Thursday 30 July 2020

HIPPIE. ဟစ်ပီ


ဟစ်ပီ
လူကြားသူကြားထဲမှာနေလ ို့အထီးကျန်နေရတဲ့အခါ
ဂစ်တာတစ်လက်ကို လွယ်ပိုးပြီး ခပ်လှမ်းလှမ်းက တောင်ပေါ်ကို တက်မယ်။
သစ်ရိပ်ကောင်းကောင်းကျနေတဲ့ ကျောက်တုံးကောင်းကောင်းပေါ်မှာ ထိုင်ပြီး သိပ်ကြိုက်တဲ့ သီချင်းကို ဆိုမယ်။
ရက်စက်ကြမ်းကြုတ်တဲ့ သားရဲအော်သံထဲက ရိုးသားခြင်းတွေကို ချစ်မယ်။
ဂီတတွေကို ကြောက်လန့်တတ်ကြတဲ့ တောကောင်လေးတွေကို ပြုံးပြမယ်။
ဉာဉ့်ငှက်တွေရဲ့ အိပ်စက်ချိန်တွေကို အနည်းအပါး ဖဲ့ယူလိုက်မယ်။
မာယာမဲ့ တောင်ပေါ်လေတွေကို တဝကြီး ရှူရှိုက်မယ်။
ပြင်းရှတဲ့ စိတ်ခံစားမှုတွေကို ဖောက်ခွဲမယ်။
ကိုယ့်ရူးသွပ်မှုကို ကိုယ့်ဘာသာ သီကုံးရင်း ကျေကျေနပ်နပ်ကြီး ပြုံးမယ်။
လွတ်လွတ်လပ်လပ်ကြီး ရယ်မယ်။
စိတ်လွတ်ကိုယ်လွတ် ကခုန်မယ်။
သိပ်မောလာတဲ့အခါ တောင်ပေါ်က စီးကျလာတဲ့ စိမ့်ရေအေးအေးကို ကလိုရင်း မခတ်ပါပဲ တဝကြီးသောက်မယ်။
ချောက်ရေ တဝေါဝေါ အောက်က ကျောက်တုံးကောင်းကောင်း တစ်တုံးမှာ ခြေဖျားတွေကို ရေထဲချရင်း သီချင်းအေးအေး တစ်ပုဒ်ကိုလည်း ညည်းမယ်။
(မြို့ကြီးပြကြီးက လူသားတွေကိုလည်း ဝေငှပေးချင်မိရဲ့....
အဲ့ဒီအရသာကို နှုတ်ဖျားက မညွှန်းဆိုတတ်လို့....)
သိပ်ကိုဆာလောင်လာတဲ့အခါ တောင်ခြေကို သီးချင်းညည်းရင်း ပြန်ဆင်းမယ်။ 
တောင်ခြေက လယ်စောင့်တဲမှာ အဟင်းရွက်ချိုပူပူတစ်ခွက်နဲ့ ကမ္ဘာ့အိမ်မက်တွေကို မေ့မယ်။
ကြယ်ရောင်တွေ သီလာတဲ့အခါ ဂစ်တာကို တီးလို့ ဓမ္မတေး ခပ်ရေးရေးကို ဆိုမယ်။
အိမ်မက်တွေမရှိခင် မီးဖိုနဘေးမှာ ခေါင်ရည် စေးစေးအပေါ်အာရုံစိုက်ရင်း အချမ်းလည်း ပျောက် အိမ်မက်လည်းရောက်လာပါစေ...။
ဘုရားသခင်အပေါ် ဆုတောင်းသံနဲ့ ဝါသနာကို မစွန့်ပစ်ရက်ဘူး။
ရိုးရာတွေရဲ့အပေါ်မှာ ချစ်တဲ့စိတ်တစ်ခုနဲ့ အရာရာ ခွင့်လွှတ်...။
likeမရှိ comment မရှိ shareမရှိ အဆဲမရှိ စကားလုံးတွေမရှိပဲနဲ့ နှလုံးသားတွေရှိတဲ့ အရပ်....
ရုပ်ဝတ္ထုအပေါင်းရဲ့ လွတ်မြှောက်ရာ အရပ်မှာ
ငါ့ကို ဟစ်ပီလို့ ခေါ်လိုက ခေါ်နိုင်ပါတယ်....
I have a hippy..

I'm ATM.

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...