Sunday 19 September 2021

#ဆလိမ်လေး

 #ဆလိမ်လေး 


ဆလိမ်လေး အမြင်ကောင်းသလောက် ငါ့တို့အတွက် အကျိုးမပြု အကျိုးနည်းခဲ့ရတဲ့ ဆလိမ်လေး ။


ဆန် 

ဒီတိုင်းပြည်ကပဲ ထွက်တယ် ဒီတိုင်းပြည်မှာပဲ ဈေးကြီးပေးစားနေကြရတယ် ၊ ဆန်ဈေးကြီးလို့ လယ်သမားတွေရော ချမ်းသာရဲ့လား မမေးပါနဲ့ သူတို့ကစပြီး ထမင်းနပ်မမှန်နေတာပါ ။


ဆီ

ဒီတိုင်းပြည်က ထွက်တဲ့ မြေပဲဆီ နှမ်းဆီ အလွန်ပေါများပါတယ် ဒါပေမယ့် ပဲဆီ နှမ်းဆီကို လူတိုင်းမစားနိူင်ပါပဲ နေကြာဆီ စားအုန်းဆီ ပြည့်ဝဆီ 

စတဲ့ ဆီတွေကိုသာ စားသုံးနေကြရင်း နှလုံး သွေးတိုး အသဲအဆီဖုံးက အစ ကင်ဆာအဆုံး ရောဂါအစုံဖြစ်နေကြရတာပါ ။


ဆရာဝန် 

ဆရာဝန် အလုံအလောက်နီးပါး ဒီတိုင်းပြည်မှာ ရှိသင့်သလောက်ရှိပါတယ် ဒါပေမယ့် နိူင်ငံရေး မတည်ငြိမ့်မှု့တွေကြောင့် ဆရာဝန်အများစု အလုပ်မဆင်းကြတော့ဘူး ။

အခုလို ကိုဗစ်တွေက တတိုင်းပြည်လုံးဖြစ်လို့ သေသူသေ ပိုးကူးသူကူး ကုစရာနေရာမရှိ သွားစရာ ဆေးရုံဆေးခန်းမရှိနဲ့ မရှုမလှ သေကြရပြန်တယ် ။


ဆေးရုံ ဆေးဝါး

ဆေးရုံတွေ ဆေးပေးခန်းတွေ တတိုင်းပြည်လုံးအနှံ ရပ်ကွက်ကျေးလက် တောရော မြို့ပါမကျန် အမြှောက်အများရှိပါတယ် ကုသပေးမယ့် ကျန်းမာရေးဝန်ထမ်းက အလုပ်မဆင်း နဲ့ အတိဒုက္ခလှလှ တွေ့ရတယ် ၊ ဖျားလို့နာလို တုတ်ကွေးချောင်းဆိုးတာတောင် ဆေးမီးတို က ဝေလို့မရ ။

ဆေးဝါးကုန်တိုက် ဆေးဝါးစက်ရုံတွေ ပြည်တွင်းမှာ ရှိပါလျက်နဲ့ ပြည်သူတွေ ဆေးဝါးအငတ်ဘေးနဲ့ ကျန်းမာရေး စောက်ရှောက်မှု ဗလာနတ္တိပါပဲ ။


ဆရာ/ဆရာမ

ဆရာ ဆရာမ တွေကလည်း တ‌ပြည့်တွေကို ပစ်ခဲ့ပြီး တောထဲတောင်ထဲ မှာ မြေဖြုအစား လက်နက်စွဲကိုင် ခေါင်းလောင်းလေးနဲ့ စာသင်ကျောင်းလဲ စာသံပေသံ ကျောင်းသားလူငယ်တွေ အသံမကြားရပါပဲ သေနတ်သံ ဗုံးသံတွေနဲ့ စာသင်ခုံတွေက စစ်တန်းလျား ဖြစ်လို့နေတဲ့ တို့တိုင်းပြည်လေး သနားစရာ ။


ကျနော်တို့ မြန်မာပြည်မှာ ပေါသလောက် လိုအပ်နေတာ "ဆလိမ်လေး" ပါပဲ ။

ပေါများသလောက် ချို့တဲ့နေတာ "ဆလိမ်လေး"ပါပဲ။

ဆလိမ်လေးရယ် ကျနော်တို့ အများကြီးမျှော်လင့်နေပါတယ် ။


ဆလိမ်လေးရယ် အမြန်ဆုံး နေရပ်ပြန်လာပေးပါ ဆလိမ်လေး😥


အဓိပတိကမ်မ 🇲🇲

No comments:

Post a Comment

 လွမ်းသလို ဆွေးသလိုပါပဲ  ဒါသည်လည်း ပုံမှန်ပါပဲ