Sunday 19 September 2021

တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ ဖြစ်စေလို🇲🇲

 ▪️တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ ဖြစ်စေလို🇲🇲


လက်ရှိနိူင်ငံရေး အခြေအနေက မတည်မငြိမ် ဖြစ်ရုံနဲ့တင်မက ပဋိပက္ခ သူနိူင်ကိုယ်နိူင် လူသတ်လက်နက်တွေနဲ့ တိုက်နေကြတဲ့ အနေအ‌ထားပါ ဒီပုံစံမျိုးတိုင်းသာ ဆက်သွား‌ေနရင် တပ်ကပြောထားတဲ့ ရွေးကောက်ပွဲ ဆိုတာက 2023 မပြောထားနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကတော့ နောက်ထပ် ဘုရားတဆူပွင့်တောင် မဖြစ်နိုင်တော့ပါ။


မိမိနှစ်သက်တဲ့ပါတီကို ရပ်ကွက်ထဲမှာ မဲဆွယ်ဖို့ မပြောနဲ့ ပါတီအိင်္ကျီကိုတောင် မဝတ်ရဲလောက်အောင် ဖြစ်နေတဲ့ အနေအထားပါ ။


ရပ်ကေျးအုပ်မှုးတောင် အသတ်မခံရဖို့ အိမ်ထဲ ကုတ်ကုတ်လေး နေနေရတာ ဘယ်လိုလုပ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်လို့ရပါ့မလဲ ။


တကယ်လို့

ရွေး‌ေကာက်ပွဲကို မဖြစ်မနေ မဖြစ်ဖြစ်တဲ့ နည်းနဲ့တပ်က လုပ်ရင်တောင် လွတ်လပ်ပြီး တရားမျှတတဲ့‌ေရွး‌ေကာက်ပွဲလို့ ပြောလို့မရပါ ။


ပြီးခဲ့တဲ့

2010 ကလို ရွေးကောက်ပွဲ ပုံစံမျိုးဆိုရင်လည်း

ပြည်သူဆန္ဒအမှန်မဲ ဖြစ်နိူင်ပါ့မလား ။


စဉ်းစားစရာ တွေးတောစရာပါ ။


တကယ်လို့ တပ်ထောက်ခံတဲ့ပါတီကပဲ ‌လွှတ်တော်ထဲ နေရာအများစုနဲ့ အစိုးရပြန်ဖွဲ့တော့ရော တိုင်းရေးပြည်ရေးက လက်ရှိအ‌ေခြအ‌ေနလို လက်နက်ကိုင် ပဋိပက္ခနဲ့ ဆူပူအုံကြွမှုတွေက ပြန်ပေါ်လာမှာပဲ မဟုတ်လား ။


တိုင်းပြည်ရဲ့အခြေအနေဟာ ယခုချက်ချင်းဖြေရှင်း

တည်ငြိမ်အေးချမ်းရေးလမ်း(ဒေါ်စုကိုလွှတ် ရွေးကောက်ပွဲရလဒ် အတည်ပြု )ဖို့ကိုလည်း တပ်ဘက်က လက်ခံမှာ မဟုတ်သလို NUG PDF တွေဘက်ကလည်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာမလို့ ဘာကိုမှ လက်ခံနိူင်မည် မဟုတ်ပါ ။(သူဘက်ကလည်း အပြုတ်တိုက် အပြတ်ရှင်း လမ်းစဉ်ကိုး )


ဒီတော့ ပြည်တွင်းတည်ငြိမ်အေးချမ်းသာယာရေးဆိုတာက မမျှော်လင့်သင့်တဲ့ တိုင်းပြည်ရဲ့အနာဂတ်တစ်ခုပါ 

ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ဖို့ ဆိုတာက ဒီအခြေနဲ့ဆို အနည်းဆုံး ဆယ်စုနှစ်နဲ့ချီ အချိန်ယူပြီး တည်ဆောက်ရလိမ့်မယ်လို့ ကျနော်က‌ေတာ့ ယူဆပါတယ်။


တပ်မ‌တော်အနေနဲ့လည်း နိူင်ငံတော်တာဝန်ယူထားတာ ၇ လ တင်းတင်းပြည့်ပြီဖြစ်လို့ တရားဥပဒေစိုးမိုးရေးကို တစိုက်မတ်မတ် လုပ်ဆောင်သင့်နေပါပြီ ။ 


ဒါမှမဟုတ် ဖမ်းဆီးထားသော ထိပ်ပိုင်း နိူင်ငံခေါင်းဆောင်ဟောင်းတွေကို လွှတ်ပေးပြီး နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းရေး လမ်းစဉ်ကို ရွေးချယ်သင့်ပါတယ် ။

နှစ်ဖက်တွေ့ဆုံညှိနှိုင်းလို့ အစဉ်ပြေသွားရင်တောင် လက်နက်အတိုအစတွေက ပြည်တွင်းမှာ မှိုလိုပေါက်နေတာဆိုတော့ တောပုန်း ဓားပြ လုယက်မှုတွေကတော့ ယခင်က‌ထက် ပိုပြီး များပြားလာမှာကလည်း အသေအခြာပါ ။


တပ် ဖက်ကလည်း တည်ငြိမ်အောင် မအုပ်ချုပ်နိူင် တခြားတစ်ဖက်ကိုလည်း တွေ့ဆုံညှိနှိုင်းရေး မလုပ်နိူင် တပ်ကို အပြုတ်တိုက်ဖို့လည်း မလွယ်ကူနဲ့ ဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်က ရှေ့လျှောက် လှပမည်မဟုတ်ပါ ။


တိုင်းပြည်အတွက်လို့ ‌ပါးစပ်မချတမ်း ပြောနေကြတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ တိုင်းပြည်မျက်နာကြည့်ပြီး မိမိတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်သင့်တဲ့ အချိန်ရောက်နေပါပြီလို့ အကြံပြုချင်ပါတယ် ။


ငြိမ်းချမ်းလိုတဲ့ ပြည်သူ‌ေတွက‌ေတာ့

မဟော်သဓာရဲ့ သားတရားစီရင်ခန်းလို 

ဘယ်သူကအလျော့ပေးမလဲ စောင့်နေရုံအပြင်မရှိပါ ။ 


အဓိပတိကမ်မ 🇲🇲

19092021

No comments:

Post a Comment

 လွမ်းသလို ဆွေးသလိုပါပဲ  ဒါသည်လည်း ပုံမှန်ပါပဲ