အလွတ်ရထားတဲ့ နင်ဖုန်းနံပါတ်လေးကို
ဖုန်းကီးဘုတ်ထဲကနေ ငါလက်တွရေက်နေပေမယ်
နင့်ဆီကို ဖုန်းခေါ်ဖို့ ငါလက်တွေ ကြောက်ရွံ့ခြင်းတွေ ကြောင့် ဖုန်းမခေါ်ပဲ အိပ်ယာပေါ်ကိုပဲ ငါပစ်ချထားခဲ့တာ အခါခါပါပဲ မိရှင်နွေရယ်.. ...
အရမ်းကောင်းတဲ့ ကဗျာတွေကို အဆက်မပျက် ငါထပ်ရေးနေတယ် ၊ ငါကဗျာတွေကို အကောင်းဆုံးဖြစ်အောင် ငါရေးနေတယ် နင်ဖတ်ပေးမလား နင်ခံစားပေးမလား
ငါတွေးရင်း ငါရေးရင်းနဲ့ ဘဝခရီးလမ်း ကြမ်းကြမ်းကို ငါခရီးနှင်နေတယ်......
နင်မပါတဲ့ လမ်းတွေက လွမ်းစရာကဗျာတွေပဲ ငါရေးနေရတယ် ၊နင်ပြန်ချစ်မယ့် ရက်တွေကို လက်ချိူးရေတွက်ရင်း ငါရဲ့ မွေးရာပါ လက်ဆစ်တွေ ကြီးမှန်းမသိ ကြီးနေတာ ငါသတိထားသင့်နေပြီ......
နင်မသိထားတဲ့ ငါအချစ်တွေက အပြစ်မရှိဘူးလို့ ငါသတ်မှတ်ထားလည်း ရှင်နွေရဲ့ အပြစ်ပေးချင်း သတ်သတ်ကို ငါခံနေရတယ်.......
တစ်ခါတစ်လေ ရှင်နွေ ပျော်ဖို့ ဟာသလေးတွေပဲ ကျွန်တော်ပြောဖြစ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ဖို့ ရယ်စရာလေး တွေပဲ
ကျွန်တော် လုပ်ပြတတ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ရွှင်ရဖို့ ကျွန်တော် ထွက်သွားသင့်ပြီ ဆိုတာ ကျွန်တော်နားလည်ပေမယ့်......
ကျွန်တော် ရူးရူးမိုက်မိုက် ရှင်နွေ ဓာတ်ပုံတွေ ခိုးပြီး save လုပ်မိတယ်
တစ်ခါတစ်လေ မိုက်မိုက်ကန်းကန်း ရှင်နွေကို ခိုးခိုး ကြည့်မိတယ်၊
အသည်းကွဲချိန်တွေမှာ
နှလုံးသားအတွက် ခွန့်အား ဖြစ်စေမယ့် အကြောင်းအရာ တွေကိုပဲ ရွေးပြီးတွေးနေရမယ် ဆိုတာကို သိနေလျက်နဲ့
အဆိပ်ခတ် ထားတဲ့ အပြုံးတွေကို ခုံမင်မိနေတာ ကျွန်တော် ရဲ့ မိုက်မဲမှုသက်သက်ပါပဲ ......
အသာလွတ်ကြီး စောက်သဲခွဲခံလိုက်ရတဲ့ ငါအသည်းနှလုံးက ရှင်နွေထင်နေသလောက် အသည်းမမာခဲ့ဘူး ဆိုတာကို ရှင်နွေ တစ်ယောက် မသိခဲ့ဘူး .......
တကယ်ပဲ လွမ်းရသည်
တကယ်ပဲ လွမ်းခွင့်ရှိသည်
တကယ်ပဲ နမ်းခွင့်မရှိသော နင့်ရဲ့ ပါးပြင်နုနုကို တမ်းတမိနေတာ ငါရဲ့ အချစ်တစ်ခုရဲ့ လုပ်ပိုင်ခွင့်တစ်ခုပါကွာ.....
မိမိကိုယ်မိမိ အဆုံးစီရင်ချက်ချမှတ်ပြီးမှ
မိမိရရ ခံရမယ် အပြစ်တွေကို ငါကိုယ်တိုင်ပဲ အမိန့်ချပစ်ချင်တယ် မိရှင်နွေရယ်.....
ငါအိပ်စက်အနားယူချင်ပြီ......
ငါရဲ့.....
နောက်ဆုံးအချိန်ထိ နင့်ကို ချစ်သွားချင်တယ်....
အိပ်စက်လို့မရပေမယ့်
အိမ်မက်တစ်ခုအကြောင်းတွေပဲ ငါ တွေးနေရတယ် .......
အဓိပတိကမ္မ

No comments:
Post a Comment