Friday 24 July 2020

ရှင်နွေတမ်းခြင်း ၁၀

သိမ့်ချစ်တာပေါ့ ရှင်နွေရယ်.

ရှင်နွေရယ်
အလံဖြုပြနေတာတောင်
ဘာကြောင့် အကြမ်းဖက်ကာ ငါကို
မုန်းလို့ ထွက်သွားရတာလည်း မိရှင်နွေ

ရင်ထဲနှလုံးသားထဲမှာ
လောင်တဲ့မီးတွေလည်း
အသည်းတွေကွဲခဲ့တာ
ပြန်လည် လို့ ပါလာစတာကပ်လို့တောင်
မဆက် တော့ဘူးလား.....

နင့်နဲ့ငါတို့အချစ်တွေလည်း အဆက်အသွယ်မရတော့ဘူး
အဆက်ဖြတ်သွားတဲ့ နင် ကျေနပ်နေမှာပါ ။

အိမ်မက်တွေနဲ့ မျှော်လင့်ခဲ့တဲ့
ငါ့ရည်မှန်းချက်လေး နင့်ရဲ့
လိမ်ညာလှည့်ဖျားတတ်တဲ့ အပြုံးတွေအောက်မှာ
လဲပြိုကျခဲ့ရပြီ
ငါဘယ်လိုမှ မရုန်းမထနိူင်တော့ဘူး....

နောက်တစ်ခါ မေ့ပစ်ဖို့ မပြောပါနဲ့

နင့်စိတ်နဲ့ အိပ်မရတဲ့ အချစ်တွေက
နင့်အသုံးမကျဘူးလို့ ပြောခဲ့တဲ့ အချစ်တွေကလည်း ငါတို့အချစ်တွေအတွက်
အသုံးမကျတော့ပါဘူး မိရှင်နွေ

ထွက်မသွားပါနဲ့လို့ ငါထားနေလည်း နင်က အခြားတစ်ယောက်နဲ့
တိမ်လွှာထုတွေ ကြားထဲမှာ
ပျော်ပါးနေတာ မြင်တွေ့နေရတော့လည်း

ငါ့ နှလုံးသားကွဲကြေမှုကြောင့်
ကျတဲ့ သွေးမျက်ရည်တွေက
ငါ့ရဲ့ အခန်းကျဉ်းလေးထဲက
နင့်ဓာတ်ပုံ အပြုံးချိုချိုလေးတွေကြောင့်လို့
ပြောလို့ ရပါတယ် ရှင်နွေ

နင်နောက်ထပ် မသိချင်ရောင်ဆောင်ပြီး
မနေပါနဲ့တော့
ဘယ်လိုမှ နင့်နဲ့ ငြိမ်းချမ်းရေး မရနိူင်တော့ဘူးလား....

ငါအလံဖြုပြနေပါတယ် မိရှင်နွေ
ငါဘက်ကို တစ်ချက်လောက်ပဲ ဖြစ်ဖြစ်
ပြန်လည်လို့ လှည့်ကြည့်ပေးပါ မိရှင်နွေ

နင့်မရှိတော့တဲ့နောက်
ပျော်ပျော်ပါးပါး နေတတ်တဲ့ ငါ
ဝမ်းနည်းလွန်းလို့ တစ်ခါတစ်လေတော့
မျက်ရည်တွေတောင် ကျတတ်နေပြီ ၊

နင်က မသိသလိုနဲ့ ထွက်သွားပေမယ့်
နင့်ပေးတဲ့ ကတိစကားတွေကို
တစ်ဖက်သတ် ငါမှာ ယုံကြည်နေမိသေးတယ် မိရှင်နွေ

တစ်ချိန်က
အတူသွား အတူစားနဲ့
ဒီအချိန်မှာ
သူအနားတောင် နေခွင့်မရှိတော့ ငါကိုပဲ နင်မုန်းပစ်လိုက်ပါတော့.....

နင့်ရဲ့ မာယာလှည့်ဖျားမှုတွေကြောင့်
အခုတော့
ငါ့အိမ်မှာ ငါတစ်ယောက်တည်း
အိပ်မရတဲ့ ညဘက်တွေကို အဖော်ပြုပြီး
ကမ္ဘာတွေပျက်လို့ နေတယ် ရှင်နွေ ။

နင့်အသုံးမပြုတော့တဲ့ ငါရဲ့အသည်းနှလုံးလဲ
လဲပြိုရပေမယ့် အခုထိ အိပ်စက်လို့ မရသေးဘူး

အချိန်က ကုစားသွားမယ်တဲ့
တကယ်ပဲ အိပ်လို့မရသေးတဲ့ အိမ်မက်တွေ ကြားထဲမှာ ငါတစ်ယောက်တည်း အထီးကျန်စွာ
သံခေါင်ယံ ဉာဉ်နက်တွေကို နာကျင်စွာ ဖြတ်သန်းနေနေရတယ် ။

ငါစိုးရိမ်နေတာ နင်မသိဘူး
ငါရဲ့ အချစ်တွေက
တစ်ချိန်က ကျိန်စာတွေလား
 ငါတွေးနေမိတယ် မိရှင်နွေ ........

အရင်ကတော့ ပျော်ပါတယ်ဆို
အခုတော့ ငါခေါ်တာတောင်
ပြန်လှည့်လို့ မကြည့်တော့ဘူးလား
နင့်ဆီဆက်နေတဲ့ တယ်လီဖုန်းသံတွေမှာ
ငါ ငိုကြွေးရတာ
အခါခါပါပဲ မိရှင်နွေ.......

          #အဓိပတိကမ္မ
         24JULY2018

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...