Saturday 25 July 2020

ရှင်နွေတမ်းခြင်း ၁၄



(အိမ်မက်နှင့်အတူ ပျက်ဆီးစေလျက် ချစ်ခြင်း)


ချစ်စရာ အသံချိုချိုလေးကိုလည်း ချစ်တယ် ၊

နှစ်သိမ့်မှု အပြုအမူ အပြုံးချိုချိုလေးကိုလည်း လွမ်းတယ် ၊

လွမ်းဆွတ်မှု သတိရစေသော ခွဲခွာခါနီး စကားလုံးများ နှင့် အတူတူ ပျော်နေခဲ့သော အချိန်ကာလ တွေကိုလည်း တမ်းတမ်းတတ ရင်ထဲမှာ ရှိနေကြတယ် ။

လက်ခုတ်လေးတီးပြီး သီချင်းလေးတွေကို အသံတိုးတိုးညင်းညင်းလေး လိုက်ပြီး သီချင်းတွေသီဆိုခဲ့သော အမှတ်တရ တွေနဲ့ ရင်ကို နာကျင်စေခဲ့တယ် ။

တစ်ချို့သော ဝမ်းနည်းကြေကွဲမှုတွေက အချိန်လွန်မှ သိချင်ခဲ့တာ ငါရဲ့ပျော်ရွှင်ခြင်းကို အချိန်ဆွဲခြင်း တစ်ခုဖြစ်ပေမယ့် အချိန်မတန်သေးခင်မှာပဲ အိမ်မက်တွေ ပျက်ခဲ့သလို အိပ်ရေးပျက် လည်း ပျက်ခဲ့ရတယ် ။

နေဝင်ရိုးရီ  ဆည်းဆာအချိန် တစ်ခုမှာ ဝင်လာပြီး နေဝင်ဖျိုးဖျ အရောင်ပျိုးပျိုးပျက်ပျက် ညနေခင်း တစ်ခုမှာပဲ ခဏတဖြုတ် မက်ခွင့်ရသော အိမ်မက်တွေလည်း ပျက်ဆီးစေခဲ့တယ် ။

အချစ်လို့ခေါ်တဲ့ ခံစားမှုကြောင့် အခြေအတင်ပြောဆိုမှု မရှိပဲနဲ့ အခြေအနေ မပျက် ပျက်ပြယ်သွားသော မျှော်လင့်ခြင်းတွေလည်း တိတိကျကျ ပျက်ဆီးစေခဲ့တယ် ။

@အဓိပတိကမ္မ 
  25JULY2020

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...