Saturday 28 March 2020

★ ★ ★ ၇၃ နှစ်မြှောက် မြန်မာ့မျိုးချစ်တပ်မတော်နေ့ အားဂုဏ်ပြုအပ်ပါသည် ★ ★ ★
                    ,၂၇.၃.၂၀၁၈ (တပ်မတော်နေ့)

တပ်မတော်သားများသည် အမိမြန်မာမြေအတွက် မိမိတို့၏အသက်ကိုအမြဲတမ်း ပေးလှုထားကြသည် ။

ငါတို့ဟာ အမိမြန်မာမြေကို ကာကွယ်ကြတဲ့ သားကောင်းဇာနည် ၊ စစ်သည် ဇာမဏီတွေ ဖြစ်တယ် ။

ရေထု ၊ မြေထု ၊ လေထု ကို ကာကွယ်ကြတဲ့ သူရဲကောင်းစစ်သားဇာနည်တွေ ဖြစ်ကြတယ် ။

သေနတ်ကိုထမ်း ကျောပိုးအိတ်ကိုလွယ်လို့ တစ်တောဝင် တစ်တောင်တက် ဗုံးသံ သေနတ်သံ ဆူဆူညံတဲ့ တောနက်တွေထဲက ခြင်္သေ့မင်း တွေလို ရဲရဲဝံ့ဝံ့ ရှေ့သို့ ခရီးနှင်ခဲ့ကြတယ် ။

ရှေ့ကတောင်ကုန်းမှာ ရန်သူရှိတယ် ၊ နောက်က ပြည်မမှာ ငါတို့ မိဘပြည်သူတွေ ရှိတယ် ၊ ငါတို့ချစ်တဲ့ တိုင်းပြည်အတွက် ငါတို့ချစ်တဲ့ ပြည်သူပြည်သားအားလုံး အတွက် ငါတို့အသက်တွေကို ဒိုင်းကာလိုသဘောထားပြီး ဇာတိသွားဇာတိမာန်ကို တိုက်ပွဲတွေရဲ့
ရှေ့တန်းကနေက ပြနေကြတယ် ။

ငါတို့ ချစ်တဲ့ တိုင်းရင်းသားညီအကိုတွေ ပြည်ပတိုင်းတစ်ပါးသားတွေရဲ့ သွေးခွဲသော စကားတွေကြောင့် ငါတို့ တိုင်းရင်းသားအချင်းချင်း တိုက်ပွဲတွေ ဖြစ်နေရတာ ကြာပြီ ။

တိုင်းရင်းသားသွေးချင်းညီအစ်ကိုရယ်
လက်နက်တွေချပြီး လက်မှတ်ထိုးကြရအောင် ငါတို့ ပြည်တွင်းငြိမ်းချမ်းရေး ကမ္ဘာထဲ ဝင်လာဖို့ အမြဲ ကြိုဆိုနေပါတယ် ။

ငါတို့ စစ်သားဇာနည်တပ်မတော်သား တွေက လက်နက်ဆွဲကိုင် တော်လှန်နေသူတွေ မဟုတ်ကြဘူး ၊ လက်နက်ကိုင်စွဲ ကာကွယ်နေသူတွေပဲ ဖြစ်တယ် ။

မြုခိုး မြုမှုံန်မီးခိုးငွေ့တွေ ကြားထဲက ယမ်းစိမ်းနံ့တွေ ကလည်း တစ်ထောင်းထောင်းထလို့ ငါတို့ လက်က သေနတ်တွေကလည်း တစ်ဒိုင်းဒိုင်း ပစ်ခတ်နေသော်လည်း ရဲရဲတောက် သွေးနီနီတွေက အငွေ့ပျံမသွားခဲ့ကြဘူး ။

ပြည်သူအသက်အိုးအိမ်ကို ကာကွယ်ရင်း ငါတို့ရဲ့ ရဲဘော်ရဲဘက် တွေ သေကြတာ မနည်းတော့ပါဘူး ။

 ရဲဘော်ရဲဘက် အချင်းချင်း တစ်ယောက်အသက်ကို တစ်ယောက်ကာကွယ် ၊ ဖေးမကူညီ ကူညီရိုင်းပင်း သေဖော်သေဖက် အသက်ကို စွန့်လွှတ် ၊ ခြေထောက်တွေ လက်တွေ ၊ ဆုံးရှုံးခဲ့ရတာတွေလည်း မနည်းတော့ဘူး ။

