အချစ်ဆိုတာ အချိန်တို အတွင်းမှာ
ပင်ကူအိမ်တွေလို လွယ်လင့်တကူ
ပျက်စီးလွယ်တဲ့ အမျိုးအစားလား ?
အချစ်ဆိုတာ အချိန်တိုအတွင်းမှာ
လွယ်လွယ်ခိုနားပြီး အချိန်တိုအတွင်းမှာပဲ
လွယ်လွယ်လေး ထားခဲ့လို့ရတဲ့ အမျိုးအစားလား ?
အချစ်ဆိုတာ ဝင်ချင်သလိုဝင်လာပြီး
ထွက်ချင်တဲ့အချိန် ကျောခိုင်းလို့ရတဲ့ အမျိုးအစားလား..
ဘာပဲပြောပြော ချစ်မိတဲ့လူက ရှုံးရတာတော့
အခုချိန်မှာ ကောင်းကောင်းကြီးနားလည်လိုက်တယ် ......
နင်တကယ်ချစ်ရင် ငါဆီပြန်လာခဲ့ပါ ...
နင်အလိုမရှိရင် နင်ဆီက ငါထွက်သွားပေးပါ့မယ် ...
နင်မှာ တကယ်မရှိတဲ့ အချစ်တွေကို ငါေနာက်ထပ် ထပ်ပြီး မမျှော်လင့်တော့ဘူး .....
သံယောဇဉ်ဆိုတာ လူကို ပင်ပမ်းစေတယ်တဲ့ ။
သံယောဇဉ် ဆိုတာ ဘာတပ်မက်မှုမှ မပါတဲ့ ဖြုစင်ခြင်းတွေ ပြည့်နက်နေရင်တောင် သံယောဇဉ်ဆိုတာ တပ်မက်အပ်သော အရာမဟုတ်ဘူး .....
ဒီသံယောဇဉ်ကြီးကို ခင်တွယ်ရင်း ကိုယ် ပင်ပန်းမှာဆိုးလို့ ဘာမျှော်လင့်ချက်မှ မထားပဲ
ကိုယ်ကိုကိုယ် သတိပေးနေတာတောင် မင်းနဲ့ပတ်သတ်လာရင် သတိလက်လွတ်နဲ့ အရင်ကလို ခံစားနေရတုန်းပဲ မိရှင်နွေ....
ကျနော်မရှိလည်း ဖြစ်တယ်ဆိုတဲ့ လူတွေကို မရှိမဖြစ်လိုအပ်နေတာက ကျနော် ။
ကိုယ့်ဒုက္ခကို ကိုယ်က ထွေးပိုက်ပြီး ဒီဒုက္ခကြီးက ပင်ပန်းတယ် လို့ ပြောနေသူကလည်း ကျနော်ပါပဲ ။
#အဓိပတိကမျမ


No comments:
Post a Comment