Wednesday 25 March 2020

ဆွေး ၆

အချစ်ရဲ့ ကြည်နူးမှုက ငါ့ တစ်ဘဝလုံးထိ အလေးအနက် ယစ်မူးမှတော့ ရင်နာလည်း ဆက်ချစ်နေရအုံးမှာပါ ။

သံယောဇဉ် မခိုင်လည်း နင့်ကိုငါ ခိုးခိုးကြည့်ပြီး အရင်ကကြည်စယ်ခဲ့တဲ့ ရင်ခုန်သံတွေကို ကြည်နူးစွာ ခံစားနေမှာပေါ့ ။

အချစ်ကို ဗန်းပြပြီး နှခမ်းဖျားတွေနဲ့ ငါကိုဖမ်းစားခဲ့တယ် ၊ အခုတော့ ဗရမ်းပတာ င့ါအချစ်ကို နင့်က ပစ်ခွာခဲ့ပြီးပြီပဲ ငါတို့အချစ်တွေ အသစ်ကနေ အဟောင်းပြောင်းသွားတာ အဆန်းအပြား မဟုတ်ပါဘူး မိရှင်နွေ ။

ငါတို့ကြားမှာရှိတဲ့ အတားအဆီးတွေကို တိုက်ဖျက် ိချင်တယ် ၊
တစ်ယောက်နဲ့တစ်ယောက် ဇာတ်ရံတွေမပါပဲနဲ့ ကြည်နူးချင်မိတယ် ။
ငါ့ မှာ ဒီလိုမျော်လင့်ချက် နေ့ရက်လေး ခပ်သေးသေးလေး တစ်ခုပဲ ရှိခဲ့တာပါ မိရှင်နွေ ။

ငါဘက်ကသာ မျှော်လင့်နေရတာ နင့်ဘက်က အခြားလူတွေနဲ့ ပေါ်တင်တွဲပြီး ငါအချစ်ကို နင်းခြေကာ ငြင်းပြစ်ခဲ့တုန်းက ငါ ငြင်းခုံ ခဲ့ဖူးလို့လား မိရှင်နွေ ၊ ငါ ငြင်းဆန် ခဲ့ဖူးလား ။
နင် ဖြေစမ်းပါအုံး ။

ငြင်းဆန်ဖို့လည်း ငါမှာ ခွင့်အားလည်း မရှိဘူး ၊ နင့်ဘက်ကလည်း ခွင့်ပြုမပေးခဲ့ဖူးဘူး။
ငါလည်း အတိတ်ကို သတိရတိုင်း လူဖြစ်ချင်စိတ်တောင် တဖြေးဖြေးနည်းပါးလာပြီ မိရှင်နွေ
အနာဂတ်ကို တွေးတာတွေ ငါထည့်မပြောချင်တော့ဘူး ရှင်နွေရယ်

ငါနင့်ကို အရမ်းချစ်တယ် ရှင်နွေ

ငါ ဘဝထဲက ဘယ်တော့မှ ရုန်းမထွက်လိုက်နဲ့ ရှင်နွေ
ငါနင့်ကို ချစ်နေချင်သေးတယ် ။
ရင်နာနာနဲ့ပေါ့ ။

ရည်းစားဆိုတာ အပျော်သဘောမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ ငါ ။
အခုတော့ အပျော်မရှိပဲ ငုတ်တုတ်မေ့ နေတာကို ကြည့်ပြီး နင် ကျေနပ်ပျော်ရွှင်နေလား မိရှင်နွေ ။

ဒုတိယ အဆင့်တောင်မရှိခဲ့တဲ့ အခြေအနေကို ရပ်ကြည့်ရင်း တဖြေးဖြေး ဘေးကိုရောက်သွားခဲ့တာ
အခုဆိုရင် ရှင်နွေနဲ့ကျွန်တော် အဝေးကြီးပဲ ဝေးကွာသွားခဲ့ရှာပြီ ။

မျက်နှာလေး နီရဲကာ ရှက်ပြုံး ပြုံးတဲ့ ရှင်နွေ အပြုံးတွေကိုတော့ ကျွန်တော် မေ့ပစ်လို့ရမယ် မထင်ဘူး ။

ရှင်နွေ နှခမ်းများက ရှိရှဲဒိုး နှခမ်းနီနီတွေကလည်း ကယ်တင်မလိုလိုနဲ့ ကျွန်တော် အချစ်တွေကို ပြစ်ချက် မရှိပဲနဲ့ ပစ်ချနင်းခြေက ထွက်သွားခဲ့ပြီ ၊

