Saturday 25 July 2020

ရှင်နွေတမ်းခြင်း ၂

ဝလုံးအက္ခရာ လေးတောင် ဝိုင်းအောင်မရေးတတ်ခင်ကတည်းက လောဘနဲ့ဖက်တွယ်ပြီး ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းတောင်ခဲ့တာ အခုလည်း ငါမရနိူင်တာတွေကို လောဘတက်ရင် လိုချင်ပိုင်ချင် လာတယ် ။

နင်းပြား ဘဝနဲ့ ဓနရှင် လူတန်းကြီး တွေနဲ့ က လူမျိုုုးး ဘာသာမကွာခြားပေမယ့် လူတန်းစား ကအလွန်အလှမ်းဝေးလွန်းပါတယ် ။

ချစ်နေရင်တောင် မပေါင်းဖက်ရသော ဘဝနှစ်ခုကို ပေါင်းဆုံဖို့ ကြိုးစားမိခဲ့သော ငါတို့ နှစ်ယောက်ပဲ ပင်ပမ်းခဲ့ရသလို နှစ် ဝမ်းနည်း ရတာပါပဲ မဟုတ်လား ။

မဟုတ်တမ်းတရမ်း တွေကို စွံ့တရွတ်လုပ်ခဲ့ကြတယ် ။ ကဗျာစာဆို မဟုတ်ကြသော်လည်း ကဗျာဆန်ဆန် ချစ်ခဲ့ကြတယ် လို့ ထင်မှတ်ရ လောက်အောင် ရူးသွပ် ခဲ့ကြတယ် ။ အရူးအနှမ်း လိုလို အတွေးတွေ ဘာတစ်ခုမျှ မယ်မယ်ရရ မစုတ်ကိုင်နိူခဲ့ကြဘူး ။

ချစ်တာပဲ သိခဲ့သော ဇာတ်ထုပ် တွေကြောင့် လွမ်းဆွေးတမ်းတခြင်းပဲ သိသော အခြေအနေ တစ်ခုရောက်လာခဲ့ပြန်ပြီ မိရှင်နွေ ။

ငါဘာပဲပြောပြော ငါတို့တတွေက ဝေးခဲ့ကြပြီပဲလေ ဘယ်လိုပြဲဖစြဖစ် ပြန်မဆုံနိူင်တော့သော မျက်နှာချင်းတေ့လွဲလေးကို တွေးတောငေးမောခြင်း လွမ်းဆွေးကြသေးတာပေါ့ ။

အဓိပတိကမ္မ
2572020


No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...