သူတို့ပေးလိုက်ကြရတာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တွေတင်မကပါဘူး ၊ သူတို့ဘဝတွေ ၊ သူတို့ ရည်မှန်းချက်တွေ ၊ သူတို့မျှော်လင့်ချက်တွေ ၊ သူတို့ရဲ့ သာယာမှုတွေကိုယ်ပါ ပေးဆပ်လိုက်ကြတာပါ ။

တက်သစ်စ ရောင်နေခြည်တွေ တစ်ဖြာဖြာ ထွက်နေချိန် ငါတို့သွေးနဲ့ရေးတဲ့ စစ်သမိုင်းတွေကလည်း ကောင်းကင်ယံမှာ သက်တန့်တွေလို့ ထွန်းလင်းနေမှာ အသေအခြာပါပဲ ။

အစိမ်းရောင် တောင်တန်းတောနက်ထဲမှာ အစိမ်းရောင်ယူနီဖောင်း စစ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ငါတို့ ကိုယ်ပေါ်မှာ ရဲရဲတောက်အနီရောင်သွေးတွေ ဆီးကျနေပါစေ ရဲရင့်တဲ့ မျိုးချစ်သွေးတွေ နည်းနည်းလေးမှ အပြင်ကို ယိုဖိတ်မသွားစေရဘူး ။

တောနက်ထဲ တောင်ကျိုတောင်ကြားတွေ ထဲမှာ အမြှောက်ကားတွေ လေယဉ်ပျံတွေ တင်းကားတွေ နဲ့ တိုက်ခိုက်ရေး စစ်ပွဲတွေ ဖြစ်နေတာပါ ၊ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေကြတာ မဟုတ်ကြပါဘူး ။

ရှေ့တန်းစစ်မြေပြင်တွေဟာ ကြမ်းတမ်းခက်ထန်လွန်းတယ် ၊ စိတ်ကူးယဉ် အိမ်မက်ထဲကစစ်ပွဲတွေနဲ့တော့ မတူညီလှပါဘူး ။

တပ်မတော်သားတွေရဲ့ လက်ထဲမှာ သေနတ်တွေကိုင်ထားပေမယ့် နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေကတော့ ကျည်ဆံတွေမှ မဟုတ်တာဗျာ ငါတို့ကလည်း လူသားတွေထဲက စစ်သားတစ်ယောက်ပဲလေ ။

တိုင်းပြည်ရဲ့ ယဉ်ကျေးမှု နဲ့ ရိုးရာအစဉ်အလာကို ကာကွယ်တဲ့နေရာမှာ ငါတို့တပ်မတော်သားတွေ ရှေ့ဆုံးက ပါဝင်ခဲ့ကြတာကို သမိုင်းက သက်သေတည်ပါလိမ့်မယ် ။

ကြုံသလိုအိပ် ကြုံသလိုစားနဲ့ ကြုံတွေ့ရတဲ့ ဘဝအထွေထွေကို တိုက်ပွဲတွေကြားထဲမှာ ဖြတ်သန်းနေရတယ် ။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်ဆီဘယ်ဝယ်မှာ ရှိတယ်ဆိုတာ ဘယ်မှာမသိ ရန်သူဘယ်မှာ စခန်းချတယ်ဆိုတာပဲ ငါတို့ စစ်သည်တွေသိတယ် ။

ငြိမ်းချမ်းရေး ဂျိုးဖြုငှက်တွေ ဘယ်မှာပျံဝဲနေမလည်းဆိုတာ ငါတို့ စစ်သားတွေ မသိ ၊
ကောင်းကင်ပြာပြာထက်မှာ စစ်လေယာဉ်တွေ ပျံသန်း နေတာပါ မြင်ကြတယ် ။

ပင်လယ်ပြာပြာမှာ ငြိမ်းချမ်းရေး သဝဏ်လွှာစာတော်ပါးမည့် ချိုးငှက်ဖြုဖြုကို အလေးမပေးနိူင်သေး ၊ ငါတို့ တပ်မတော်သားတွေ စစ်ရေယာဉ်တွေနဲ့ ကူးသန်းနေကြတာပဲ သိတယ် ။

မျိုးရိုးအဆက်ဆက် တန်ခိုးရှိတဲ့မြေက ရွှေထီး ရွှေနန်းအပြည့်အစုံ နဲ့ စံမြန်းလာခဲ့တဲ့ အမိမြန်မာပြည်ရဲ့ တန်ဖိုးကြီးမြင့်လှတဲ့ ယဉ်ကျေးမှုတွေ ကို ထိမ်းသိမ်းစောင့်ရှောက်ကြမှာ ငါတို့ အမျိုးသားရေး တာဝန်တစ်ရပ်ပဲ ဖြစ်တယ် ။

