❝ငါ့တို့ သူငယ်ချင်း ❞
နှစ်ကာလ ရှည်ကြာစွာ ငါတို့အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေက မနည်းမနောပါ ၊
တစ်ရက်ကွက်စီ တစ်နေရာစီ ဆိုပေမယ့်
ငါတို့ လ္ဘက်ရည်ဆိုင် အရက်ဆိုင် လမ်းဘေးဂစ်တာဝိုင်းတွေထိ
ငါတို့အတူတူရှိခဲ့ကြတာပဲ ၊
သီချင်းသံတွေ ဆူညံ့နေတဲ့ အထည်ဆိုင်ကျဉ်းလေးထဲမှာ အရက်တွေ တစ်ယောက်တစ်ခွက်သောက်ပြီး မူးရူးဟော်ဟစ်ခဲ့ကြတာတွေလည်းရှိတယ် ။
အခုချိန်မှာ ငါက တစ်နေရာ မင်းတို့တွေလည်း တစ်ယောက်တစ်နေရာစီ ဝမ်းရေးနဲ့ ဘဝရှေ့ရေးအတွက် ပြည်ပထွက် အလုပ်လုပ်နေတာတွေလည်း ရှိပါသေးတယ် ။
တချို့ကတော့ အကြောင်းအမျုိးမျုိးကြောင့် အထဲမှာပေါ့ကွာ
အဲ့ကောင်ကြီးကိုလည်း သတိတွေ အရသားပဲကွာ ။
နိူင်ငံရေးအယူအဆတွေအရ
အနီအစိမ်းတွေ ကွဲနေပေမယ့် ငါတို့ရင်းနှီးမှုတွေ အစိမ်းခဲ့ဘူး
Online ပေါ်မှာ မီးတွေစိမ်းနေတိုင်း ငါတို့တတွေ အနေအစိမ်းခဲ့ဘူး ။
ငါတို့မှာ
ထူးပြီး ပြောစရာ ဘာစကားကျန်ဦးမှာလဲ
ဘာမှပြောစရာ မလိုလောက်အောင် တစ်ယောက်စိတ်တစ်ယောက် သိနေတာပဲလေ ။
နှစ်များစွာ နေရာတစ်ခုမှာပဲ အတူတူကြီးပြင်းလာခဲ့တယ်
လူဟာ တစ်ယောက်ချင်းဖြစ်နေလည်း
အားလုံးနဲ့ အတူရှိနေတဲ့ ထင်ယောင်မှားမှုဟာ
တကယ့်ဘ၀နဲ့ ထပ်တူကျချင်ကျေနနိူင်တယ်ေလ။
တစ်ယောက်တည်းလည်း လ္ဘက်ရည်ဆိုင်ထိုင်ပြီး လမ်းဘေးကို ငေးမိငေးရာ ငေးနေတတ်တာ ငါ့အကျင့်ပဲလေ
တွေးမိတွေးရာ တွေးမယ် ....
ငေးမိငေးရာ ငေးမယ် ....
ဆွေးမိဆွေးရာ ဆွေးမယ် ....
မေးမိမေးရာ မေးမယ် ......ပေါ့
မင်းတို့လိုတော့ ငါကျေနပ်အောင် ဖြေပေးမယ့်
မသူငယ်ချင်းအရင်းတွေတော့ အနားမှာ တစ်ယောက်မှ မရှိဘူး .....
#
No comments:
Post a Comment