ဘာကိုမှလည်း စဉ်းစားလို့ မရတော့သလို
ဘာကိုမှလည်း တွေးလို့မရတာ့ဘူး မိရှင်နွေ

အတူတူနေချင်တာ မနက်ကနေညနက် အထိပဲလေ ၊
ဘာလို့ မိုးလင်းကနေ မိုးချုပ်ထိ လွမ်းရအောင်

အသက်အောင့်ပြီး နမ်းခဲ့တဲ့အနမ်းများနဲ့ ငါ့ အ ချစ်ကို ဖမ်းစားခဲ့ရတာလည်း ငါ သိတယ်
ငါမှာ ဘာအမှားမရှိပဲနဲ့ ပြစ်ဒဏ်ကြီးကြီး ကျခံနေရသလို ခံစားနေရတာတွေ နင်မမြင်နိူင်တော့ဘူး ။

ဘယ်သူမှ မကင်းနိူင်တဲ့ အချစ်နဲ့ ကျွန်တော်လည်း ကင်းလွတ်ခွင့် မရခဲ့ဘူး ။
ဒါပေမယ့် ဖြုစင်ခြင်းတွေလည်း ရှင်နွေဘက်က ကင်းရှင်းစွာ
သံယောဇဉ်ကြိုး တွေ မခိုင်မာခဲ့ဘူးလေ ။

အရာရာအသစ်တွေနဲ့ မပြောင်းလဲသေးတဲ့ ချစ်သူရဲ့
အပြုံးတွေနဲ့ လေသံတွေနဲ့ပဲ ပင်လယ်ပြာပြာမှာ အပြာရောင်အချစ်တွေနဲ့ ရွက်လွင့်ရင်း
နင့်အချစ်ကို ငါမျှော်လင့်နေပါတယ် မိရှင်နွေ ။

တစ်ခါလောက်တော့ နင့် နှခမ်းတွေကို ငါကြိုက်တဲ့ ဆေးရောင်လှလှလေးတွေ ဆေးခြယ်ခွင့်ရသေးရင် ငါကို ရွေးချယ်ပေးပါ မိရှင်နွေ ။

နောင်ကို အခါအခွင့်သင့်လို့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့ရင် ငါ့ဘဝထဲကနေ ဘယ်တော့မှရုန်းထွက်မသွားတဲ့ အချစ်တွေနဲ့ပဲ ပျော်မွှေ့ချင်တယ် ရှင်နွေ။

ရှင်နွေရေ
ဘာမဟုတ်ညာမဟုတ်လို့ နင်ပြောခဲ့တဲ့ ဒီအချစ်တွေ နဲ့ ငါ ငုတ်တုတ်မေ့
နေခဲ့တာ ကြာခဲ့ပါပြီ ။

             #အဓိပတိကမ္မ
              30AUG2018                   

Uni
.
.
.
ဆွေး ၆

အချစ်ရဲ့ ကြည်နူးမှုက ငါ့ တစ်ဘဝလုံးထိ အလေးအနက် ယစ်မူးမှတော့ ရင်နာလည်း ဆက်ချစ်နေရအုံးမှာပါ ။

သံယောဇဉ် မခိုင်လည်း နင့်ကိုငါ ခိုးခိုးကြည့်ပြီး အရင်ကကြည်စယ်ခဲ့တဲ့ ရင်ခုန်သံတွေကို ကြည်နူးစွာ ခံစားနေမှာပေါ့ ။

အချစ်ကို ဗန်းပြပြီး နှခမ်းဖျားတွေနဲ့ ငါကိုဖမ်းစားခဲ့တယ် ၊ အခုတော့ ဗရမ်းပတာ င့ါအချစ်ကို နင့်က ပစ်ခွာခဲ့ပြီးပြီပဲ ငါတို့အချစ်တွေ အသစ်ကနေ အဟောင်းပြောင်းသွားတာ အဆန်းအပြား မဟုတ်ပါဘူး မိရှင်နွေ ။

ငါတို့ကြားမှာရှိတဲ့ အတားအဆီးတွေကို တိုက်ဖျက် ိချင်တယ် ၊
တစ်ယောက်နဲ့တစ်ယောက် ဇာတ်ရံတွေမပါပဲနဲ့ ကြည်နူးချင်မိတယ် ။
ငါ့ မှာ ဒီလိုမျော်လင့်ချက် နေ့ရက်လေး ခပ်သေးသေးလေး တစ်ခုပဲ ရှိခဲ့တာပါ မိရှင်နွေ ။

ငါဘက်ကသာ မျှော်လင့်နေရတာ နင့်ဘက်က အခြားလူတွေနဲ့ ပေါ်တင်တွဲပြီး ငါအချစ်ကို နင်းခြေကာ ငြင်းပြစ်ခဲ့တုန်းက ငါ ငြင်းခုံ ခဲ့ဖူးလို့လား မိရှင်နွေ ၊ ငါ ငြင်းဆန် ခဲ့ဖူးလား ။
နင် ဖြေစမ်းပါအုံး ။