စိတ်ကူးထဲမှာတောင် ရန်လိုမှု ရန်ဖြစ်တာမျိုး မရှိခဲ့တဲ့ အမိသားကျွန်တော် စစ်သားကြီးက အမိမြန်မာမြေအတွက် သေနတ်ကိုထမ်း ကျောပိုးအိတ်ကိုလွယ်လို့ တိုင်းပြည်တာဝန်ထမ်းဆောင်လို့ စစ်ပွဲတစ်ရာ နွဲ့နေရပြီ မေမေ ။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးတွေ စုပေါင်းစည်း ထားတဲ့ အမိတပ်မတော်က နိူင်ငံတော်တိုးတက်ရေးဖွဲ့ဖြိုးရေး မနှေးဆောင်ရွက်နေကြတာ ကျည်း ရေ လေ မြန်မာ့တပ်မတော်ပဲ ဖြစ်တယ် ။

အမျိုးဘာသာ ဒို့သာသနာနဲ့ ဒို့တာဝန်အရေး သုံးပါးကို ဦးထိမ့်မှာ ထားတဲ့ ပြည်သူတပ်မတော်ကြီးဟာ ငါတို့ မြန်မာ့တပ်မတော်ပဲ ဖြစ်တယ် ။

ငါတို့တပ်မတော်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ရယူလိုမှု အနည်းဆုံးနဲ့ ပေးဆပ်မှု အများဆုံးသော ပြည်သူအဖွဲ့အစည်း ဖြစ်ပါသည် ။

နိူင်ငံတော်ကို လွတ်လပ်ရေး ရယူခဲ့တဲ့ သမိုင်း ၊ နိူင်ငံတော်ကို ကာကွယ်ရင်း ခဲ့တဲ့သမိုင်း
သမိုင်းထဲက သမိုင်းတွေထဲမှာ မြန်မာ့တပ်မတော်ဟာ ရဲရဲတောက် စိတ်ဓာတ်တွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာ သမိုင်းထဲက သမိုင်းက သက်သေတည်နေပါတယ် ။

ငါတို့ အသွေးအသားတွေကိုပဲ အပွန်းအပဲ့ခံမယ် ၊ ငါတို့ရဲ့ မြေကို ဘယ်တော့မှ အပွန်းအပဲ့ခံမခံဘူး ၊ ငါတို့သိမ့်ချစ်တဲ့ မြန်မာမြေကြီး အေးချမ်းသာယာရေးအတွက် ငါတို့ စစ်ပွဲတွေကို တိုက်ခိုက်ကြရလိမ့်မယ် ။

လွမ်းစရာ ဆွေးစရာတွေ များပြားနေတဲ့ စစ်မြေပြင်မှာ ကြမ်းတမ်းလွန်းလှပါတယ် ၊
ရန်သူတွေ ပတ်ချာလည်နေတဲ့ ရှေ့တန်းက တိုက်ပွဲမှာ လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်ခတ်နေကြရတယ် ။

ရဲရင့်သော ရဲရဲတောက် စစ်သည်တွေ ရှိနေတဲ့ အမိမြန်မာမြေမှာ တစ်လက်မမှ အထိမခံနိူင်ဘူး ၊
ရဲရဲဝံ့ဝံ့ ရဲရဲလုပ်ဆောင်နေတဲ့ မြန်မာ့သတ္တိကို မြန်မာ့တပ်မတော်က သက်သေတည်နေပါတယ် ။

ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးညီညွတ်တဲ့ ဒို့တပ်မတော်ကြီးရဲ့ တွဲလက်တွေ ဘယ်တော့မှ မဖြုတ်ဘူး ၊ ကမ္ဘာတည်နေ၍ မြန်မာ့တပ်မတော် တည်တံ့ခိုင်မြဲ နေမယ်လို့ ကျွန်ုပ်တို့ ယုံကြည်ထားကြတယ်.....။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေး၍ ကာကွယ်ခဲ့ကြသော တပ်မတော်သားဇာနည်ရဲဘော်များအား လေးစားသောအားဖြင့်
ဂုဏ်ပြုအပ်ပါသည် ။

★ Please share now©®©® ★
                   အဓိပတိ ကမ္မ
             27-3-2018,10.15AM
Photo by Than Htay

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...