လွန်ခဲ့သော ငါးနှစ်လောက်က အချစ်နဲ့ ထိခဲ့တယ်
အချစ်နဲ့ပြတ်ဆဲပြီး
မူးယစ်စေတဲ့ အငွေ့ေတွနဲ့လဲ ငြိတွယ်ခဲ့တယ်
အသည်းလဲ ကွဲဖူးတယ်
အမြဲလည်း ကွဲဖူးတယ်
တစ်ခါတခါ သောက်ပေါတွေနဲ့ မူးလည်းမူးတယ်
တစ်ခါတစ်ရံ သောက်ရူးတွေနဲ့ ရူးလည်းရူးခဲ့တယ်
ရူးရူးမူးမူးနဲ့ ရှင်သန်ချိန်တွေ ရှိခဲ့သလို
ပေါတောတောနဲ့ပေါကြောင်ကြောင် လုပ်ခဲ့တာတွေလည်း ရှိတယ် ။
ပေါပျက်ပျက် စကားတွေပြောပြီး ပေါ့ပျက်ပျက် မိန်းမတွေနဲ့လည်း
အတူတူဖြတ်သန်းခဲ့တာတွေကလည်း များစွာပဲ ။
လမ်းဘေးဓာတ်တိုင်တွေအောက်မှာ သောင်းကြမ်းခဲ့ဖူးတယ်
တံတားအောက်တွေ တံတိုင်းအောက်တွေမှာလည်း ရူးခဲ့မူးခဲ့ဖူးတယ်
ကျွန်တော် လူငယ်တစ်ေယာက်ပါ ၊
လူငယ်မပီမသနဲ့ ပီသချင်ေယာင်ေဆာင်ခဲ့ဖူးတယ် ၊
အချစ်ဝတ္ထုအတိုအဆတွေ တစ်စွန်းတစ်စ ဖတ်ခဲ့ဖူးတယ် ၊
အလွမ်းအေဆွးကဗျာ အတိုအစတွေကို အပေါင်းအသင်းတွေစုပြီး ဖတ်ခဲ့ဖူးတယ် ။
လူငယ်ဆိုပေမယ့် လူမပီသဘူးလို့ ဘယ်သူပြောချင်သေးလဲ?
ဘုရားကျောင်းမတက်လို့ လူပီသဘူးပြောတဲ့ လူကြီးတွေေလာက်လည်း ငါက သိက္ခါမမဲ့ဘူး ။
ဆေးလိပ်နဲ့အရက်သောက်လို့ ငါ့ကို အမြင်မကြည်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေလောက်လည်း ငါက မစင်ကျယ်ဘူး ။
လူက လူလိုရှင်သန်တာ အပြစ်ဆိုလည်း သောက်ဂရုမစိုက်ေတာ့ဘူး ။
လူက လူလိုတွေးပြီး လူသားဆန်စွာ အရိုင်းဆန်ခြင်းတွေက သဘာဝပဲလေ ဘာအကြောင်းကြောင့် သဘာဝနဲ့ဆန့်ကျင်ပြီး နေထိုင်တွေးခေါ်နေ
ချင်ရမှာလဲ ?
အဓိပတိကမ္မ
No comments:
Post a Comment