ရှင်နွေ
ငါနင့်ကိုချစ်တယ်ဆိုတာ ငါ့တို့အတွက် ရာသက်ပန်သေရာပါ အမှတ်တရတွေပါပဲ ။
ဘဝနှစ်ခု အတူတူဖြတ်သန်းရတယ်ဆိုတာက စက္ကူဖြု စာရွက်ဖြုပေါ် စာတွေရေးသလို မိမိရေးချင်ရာရေးလို့ မရဘူးဆိုတာလေးကိုတောင် ငါအစက ကြိုမသိခဲ့ဘူး ။
ဒီလိုပဲ အချစ်ကို တစ်ယောက်က တစ်ယောက်ကို ချစ်နေရင် ပြီးပြည့်စုံတာပဲလို့ တစ်ဖက်သတ် တစ်ယူသန်ကာ တွေးထင်ခဲ့မိသမျှ တစ်ယောက်တည်းနာကျင်ရလိမ့်မယ်လို့လည်း အစကတည်း ကြိုမသိခဲ့ဘူး ။
ဘတ်စ်ကားပေါ်က အပြုံးတွေရယ် အရပ်မနားေအာ်ဆိုခဲ့တဲ့ သီချင်းတွေရယ် မျက်ရည်တွေနဲ့ကြည်နူးခဲ့ရတဲ့ ကဗျာရွတ်သံတွေက သေနိူင်လောက်တဲ့ သေရာပါ အမှတ်တရတွေပါပဲ ။
ငါ့မျက်လုံးနဲ့ မြင်တွေ့ဖူးသမျှ အပြုံးတွေဆိုတာ နင့်နဲ့ငါနဲ့ကြားက နောက်ဆုံးနှုတ်ဆက်တဲ့ အချိန်ကအပြုံးတွေပဲ အဲ့ဒီအပြုံးတွေအတွက် ဘဝတစ်သက်တာ အချိန်ကာလတွေသုံးပြီး အစွမ်းကုန် လွမ်းပြီး ကျန်ရစ်နေမယ်။ ဒါဟာ ငါရဲ့ အဘိဓမ္မာပဲ ။
ငါနင့်ကို ချစ်တယ်ဆိုတာ ရာသက်ပန် ငါ့အတွက် အမှတ်တရဖြစ်သွားပါပြီ ။
နင်လည်းအမှတ်တမဲ့ ငါအကြောင်းတွေကို တစ်ခါတစ်ရံ ေတွးမိရင် ငါပြောခဲ့ဖူးတဲ့ " နင် အစဉ်ပြေပါစေ " ဆိုတဲ့ စကားလေးကို ဘယ်သူမှမကြားနိူင်အောင် ခပ်တိုးတိုးလေး ရေရွတ်ပေးပါ ။
အချစ်နဲ့ပတ်သတ်ပြီး စာနာတာ သနားတာ ဂရုဏာသက်တွေမျိုးတွေကို ငါမလိုအပ်ဘူး ၊
ငါလိုအပ်နေတာ နင့်မျက်ဝန်းထဲကို အမြဲပြုံးနေစေမယ့် ကြည်နူးမှုတစ်ခုပါပဲ ။
ဒါတွေ နင်နားလည်နိူင်ပါစေ ။
@အဓိပတိကမ်မ
15JULY2020


No comments:
Post a Comment