Saturday 4 July 2020

ရှင်နွေတမ်းခြင်း ၁၁

ခွင့်လွတ်ပါလို့ တောင်းပန်လိုက်ပါတယ် မိရှင်နွေ ။

မမုန်းပဲနဲ့ မုန်းချင်ယောင်ဆောင်ခဲ့မိတဲ့ ငါရဲ့ အလိမ်အညာတွေ နင်ခွင့်လွတ်ပေးပါ ။

မချစ်ပဲနဲ့ ချစ်တယ်ပြောခဲ့သောစကားသံတွေ မကြားရတာ ကြာခဲ့ပြီ ။

ကျနော်လေ ▪️▪️▪️
ခါးသီးတဲ့ အနမ်းတွေကို ရူးရူးမိုက်မိုက် မုန်းမိနေသော အမျိုးသမီးငယ်တစ်ယောက်ကို မုန်းမိနေတာ ကြာပြီ ။

ချစ်တယ်လို့ လိမ်ခဲ့တဲ့သူမနဲ့
မုန်းတယ်လို့ ညာခဲ့တဲ့ ငါနဲ့
ခံစားမှုခြင်း ထပ်တူမကျခဲ့‌ေသာ
ညီမျှခြင်းတွေလည်း ပြိုလဲခဲ့ရပြန်ပြီ ။

အချစ်တစ်ခုမှာ ပျော်ခဲ့လားလို့ ကိုယ်ကိုကိုယ် ပြန်မေးပြီး ခံစားချက်အတိုင်း ငိုချလိုက်ပါ ။

အရောင်စုံတဲ့မြို့ပြရဲ့ အယောင်ဆောင် အပြုံးအတုတွေကြောင့် ပင်ပမ်းခဲ့သော အသိစိတ်တွေကို လူသူကင်းမဲ့သော တောအုပ်ထဲက ပေါက်ပန်းပင်တွေကို သွားကြည့်ပြီးရင် သဘာဝတရားကပေးတဲ့ သင်ခန်းစာကို အရယူပြီး ပြန်လာခဲ့ပါ။

အချစ်နဲ့ပတ်သတ်ပြီး ကျနော်တို့ နှစ်ယောက်လုံး မှားခဲ့ကြတယ် ၊
အချစ်ကို နှစ်ယောက်လုံးက ပိုင်ခဲ့တယ်လို့ ထင်နေခဲ့ကြတာ အမှန်တကယ်ကတော့ အချစ်က ကျနော်တို့နှစ်ယောက်စလုံးကို ပိုင်ဆိုင်ခဲ့တာပါ ။

အချစ်ကို ပိုင်ဆိုင်ဖို့ပဲ ကြိုးစားနေခဲ့ကြတယ် ။
ပိုင်ဆိုင်ထားတဲ့ အချစ်ကိုတော့ ခိုင်မြဲဖို့ အတွေးမိခဲ့တဲ့ အမှားတွေကြောင့်ပဲ အချစ်ကပေးတဲ့ ဒဏ်ရာတွေက နှစ်ယောက်စလုံးရဲ့ နှလုံးသားကို အပြစ်ဒဏ်သင့့်ခဲ့တယ် ။

တစ်ယောက်နဲ့တစ်ယောက် ဆုံးရှုံးရမှာ ကြောက်ရွံ့တဲ့စိတ်ခံစားမှုတွေကြောင့်လဲ ဘဝတစ်သက်စာ အချစ်ကြောင့် ချုံးပွဲချငိုကြရင်း မရဏလမ်းရဲ့ တိတ်ဆိတ်ခြင်းဆီကို တစ်ယောက်တစ်လှမ်း လှမ်းရင်း တစ်လမ်းဆီ တဖြေးဖြေးသွားကြတာပေါ့ ။

အဓိပတိကမျမ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...