ငါတို့နှစ်ေယာက်အချစ်တွေနဲ့ ဘဝတွေကို အလင်းပေးလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ၊
အမှန်တကယ်လက်တွေ့ ဘဝမှာတော့ နှစ်ယောက်လုံးရဲ့ ဘဝတွေ အမှောင်ကျရောက်
်ပြီးအလင်းပျောက်ခဲ့ရတယ် ။
ခဏလေးပဲ ချစ်ခဲ့ကြပြီး ခဏလေးနဲ့ပဲ ပြတ်ဆဲသွားကြပေမယ့် ၅ နှစ် ၆ နှစ်အထိ ငါနဲ့မင်းနဲ့ ချစ်နေလျှက်နဲ့ ဝေးနေခဲ့ရတယ် ။
အခုထိမဆုံဖြစ်နိူင်ကြသေးဘူး ။နောင်လည်း ဆုံဖြစ်ကြမှာ မဟုတ်ဘူး ။
မသိချင်ယောင်ဆောင် ေနကြရင်း နဲ့ တကယ်မသိသလို ဖြစ်သွားတဲ့ ဇာတ်လမ်းလေးက ဝဋ်ကြွေးသက်သက်ဆိုပေမယ့် ချစ်နေကြပါသေးတယ် ။
တစ်ယောက်နဲ့တစ်ယောက် မမြင်နိူင်စေဖို့ ကြားလူတွေ မမြင်နိူင်စေဖို့ တံခါးတွေ တစ်ယောက်တစ်ချပ် ပိတ်ကြရင်း အဝေးဆုံးလမ်းတွေဆီ ထွက်ခွါကြပြီး အဝေးကြီး ဝေးကြတာပေါ့ မိရှင်နွေ -------
အစစအရာရာ အစဉ်မပြေလည်း ငါအစဉ်ပြေပါတယ်လို့ ခေါင်းလေးငုတ်ပြီး ဖြေပါ ၊
ငါလည်း အစီအစဉ်မကျခဲ့တဲ့ ဘဝကိုမေ့ပစ်ပြီး နင်မရှိလည်း ငါအစဉ်ပြေပါတယ်တယ်လို့ အောက်သပ်သပ်နဲ့ ေြဖပေးပါ့မယ် ။
အဆုံးအဆ မရှိတဲ့ အချစ်တွေ ကုန်ဆုံးနေကြပေမယ့် ဟန်မဆောင်တတ်တဲ့ အပြုံးအတုအယောင်တွေနဲ့ ဟန်ဆောင်ကောင်းနေသေးတာပေါ့ မိရှင်နွေ ------။
ချစ်နေကြပေမယ့် နင်လည်း ငါကို မလိုအပ်တော့ဘူး ငါလည်း နင့်ကို မပိုင်ဆိုင်ရတော့ဘူး ဟုတ်တယ်မဟုတ်လား ။
ဒီလိုနဲ့ မဆုံနိူင်ဖြစ်ကြတာကလည်း အဆုံးအဆမဲ့ ပါပဲ ။
ငါ့အိတ်ကပ်ထဲက ကောက်ကွေးနေတဲ့ ဆေးလိပ်တွေကို ပြန်ဖြောင့်ပြီး ငါသောက်နေပေမယ့် စိတ်ကောက်ပြီး ထွက်သွားတဲ့ နင့်ကို စိတ်ပြေလောက်အောင် ငါမချော့လိုက်မိဘူး ------။
နင့်မရှိတော့တဲ့ ငါ့ကမ္ဘာမှာ အတွေးတွေနဲ့ ဆေးလိပ်မီးခိုးငွေ့တွေ ပျောက်ကွယ်သွားတဲ့အထိ ငါမှာ နာနာကျင်ကျင် ထိုင်နေငေးနေမိတယ် ▪️▪️▪️
▪️▪️။
အဓိပတိကမျမ


No comments:
Post a Comment