ကြယ်တွေစုံတဲ့ ညလယ်ယံမှာ ငါဆီလာခဲ့သမျှက အလင်းရောင်မဟုတ်ခဲ့ဘူး ။
ရင်မှာစွဲတဲ့ ဒဏ်ရာတွေရဲ့ ကြေကွဲမှုတွေကို လူတွေ မကြားကြတော့ဘူး ။
ကြယ်တွေ ငိုတဲ့ လမ်းက အိမ်မက်တွေက အုံအုံမှုိင်းမှိုင်းနဲ့ ရွာမချတဲ့ မိုးတိမ်တိုက်တွေပါပဲ ။
အမှန်တရားပျောက်တဲ့ လောကကြီးကို ခွင့်လွှတ်ပေးတတ်တဲ့ စိတ်ခံစားမှုတွေကို ကဗျာတွေထဲ ကျကျနန ရောစပ်ပြီး လောကကြီးကို သရော်ကြရင်း ရှင်သန်ကြတာပေါ့ ။
တစ်သက်တာ ဒုက္ခေတွနဲ့ ရှင်သန်ရခြင်းကို ဘဝလို့ခေါ်ပြီး မျက်စိက ငါကြားတဲ့ ရင်ခုန်ခြင်းတွေနဲ့ အတူ လွမ်းတေးကဗျာတွေကို နားမလည်ပေမယ့် တိတ်ဆိတ်ခြင်းတွေနဲ့အတူ ဘူတွေမကြားနိူင်အောင် အော်ဟစ်ရွတ်ဆိုကြတာပေါ့ ။
ငါချစ်တဲ့ အရာတွေရဲ့ ငိုသံတွေ
ငါမြတ်နိူးမှုတွေရဲ့ ရူးသွပ်မှုတွေ
ငါတန်ဖိုးထားတဲ့ အမှန်တရားတွေရဲ့
နားလည်မှုေတွကို လုံးဝမမြင်နိူင်သော အခန်းလွတ်ထဲက အဟယ်ခံ လူသားတစ်ယောက်ကို ဘယ်လိုလူကမှ မမြင်နိူင်ကြဘူး ။
ရင်မခုန်တတ်တဲ့ကြယ်တွေကို ကြည့်ပြီး တုန်ရီနေသော တောင်တန်းတွေကို အရူးတစ်ယောက်လို တစ်ယောက်တည်း စကားတွေ အများကြီး ပြောမယ် ။
လူတွေနားမလည်သော အသိစိတ်တွေ လူသားဆန်ခြင်းတွေကို မိုးတိမ်ထဲက ငိုသံတွေနဲ့အတူ ချစ်တဲ့အကြောင်းတွေ တေးဖွဲ့ရင်း တဖြေးဖြေးပျေက်ကွယ်သွားတတ်သော ဆေးလိပ်ငွေ့တွေလို လူတွေကို ဟားတိုက်ပြီး ရယ်ပြနေမယ် ။
မပျော်ရွှင်ရသော ရယ်သံတွေနဲ့ ပြုံးရယ်ကြရင်း
ကမ္ဘာကြီးကပေးသော ဒုက္ခတွေနဲ့
တစ်သက်တာ ငါငိုနေပါပြီ ။
ပန်းပွင့်မီးလျှံတွေကြားက ကြယ်တံခွန်တွေကို နားလည်တတ်ဖို့ ကြိုးစားကြရင်း ရူးသွပ်ကြသေးတာပေါ့ ။
ရူးသွပ်ခြင်းတွေ ဘာ်လောက်ပဲ ပြင်းထန်နေပါစေ
ဒဏ်ရာဒဏ်ချက်တွေကတော့ မပျောက်ကွယ်သေးပါဘူး ။
အားလုံးနားမလည်တဲ့ ချစ်ခြင်းတွေကို ဒုက္ခနဲ့ တုန်ပြန်ခြင်းကိုပဲ ပြန်ပေးတတ်သော လူတွေကို လက်မြှောက်အရှုံးမပေးသေးခင်အထိတော့ ချစ်ခင်တွယ်တာရင်း ရှင်
သန်ကြသေးတာပေါ့ ။
@အဓိပတိကမ်မ


No comments:
Post a Comment