာသည်မှာ ကျွန်ုပ်တို့၏ မျက်စိအောက်တွင်သာ ဖြစ်ပါတယ် ၊ မိမိတိုင်းပြည်မှာ မိမိတို့၏ အခြေခံဥပဒေများကို သေတွင်းတူးပြီး သင်္ချိူင်း မှာ မြုပ်ဖို့ ကြံစည်နေသူတွေ ရှိနေပါတယ် ၊

မြန်မာပြည်သူပြည်သားတွေ သတိရှိကြပါ ။

အုပ်ချုပ်သူတွေကို ပြောချင်တာတစ်ခုက "အာဏာမြဲဖို့ထက် သစ္စာရှိခြင်း မြဲဖို့ လိုအပ်ပါတယ် ၊ သစ္စာရှိခြင်း ထမင်းကို အရသာရှိရှိ ဝဝလင်လင် စားသုံးရင်း ုပြည်သူ့အကျိုး တိုင်းပြည်အကျိုးကို ဆောင်ရွက်စေချင်ပါတယ် ”

ပြည်သူကို သစ္စာဖောက်သော လုပ်ရပ်တွေ မလုပ်မိဖို့ အထူးသတိရှိကြပါ ၊ တိုင်းပြည်အတွက် သစ္စာစောင့်သိကြပါ ။

ပြည်သူကို သစ္စာမဲ့ရင် ပြည်သူက ပစ်ချခဲ့မှာ အမှန်ပင်ဖြစ်သည် ။
တိုင်းပြည်အပေါ်သစ္စာဖောက်ရင် တိုင်းပြည်က ဒဏ်ခတ်လိမ့်မယ်ဆိုတာ မြဲမြဲမှတ်ထားကြပါ နိူင်ငံခေါင်းဆောင်လူကြီးမင်းများ.......

ဒီမိုကရေစီကို ချစ်ရင် မြတ်နိူးတတ်ရပါမယ် .....
ဒီမိုကရေစီကို မြတ်နိူးရင် တန်ဖိုးထားတတ်ရပါမယ်......

( အာဏာရှင်ဆန်နေသော ဒီမိုကရေစီ ရုပ်ပုံကချေသည်ဆိုရင်တော့ ပြည်သူတွေအားလုံးက ဝိုင်းဝန်းတော်လှန်ကြမှာပဲ ဖြစ်တယ်)

         ကျေးဇူးတင်ပါတယ် ။
PLEASE SHARE NOW©®©®
                           #အဓိပတိကမ္မ

                         08AUG2018

PhotoByFB

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...