InToTheWild
တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့ တောအုပ်ထဲကို ဘယ်သူမှ မသိအောင် ထွက်သွားမယ် ၊
တောင်ကျချောင်းရေသံ ကျေးငှက်တွေရဲ့ အသံပလံတွေ ဆူညံနေတဲ့ အနားက သစ်ပင်အိုကြီး အမှီပြုပြီး အကြိုက်ဆုံး သီချင်းတပုဒ်ကုိ အားပါးတစ်ရ အော်ဟစ်ပြီး ဆိုမယ်
မေ့တစ်ခါ ရတစ်လှည့်ဖြစ်နေတဲ့ ဟိုးမားရဲ့ ကဗျာတွေကို ရေရွတ်ရင်း
ပါလာတဲ့ ဝီစကီနဲ့ စီးကရက်ကို သက်ပြင်းတွေနဲ့ေရာစပ်ပြီး သောက်မယ်၊
စိတ်လိုလက်ရနဲ့ လွင့်နေတဲ့ တိမ်တွေကိုငေးရင်း
အဆုံးလည်းမရှိ အစမရှိတဲ့ စိတ်ကူးနဲ့ တစ်ယောက်ထဲ စိတ်ကြုက်လွင့်ေမှျာနေမယ် ။
တစ်ခါတစ်ခါ စိတ်ထွက်ပေါက်ရအောင် တစ်ခုခုကို အော်ဟစ်ဆဲပစ်မယ် ။
ငါတစ်ယောက်တည်းပဲလေ
ငါ့ဘေးမှာ ဖြတ်သွားဖြတ်လာ
ခွေးလေခွေးလွင့်တွေ မရှိသလို သောက်ကြီးသောက်ကျယ် လူကြီးလူကောင်းနာမည်ေကာင်းတွေနဲ့ လူပုဂ္ဂိုလ်ေတွလည်း ရှိမနေဘူး ။
ငါကမ္ဘာကို ငါကိုယ်တိုင် ဖန်တီးပြီး
ငါကမ္ဘာမှာ ငါဟာ အဓိပတိပဲ
ဘယ်လိုလူကိုမှ သောက်ဂရုစိုက်စရာ မလိုဘူး ဂရုစိုက်စရာလူလည်း မရှိဘူး ။
မွေးဖွားခြင်းကိုလည်း မေးခွန်းမထုတ်တော့ဘူး
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ကိုလည်း မရှာေဖွတော့ဘူး
အားလုံးကို ထားခဲ့ပြီး အားလုံးမရှိတဲ့ နေရာမှာ ငါပျော်ပျော်ကြီး ရှင်သန်မယ် ။
ငါဟာငါနဲ့ ငြိမ်းချမ်းနေဖို့ပဲ လိုတာပါ ။
အဓိပတိကမ်မ
No comments:
Post a Comment