ငြင်းဆန်ဖို့လည်း ငါမှာ ခွင့်အားလည်း မရှိဘူး ၊ နင့်ဘက်ကလည်း ခွင့်ပြုမပေးခဲ့ဖူးဘူး။
ငါလည်း အတိတ်ကို သတိရတိုင်း လူဖြစ်ချင်စိတ်တောင် တဖြေးဖြေးနည်းပါးလာပြီ မိရှင်နွေ
အနာဂတ်ကို တွေးတာတွေ ငါထည့်မပြောချင်တော့ဘူး ရှင်နွေရယ်

ငါနင့်ကို အရမ်းချစ်တယ် ရှင်နွေ

ငါ ဘဝထဲက ဘယ်တော့မှ ရုန်းမထွက်လိုက်နဲ့ ရှင်နွေ
ငါနင့်ကို ချစ်နေချင်သေးတယ် ။
ရင်နာနာနဲ့ပေါ့ ။

ရည်းစားဆိုတာ အပျော်သဘောမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ ငါ ။
အခုတော့ အပျော်မရှိပဲ ငုတ်တုတ်မေ့ နေတာကို ကြည့်ပြီး နင် ကျေနပ်ပျော်ရွှင်နေလား မိရှင်နွေ ။

ဒုတိယ အဆင့်တောင်မရှိခဲ့တဲ့ အခြေအနေကို ရပ်ကြည့်ရင်း တဖြေးဖြေး ဘေးကိုရောက်သွားခဲ့တာ
အခုဆိုရင် ရှင်နွေနဲ့ကျွန်တော် အဝေးကြီးပဲ ဝေးကွာသွားခဲ့ရှာပြီ ။

မျက်နှာလေး နီရဲကာ ရှက်ပြုံး ပြုံးတဲ့ ရှင်နွေ အပြုံးတွေကိုတော့ ကျွန်တော် မေ့ပစ်လို့ရမယ် မထင်ဘူး ။

ရှင်နွေ နှေခမ်းများက ရှိရှဲဒိုး နှခမ်းနီနီတွေကလည်း ကယ်တင်မလိုလိုနဲ့ ကျွန်တော် အချစ်တွေကို ပြစ်ချက် မရှိပဲနဲ့ ပစ်ချနင်းခြေက ထွက်သွားခဲ့ပြီ ၊

ဘာကိုမှလည်း စဉ်းစားလို့ မရတော့သလို
ဘာကိုမှလည်း တွေးလို့မရတာ့ဘူး မိရှင်နွေ

အတူတူနေချင်တာ မနက်ကနေညနက် အထိပဲလေ ၊
ဘာလို့ မိုးလင်းကနေ မိုးချုပ်ထိ လွမ်းရအောင်

အသက်အောင့်ပြီး နမ်းခဲ့တဲ့အနမ်းများနဲ့ ငါ့ အ ချစ်ကို ဖမ်းစားခဲ့ရတာလည်း ငါ သိတယ်
ငါမှာ ဘာအမှားမရှိပဲနဲ့ ပြစ်ဒဏ်ကြီးကြီး ကျခံနေရသလို ခံစားနေရတာတွေ နင်မမြင်နိူင်တော့ဘူး ။

ဘယ်သူမှ မကင်းနိူင်တဲ့ အချစ်နဲ့ ကျွန်တော်လည်း ကင်းလွတ်ခွင့် မရခဲ့ဘူး ။
ဒါပေမယ့် ဖြုစင်ခြင်းတွေလည်း ရှင်နွေဘက်က ကင်းရှင်းစွာ
သံယောဇဉ်ကြိုး တွေ မခိုင်မာခဲ့ဘူးလေ ။

အရာရာအသစ်တွေနဲ့ မပြောင်းလဲသေးတဲ့ ချစ်သူရဲ့
အပြုံးတွေနဲ့ လေသံတွေနဲ့ပဲ ပင်လယ်ပြာပြာမှာ အပြာရောင်အချစ်တွေနဲ့ ရွက်လွင့်ရင်း
နင့်အလျစ်ကို ငါမျှော်လင့်နေပါတယ် မိရှင်နွေ ။

တစ်ခါလောက်တော့ နင့်နှခမ်းတွေကို ငါကြိုက်တဲ့ ဆေးရောင်လှလှလေးတွေ ဆေးခြယ်ခွင့်ရသေးရင် ငါကို ရွေးချယ်ပေးပါ မိရှင်နွေ ။

နောင်ကို အခါအခွင့်သင့်လို့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့ရင် ငါ့ဘဝထဲကနေ ဘယ်တော့မှရုန်းထွက်မသွားတဲ့ အချစ်တွေနဲ့ပဲ ပျော်မွှေ့ချင်တယ် ရှင်နွေ။

ရှင်နွေရေ
ဘာမဟုတ်ညာမဟုတ်လို့ နင်ပြောခဲ့တဲ့ ဒီအချစ်တွေ နဲ့ ငါ ငုတ်တုတ်မေ့
နေခဲ့တာ ကြာခဲ့ပါပြီ ။

             #အဓိပတိကမ်မ
              30AUG2018                   

#PhotoByAmaraBo

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...